From Wikipedia, the free encyclopedia
နျူကလီးယား အပျော့စက် (သို့) နျူကလီးယား သက်ရောက်မှုအပျော့ (Weak Interaction) (သို့မဟုတ်) နျူကလီးယား အားအပျော့ (Nuclear Weak Force) ဆိုသည်မှာ တစ်နည်းအားဖြင့် ကွာ့ခ်အမျိုးအစား (flavor of a quark) ပြောင်းလဲမှု သဘောတရား ဖြစ်သည်။
နျူကလီးယား အပျော့စက်၏ သက်ရောက်နိုင်မှု နေရာအတိုင်းအတာမှာ ပရိုတွန်၏ အချင်းအကျယ်ထက် တိုသည်။[1]
နျူကလီးယား အပျော့စက်သည် ဒြပ်ဆွဲမှု၊ လျှပ်စစ်သံလိုက်ဓာတ်၊ နျူကလီးယား အပြင်းစက်တို့နှင့်အတူ အခြေခံ သက်ရောက်မှုကြီး ၄မျိုးတွင် တစ်ခု အပါအဝင် ဖြစ်သည်။
ဤသည်တို့မှာ ကွာ့ခ်အမျိုးအစား (flavor) ၆မျိုး ဖြစ်သည်။
နျူထရွန်တစ်ခု၏ ဖွဲ့စည်းမှုမှာ အောက်ကွာ့ခ်၂ခု နှင့် အထက်ကွာ့ခ် ၁ခု ဖြစ်ပြီး ပရိုတွန်တစ်ခု၏ ဖွဲ့စည်းမှုမှာ အောက်ကွာ့ခ်၁ခု နှင့် အထက်ကွာ့ခ် ၂ခု ဖြစ်သည်။[2] ထို့ကြောင့် နျူထရွန်၏ အောက်ကွာ့ခ်၂ခုအနက် တစ်ခုက အထက်ကွာ့ခ် အဖြစ်သို့ ပြောင်းလဲခဲ့သော် ဘက်ရီယွန်တစ်ခုလုံး အနေနှင့်မူ နျူထရွန်အဖြစ်မှ ပရိုတွန်အဖြစ်သို့ ပြောင်းလဲခြင်း ဖြစ်ပေမည်။ ဤတွင် လျှပ်ဓာတ်၏ တည်မြဲမှု သဘောတရားကို ထည့်တွက်ရမည်။ အောက်ကွာ့ခ်၏ လျှပ်ဓာတ်က -⅓ ဖြစ်သဖြင့် လျှပ်ဓာတ် +⅔ ရှိသော အထက်ကွာ့ခ် တစ်ခု ရှိလိုလျှင် ၎င်း -⅓ ကို 1 ပေါင်းရမည်။ တစ်နည်းအားဖြင့် ၎င်းထဲမှ -1 နုတ်ပယ်ရမည်။ -⅓-(-1)=-⅓+1=+⅔ ဖြစ်သည်။ ထို့ကြောင့် -1 ရှိသော လျှပ်ဓာတ် နုတ်ပယ်ခြင်းသည် အီလက်ထရွန် တစ်ခု နုတ်ထွက်ခြင်းဖြစ်ကြောင်း အထက်ဆုံး၌ ပြထားသည့် ပုံတွင်လည်း ကြည့်နိုင်သည်။
ဤသို့သော နျူကလီးယား အပျော့စက် ဖြစ်စဉ်အမျိုးမျိုးကို ဖော်ဆောင်ပေးသူ ဘိုဇွန်အမှုန်များမှာ (
W+
)၊ (
W−
) နှင့် Z(ဇီး) ဘိုဇွန် ဟူသော ၃မျိုး ဖြစ်ပေသည်။
နျူကလီယွန်တို့နှင့် ပတ်သက်သဖြင့် "နျူကလီးယား" အမည်ကို ရရှိသည်။ သို့သော် ကွာ့ခ်တို့၏ အရောင်ဓာတ် (color)နှင့် ဆိုင်သော တစ်မျိုးက ပြင်းအား ပိုသဖြင့် ၎င်းကို "အပြင်း" ဟု ခေါ်ပြီး ကွာ့ခ်အမျိုးအစား (flavor)နှင့် ဆိုင်သော ဤတစ်မျိုးကိုမူ "နျူကလီးယား အပျော့စက်" ဟု ခွဲခေါ်ကြသည်။ (ဤတွင် ထည့်သုံးသော "စက်" မှာ machine ကို မဆိုလိုဘဲ mechanism ကို ဆိုလိုသည်။ မြန်မာစာပေ၏"အာဏာစက်"၊ "ဆောင်းစက်ရိပ်ခို ရေတွက်လို့ ဆိုတော့မည်"[3] စသည်တို့၌ တွေ့ရသည်မျိုးကို မှီငြမ်း၏။)
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.