From Wikipedia, the free encyclopedia
ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော် သည် ပဲခူးတိုင်းဒေသကြီးတွင် အမြင့်ဆုံးတရားရုံးဖြစ်သည်။ မြန်မာနိုင်ငံ၏ ဒုတိယအမြင့်ဆုံးအဆင့်ရှိ တရားရုံးဖြစ်ကာ ခရိုင်တရားရုံး (၄)ရုံးနှင့် မြို့နယ်တရားရုံး (၂၈)ရုံးရှိသည်။
ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော် High Court of the Bago Region | |
---|---|
နိုင်ငံ | မြန်မာနိုင်ငံ |
တည်နေရာ | ရုံးကြီးရပ်ကွက်၊ ပဲခူးမြို့ |
လုပ်ပိုင်ခွင့်ပြုခြင်း | ဖွဲ့စည်းပုံအခြေခံဥပဒေ |
ရာထူးနေရာ | ၄ |
ဝက်ဘ်ဆိုဒ် | bago.hc.gov.mm |
တရားသူကြီးချုပ် | |
လက်ရှိ | ဒေါ်လွင်လွင်အေးကျော် |
စတင်တာဝန်ထမ်းဆောင် | ၁၀ ဇွန် ၂၀၂၁ |
၂၀၁၁ခုနှစ် မတ်လ ၃၀ရက်နေ့မှစ၍ ၂၀၀၈ အခြေခံဥပဒေအရ ယခင် ပဲခူးတိုင်းဒေသကြီးတရားရုံးကို ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ထိုစဉ်က တရားသူကြီးချုပ် (၁)ဦး၊ တရားသူကြီး(၃)ဦး စုစုပေါင်း (၄)ဦးဖြင့် ဖွဲ့စည်းခဲ့သည်။
ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်သည် ပဲခူးမြို့တွင် တည်ရှိသည်။
၂၀၂၀ပြည့်နှစ်တွင် တိုင်းဒေသကြီးတရားလွှတ်တော်၌ တရားသူကြီးချုပ်အပါအဝင် (၄)ဦးရှိသည်။ တိုင်းဒေသကြီးတရားလွှတ်တော်အောက်တွင် တရားသူကြီးချုပ်ရုံးနှင့် တိုင်းဒေသကြီးတရားရေးဦးစီးမှူးရုံးတို့ရှိသည်။
ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်ကို ခရိုင်တရားရုံး (၄)ရုံးနှင့် မြို့နယ်တရားရုံး (၂၈)ရုံးဖြင့် ဖွဲ့စည်းထားသည်။[1]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.