ပဲခူးမြို့
ပဲခူးတိုင်းဒေသကြီး၏မြို့တော် / From Wikipedia, the free encyclopedia
"ပဲခူး"ကို ဤနေရာသို့ ညွှန်းသည်။ တိုင်းဒေသကြီးအတွက် ပဲခူးတိုင်းဒေသကြီးကို ကြည့်ပါ။
ပဲခူးမြို့သည် ပဲခူးတိုင်းဒေသကြီး၏ မြို့တော်ဖြစ်သည်။ ပဲခူးခရိုင်နှင့် ပဲခူးမြို့နယ်တို့၏ ရုံးစိုက်ရာမြို့ ဖြစ်သည်။ ရန်ကုန်မြို့၏ အရှေ့မြောက်ဘက်တွင် တည်ရှိပြီး အမှတ်(၁) ပြည်ထောင်စုအဝေးပြေးလမ်းမကြီးအား ဖြင့် ၅၃ ကီလိုမီတာ (၃၃ မိုင်)[1] ကွာဝေးသည်။
အချက်တိုများ ပဲခူးမြို့ ဟံသာဝတီ(ဟံသာဝတဳ), နိုင်ငံ ...
ပဲခူးမြို့ ဟံသာဝတီ(ဟံသာဝတဳ) | |
---|---|
မြန်မာနိုင်ငံရှိ ပဲခူးမြို့၏ တည်နေရာ | |
ကိုဩဒိနိတ်: 17°20′12″N 96°28′47″E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | ပဲခူး |
ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၁၃ ပေ (၄ မီတာ) |
လူဦးရေ (2012) | |
• မြို့ | ၄၉၁,၄၃၄ |
• မြို့ပြကြီး | ၅၇၃၉၃၄၄ |
• မျိုးနွယ်စုများ | မွန်လူမျိုး၊ဗမာလူမျိုး၊ ရှမ်း၊ ဗမာတရုတ်၊ ဗမာအိန္ဒိယ၊ ကရင် |
• ကိုးကွယ်မှုများ | ဗုဒ္ဓဘာသာ |
အချိန်ဇုန် | MMT (UTC+6.30) |
ပိတ်ရန်
ရှေးအခါက ဟံသာဝတီ ဟူသောအမည်ဖြင့် ဟံသာဝတီမင်းဆက်နှင့်တောင်ငူမင်းဆက်တို့၏ နေပြည်တော်အဖြစ် အလွန်ပင်ထင်ရှားခဲ့သော မြို့တော်ဖြစ်သည်။