ပါနော့ပေါလစ်မြို့မှ ဇော့ဆီမော့စ်
From Wikipedia, the free encyclopedia
From Wikipedia, the free encyclopedia
ပါနော့ပေါလစ်မြို့မှ ဇော့ဆီမော့စ် (အင်္ဂလိပ်: Zosimos of Panopolis; ဂရိ: Ζώσιμος ὁ Πανοπολίτης; လက်တင် အမည် Zosimus Alchemistaဟုလည်းသိရှိကာ ဆိုလိုသည်မှာ- "အဂ္ဂိရတ်ဆရာ ဇော့ဆီမပ်စ်") သည် ဂရိ-အီဂျစ် အဂ္ဂိရတ်ဆရာတစ်ဦးဖြစ်ပြီး ပဟေဠိဆန်သည့် အသိဉာဏ်ထူးရသောပုဂ္ဂိုလ်တစ်ဦးအဖြစ် အေဒီ ၃ ရာစုနှောင်း၊ ၄ ရာစုအစပိုင်းတွင် နေထိုင်ခဲ့သောသူတစ်ဦးဖြစ်သည်။ ယနေ့ခေတ် အာ့ခ်မီးမ် (Akhmim) ၊ ရှေးယခင် ပါနော့ပေါလစ်မြို့တွင် ဖွားမြင်ကာ အေဒီ ၃၀၀ ဝန်းကျင်တွင် နေထိုင်ခဲ့သည်။[2] "Cheirokmeta" ဟုခေါ်သော အဂ္ဂိရတ်ပညာအကြောင်း အစောဆုံးကျမ်းစာအုပ်များကို ပြုစုခဲ့၍ ၎င်းလက်ရာ၏ အစိတ်အပိုင်းများသည် ဂရိဘာသာစကားဖြင့် ရှင်သန်ကျန်ရစ်ကာ ဆီးရီးယားဘာသာ (သို့) အာရပ်ဘာသာသို့ ပြန်ဆိုမှုများရှိခဲ့သည်။ အေဒီ ၇-၈ ရာစုများတွင် ကွန်စတန်တီနိုပယ်မြို့၌ အဂ္ဂိရတ်ဆိုင်ရာ စာပေများကို ညွန်းပေါင်းအဖြစ် စုစည်းခဲ့နိုင်ချေရှိသော ကျမ်းစာအုပ်ပါ စာရေးဆရာ ၄၀ ဦးထဲက တစ်ယောက်လည်းဖြစ်သည်။ ထိုမိတ်တူစာမူများသည် ပဲရစ်နှင့် ဗင်းနစ်မြို့တို့၌ တည်ရှိခဲ့သည်။
ဇော့ဆီမော့စ်၏ လက်ရာကို အာရပ်ဘာသာဖြင့် ပြန်ဆိုထားသည့် စာသားများအား ၁၉၉၅ ၌ ပါရှား အဂ္ဂိရတ်ဆရာ အယ်လ် တက်ဟာရာအီ (Ali Al-Tughra'i') ၏ ဉာဏ်ပညာ၏ လျှို့ဝှက်ချက်များနှင့် ဂရုဏာ၏ သော့ချက် (Keys of Mercy and Secrets of Wisdom) စာအုပ်တွင် တွေ့ရှိခဲ့သည်။ ကံမကောင်းစွာဖြင့် ထိုဘာသာပြန်စာသားများမှာ မပြည့်မစုံဖြစ်နေပြီး မူရင်းအရေးအသားများလည်း ဖြစ်ဟန်မတူပေ။ [3]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.