ပန်းဆယ်မျိုး
From Wikipedia, the free encyclopedia
ပန်းဆယ်မျိုးဆိုသည်မှာ မြန်မာ့သုခုမ အနုပညာရပ်များဖြစ်သည့်
![](http://upload.wikimedia.org/wikipedia/commons/thumb/9/99/Wiktionary-logo-en-v2.svg/40px-Wiktionary-logo-en-v2.svg.png)
ဝစ်ရှင်နရီ၊ အခမဲ့အဘိဓာန်တွင် ပန်းဆယ်မျိုး ကို ရှာဖွေကြည့်ရှုပါ။
ဘုရားမတင်၊ နတ်မဝင်၊ လူတွင် ဆယ်ပွင့်ပန်း(သို့)ဘုရားမတင်၊ နတ်မဝင်၊ လူတွင် ပန်းဆယ်မျိုး ဟုလည်း ခေါ်စမှတ်ပြုသည်။
ရာဇောဝါဒကျမ်းတွင် ပဲ၊ ထိမ်၊ တဉ်း၊ တော့၊ ရန်၊ ပု၊ မော့၊ မှတ်လော့ ပွတ်ချီယွန်း ဟူ၍ ဖွဲ့ဆိုထားသည်။
- ပဲ = ပန်းပဲ(သံထည်ထုလုပ်ခြင်း အတတ်ပညာ)
- ထိမ် = ပန်းထိမ်(ရွှေငွေ စသည့်လက်ဝတ်တန်ဆာမှစ၍ အသုံးအဆောင်ပစ္စည်းအမျိုးမျိးကို သွန်းထု ခတ်လုပ်သည့်ပညာ)
- တဉ်း = ပန်းတဉ်း(ကြေးထည် ပုံစံအမျိုးမျိုး သွန်းလုပ်သည့်ပညာ)
- တော့ = ပန်းတော့(အင်္ဂတေ၊ သရွတ်ဖြင့် ရုပ်လုံး ရုပ်ကြွ အမွှမ်းတင်တန်ဆာ ပြုလုပ်သောပညာ)
- ရန် = ပန်းရန်(အုတ်၊ အင်္ဂတေတို့ဖြင့် အဆောက်အဦ တည်လုပ်သည့်ပညာ)
- ပု = ပန်းပု(သစ်သား၊ ဆင်စွယ်၊ ဖယောင်း စသောဝတ္တုပစ္စည်းများကို ရုပ်လုံးရုပ်ကြွ ထွင်းထုသည့်ပညာ)
- မော့ = ပန်းတမော့(ကျောက်သားကို ထုဆစ်သည့်ပညာ)
- ပွတ် = ပန်းပွတ်(သစ်သား၊ ဆင်စွယ် ပစ္စည်းများကို လိုရာပုံစံအတိုင်း ချောမွတ်အောင် ပွတ်ခံပြုလုပ်သည့်ပညာ)
- ချီ = ပန်းချီ(ဆေးရေး၊ ခဲရေး ရုပ်ပုံ ရေးခြယ်သည့်ပညာ)
- ယွန်း = ပန်းယွန်း(သရိုးဖြင့် ပန်းနှင့် ရုပ်ကြွတင်၍ ပြုလုပ်သည့်ပညာ။ ယွန်းထည်ပညာ၊ ပန်းထိုးယွန်း ဟုလည်းခေါ်သည်။)
ပန်းဆယ်မျိုးသည် မြန်မာ့ယဉ်ကျေးမှုအနုပညာတွင် အဓိကအကျုံးဝင်သော ပညာရပ်များဖြစ်သည်။ ပန်းဆယ်မျိုးမှာ အနုပညာ၏ လေးနက်သိမ်မွေ့ပြီး ခက်ခဲနက်နဲသော သဘောကို ဆောင်သည်။ [1]