ဓမ္မရံကြီးဘုရား
From Wikipedia, the free encyclopedia
ဓမ္မရံကြီးဘုရားသည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ပုဂံတွင် တည်ရှိသည်။ ဓမ္မရံကြီးဘုရား(ဘုရားအမှတ်-၇၇၁) သည် ကွမ်းတောင်ပေါက် လိုဏ်တစ်ဆင့်ဂူ ဘုရားကြီးဖြစ်ပြီး အေဒီ (၁၁၆၅)တွင် နရသူမင်း (ခ) ကုလားကျမင်း အေဒီ (၁၁၆၃-၁၁၆၅) တည်ခဲ့သည်။ ထု-ဓမ္မရံ၊ ဉာဏ်-သဗ္ဗညု၊ အနု-အာနန္ဒာ၊ တန်ခိုး- ရွှေစည်းခုံ ဟူသော အဆိုအရ ဓမ္မရံကြီးဘုရားသည် ပုဂံဒေသတွင် ထုထည် အကြီးဆုံး ရှေးဟောင်းဘုရားတစ်ဆူ ဖြစ်သည်။
- စေတီပုထိုးအမှတ်=၇၁၁/၃၆၅