နိုင်ငံရေး
From Wikipedia, the free encyclopedia
နိုင်ငံရေး (သို့) ဝါဒဖော်ရေးရာ ဆိုသည်မှာ (ဂရိစကား Πολιτικά ၊ အသံထွက် - politiká (ပေါ်လက်တစ်ခါ) ၊ အဓိပ္ပာယ် - "မြို့များ၏ အရေး"[ဘာသာပြန်လိုအပ်ချက် ရှိသည်] မှ ဆင်းသက်သည်) အဖွဲ့အစည်းများအတွင်း ဆုံးဖြတ်ချက်များ ပြုလုပ်ခြင်း သို့မဟုတ် ရင်းမြစ်အင်အား (သို့) ရာထူးဂုဏ် ခွဲဝေခြင်းကဲ့သို့ တစ်ဦးတစ်ယောက်ချင်းစီကြား အာဏာဆက်နွယ်ပုံများနှင့် ပတ်သက်သည့် လုပ်ဆောင်မှုများ ဖြစ်သည်။ နိုင်ငံရေးနှင့် အစိုးရတို့ကို လေ့လာသည့် လူမှုသိပ္ပံဘာသာခွဲတစ်ခုကို နိုင်ငံရေးသိပ္ပံဟု ရည်ညွှန်းသည် ။
နိုင်ငံရေးကို စနစ်တကျ စတင်လေ့လာသူများသည် ဂရိဒဿနပညာရှင်များ ဖြစ်ကြသည်။ နိုင်ငံရေးသည်လူ့အဖွဲ့အစည်းဖြင့် ဆုံးဖြတ်သော လမ်းစဉ်ဖြစ်သည်။ ဤအသုံးအနှုန်းသည် ယေဘူယျအားဖြင့် နိုင်ငံအစိုးရများ၏ လုပ်ငန်းရပ်များကို ဆိုလိုသည့် အပြင် လူသားအချင်းအချင်း ဆက်နွယ်မှု၊ ပေါင်းစပ်ဖွဲ့စည်းမှု၊ ပညာသင်ကြားမှုနှင့် ဘာသာရေး ဆိုင်ရာ လူမှုပတ်ဝန်းကျင် ကိစ္စရပ် များလည်း ပါဝင်ပတ်သက်သည်။ နိုင်ငံတစ်နိုင်ငံ၏ အကျိုးစီးပွားဖြစ်ထွန်းတိုးတက်မှု၊ ရေရှည်တည်တံ့မှုနှင့်ငြိမ်းချမ်းသာယာရေးတို့ကို ခြုံငုံဆောင်ရွက်ခြင်းကိုနိုင်ငံရေးဟုသတ်မှတ်သည်။ နိုင်ငံရေးတွင်မျှတသောသဘောထားရှိရန်အထူးလိုအပ်သည်။ မုန်းခြင်း၊ ချစ်ခြင်း၊ ပါတီစွဲ၊ လူစွဲကင်း၍ နိုင်ငံ့ကောင်းကျိုးအတွက်ဆောင်ရွက်သင့်သည်များကိုပြတ်သားစွာဆောင်ရွက်ရန်လိုအပ်သည်။ နိုင်ငံရေးတွင်
၁။ အမျိုးသားနိုင်ငံရေး
၂။ ပါတီနိုင်ငံရေး ဟူ၍အကျဉ်းမှတ်သားအပ်၏။ (စာဟောင်း)
၎င်းကို သဘောတူညှိနှိုင်းခြင်းနှင့် အကြမ်းပတမ်းမဖြစ်စေသော[1] "နိုင်ငံရေးဖြေရှင်းချက်"နင့် ဆက်စပ်၍လည်းကောင်း၊ သို့မဟုတ် "အစိုးရတို့၏ သိပ္ပံ(သို့)အနုပညာ" ဟူ၍ လက်တွေ့သရုပ်ဖော်ခြင်း လည်းကောင်း အပြုသဘော(အကောင်းသဘော) နှင့် အသုံးပြုတတ်သော်လည်း အပျက်သဘောဆောင်သော(ဆန့်ကျင်ဘက်သဘော) ဂယက်အနက်ကို (မပါဝင်သော ရည်ရွယ်ချက် ၊ အလုပ် [ဘာသာပြန်လိုအပ်ချက် ရှိသည်] )များသောအားဖြင့် ဖြစ်သွားစေတတ်သည် ။[2]ဥပမာအားဖြင့် ဖျက်သိမ်းရေးဝါဒီ Wendell Phillips က "ကျန်ုပ်တို့ဟာ နိုင်ငံရေးနဲ့ မကစားဘူး ၊ ကျွန်စနစ် ဆန့်ကျင်ရေးဆိုတာ ကျန်ုပ်တို့ကြားမှာ ရော်တိရော်ရော်သဘောမျိုး မဟုတ်ဘူး"ဟု ကြေညာခဲ့သည်။[3] ၎င်းအပေါ် အမြင်သဘောထားကို နည်းမျိုးစုံဖြင့် သတ်မှတ်ရှုမြင်ကြပြီး မတူညီသည့် ချည်းကပ်မှု(ကြိုးပမ်းအကောင်အထည်ဖော်မှု)များသည် ၎င်းကို ကျယ်ပြန့်စွာ (သို့မဟုတ်) အကန့်အသတ်ဖြင့် ၊ လက်တွေ့သဘောကျကျ (သို့မဟုတ်) စံနမူနာနှင့်အညီ မည်သို့မည်ပုံ အသုံးပြုသင့်သည်နှင့် ထိပ်တိုက်တွေ့ခြင်း (သို့မဟုတ်) ပူးတွဲလုပ်ဆောင်ခြင်းတွင် ၎င်းအတွက် မည်သည်က ပိုအရေးပါသည် စသည်တို့ကြောင့် အခြေခံသဘောအားဖြင့် မတူညီသည့် အမြင်များ ရှိသည်။
တစ်စုံတစ်ဦး၏ နိုင်ငံရေးအမြင်ကို လူထုကြားတွင် ဆော်ဩဖြန့်ဝေခြင်း ၊ တခြားသော နိုင်ငံရေးအကြောင်းအရာများနှင့် ဆွေးနွေးညှိနှိုင်းခြင်း ၊ ဥပဒေပြုခြင်း နှင့် ပြိုင်ဘက်ကို ပဋိပက္ခပြုခြင်းကဲ့သို့သော အကြောင်းကိစ္စများတွင် အင်အားကို အသုံးပြုခြင်းတို့ ပါဝင်သည့် များစွာသော နည်းလမ်းများကို နိုင်ငံရေးတွင် အသုံးပြုခဲ့ကြသည် ။[4][5][6][7][8] နိုင်ငံရေးကို ရိုးရာလူ့အဖွဲ့အစည်းအတွင်းက မျိုးနွယ်စုများနှင့် လူမျိုးနွယ်စုများကဲ့သို့ ကျယ်ပြန့်သော လူမှုအဆင့်အတန်းတစ်ခုအထိမှသည် ယနေ့ခေတ် ဒေသအစိုးရများ ၊ ကုမ္ပဏီများ နှင့် အချုပ်အခြာနှင့် နိုင်ငံများအတွက် အခြေခံဥပဒေများမှ နိုင်ငံတကာအဆင့်အထိ အသုံးပြုသည်။ ယနေ့ခေတ် နိုင်ငံများတွင် လူတို့သည် သူတို့၏အမြင်များကို ဖော်ပြရန် များသောအားဖြင့် နိုင်ငံရေးပါတီများကို တည်ထောင်ကြသည်။ ပါတီ၏အဖွဲ့ဝင်များသည် ဉပဒေ နှင့် ဦးဆောင်သူ အပြောင်းအလဲများကို ထောက်ပံ့ဖို့ များစွာသော ကိစ္စများနှင့် သဘောတူညီချက်များအတွက် အခြေအနေတစ်ခုထားဖို့ သဘောတူကြသည် [ဘာသာပြန်လိုအပ်ချက် ကြီးမားစွာရှိသည်] ။ ရွေးကောက်ပွဲတစ်ခုသည် မတူညီသည့်ပါတီများကြား ပြိုင်ဆိုင်ခြင်း ဖြစ်သည် ။
နိုင်ငံရေးစနစ်တစ်ခုသည် လူမှုအဖွဲ့အစည်းတစ်ခုအတွင်း လက်ခံနိုင်သော နိုင်ငံရေးနည်းလမ်းများကို သတ်မှတ်သည့် အခြေခံဘောင်တစ်ခုဖြစ်သည် ။ နိင်ငံရေးအတွေးအခေါ်၏ သမိုင်းကို ရှေးပဝေသဏီခေတ်သို့ နောက်ကြောင်းလိုက်ပါက အနောက်အရပ်တွင် ပလေးတိုး၏ သမ္မတနိုင်ငံ နှင့် အရစ္စတိုတယ်၏ နိုင်ငံရေး ၊ အရှေ့အရပ်တွင် ကွန်ဖြူးရှပ်၏ နိုင်ငံရေးစာမူများနှင့် စာဏကျ၏ အာသသျှသရ နှင့် စာဏကျနီတိ တို့ ပါဝင်သည် ။[9]