နတ်မတောင် အမျိုးသားဥယျာဉ်
From Wikipedia, the free encyclopedia
နတ်မတောင် အမျိုးသားဥယျာဉ်သည် ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်၊ မင်းတပ်၊ မတူပီမြို့နယ်များ အတွင်းတွင် တည်ရှိပြီး ဧရိယာအားဖြင့် စတုရန်းမိုင်ပေါင်း ၂၇၅ ဒသမ ၅ မိုင် ရှိသည်။ နတ်မတောင် အမျိုးသားဥယျာဉ်သည် သဘာဝ ထိန်းသိမ်းရေး နယ်မြေ (Protected Area) အဖြစ် သတ်မှတ်ထား၏။ နတ်မတောင်ကို ဝိတိုရိယတောင်ဟုလည်း လူသိများပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၁၀,၅၀၀ ကျော်မြင့်သည်။ နတ်မတောင် အမျိုးသားဥယျာဉ်ကို Important Bird Area (IBA) အဖြစ် ၂၀၀၄ ခုနှစ်တွင် ထည့်သွင်းခဲ့သည်။