နော်စီဖိုးရာစိန်
From Wikipedia, the free encyclopedia
နော်စီဖိုးရာစိန် သည် ကရင် အမျိုးသား အစည်းအရုံး၏ ဒုတိယဥက္ကဋ္ဌနှင့် ကရင်လူမျိုး နိုင်ငံရေး လှုပ်ရှားသူတစ်ဦး ဖြစ်သည်။ နော်စီဖိုးရာစိန်ကို ၁၉၅၅ ခုနှစ်တွင် ကရင်ပြည်နယ်၌ မွေးဖွားခဲ့ပြီး ကျောင်းဆရာမအဖြစ် ၁၉၉၅ ခုနှစ်အထိ လုပ်ကိုင်ခဲ့ပြီးနောက် ထိုင်းနိုင်ငံသို့ ခိုလှုံရောက်ရှိခဲ့သည်။ ၁၉၈၈ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ကရင်အမျိုးသမီး ဒုက္ခသည်များအား အကူအညီများ ဆောင်ရွက်ပေးသည့် ကရင်အမျိုးသမီး အစည်းအရုံးတွင် အထွေထွေ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။[2]
အချက်တိုများ နော်စီဖိုးရာစိန်, ကရင် အမျိုးသား အစည်းအရုံး၏ ဒုတိယ ဥက္ကဋ္ဌ ...
နော်စီဖိုးရာစိန် | |
---|---|
ကရင် အမျိုးသား အစည်းအရုံး၏ ဒုတိယ ဥက္ကဋ္ဌ | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ဒီဇင်ဘာ ၂၀၁၂[1] | |
ယခင်လူ | David Tharkabaw |
ကရင် အမျိုးသား အစည်းအရုံး၏ အထွေထွေ အတွင်းရေးမှူး | |
တာဝန်သက်တမ်း အောက်တိုဘာ ၂၀၀၈ – ဒီဇင်ဘာ ၂၀၁၂ | |
ယခင်လူ | ပဒိုမန်းရှာလားဖန်း |
ဆက်ခံသူ | စောကွယ်ထူးဝင်း |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | ၁၉၅၅ (အသက် ၆၈–၆၉) ကရင်ပြည်နယ်၊ မြန်မာနိုင်ငံ |
လူမျိုး | မြန်မာနိုင်ငံ |
နိုင်ငံရေးပါတီ | ကရင် အမျိုးသား အစည်းအရုံး |
မိဘ | Tamla Baw |
အလုပ်အကိုင် | နိုင်ငံရေးသမား |
ပိတ်ရန်