ရွှေစည်းခုံ စေတီတော် (ပုဂံ)
မြန်မာနိုင်ငံ၊ ပုဂံမြို့အနီးရှိ ဗုဒ္ဓဘုရားကျောင်း / From Wikipedia, the free encyclopedia
ကင်းဝန်မင်းကြီးက စပ်ဆို ပူဇော်ခဲ့သော အံ့ကိုးပါးနှင့် ပြည့်စုံတော်မူသည့် ရွှေစည်းခုံဘုရားသည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ပုဂံမြို့ဟောင်း၏ အရှေ့မြောက်ဘက် လေးမိုင်ခန့် ဝေးသော ညောင်ဦးမြို့တွင် တည်ရှိသည်။ ညောင်ဦးမြို့ဈေး၏ အနောက်ဘက်မိုင်ဝက်ခန့်အကွာ သဲစည်းခုံပေါ်တွင် တည်ထားသဖြင့် ရွှေစည်းခုံဘုရားဟု တွင်ခဲ့သည်။ ရွှေစည်းခုံစေတီတော်သည် ညောင်ဦးမြို့မှ အနောက်တောင် ယွန်းယွန်း ဧရာဝတီမြစ်ကမ်းနဖူးရှိ ပေ (၇၅၀) ကျော်ခန့် ရှည်လျားကျယ်ဝန်းသော မဟာရံတံတိုင်းကြီးနှင့် ဉာဏ်တော်ပေ (၁၆၀)၊ ဖိနပ်တော်အကျယ်ပေ (၁၆၀)ပမာဏရှိကာ ရွှေရောင်ဝင်းလျက် တင့်တယ်ကြည်ညိုဖွယ် တည်ရှိလေသည်။
အချက်တိုများ ရွှေစည်းခုံ စေတီတော်, အထွေထွေ အချက်အလက်များ ...
ရွှေစည်းခုံ စေတီတော် | |
---|---|
ရွှေစည်းခုံ စေတီတော် | |
အထွေထွေ အချက်အလက်များ | |
တည်နေရာ | ညောင်ဦးမြို့၊ မန္တလေးတိုင်းဒေသကြီး |
ကိုဩဒိနိတ် | 21°11′43″N 94°53′38″E |
ပိတ်ရန်
- စေတီပုထိုးအမှတ် = ၁/၁(က)
- “ထီး မဆိုင်း၊ တံတိုင်းမှာရိပ်တည်။
- မလွင့် ရွှေလှောင်ပ၊ ဗိုလ်သောင်းထောင်ဝင်
- မကျပ်သည့်ပြင်၊ ဆွမ်းကပ်သူ လက်မဦး နိုင်ဘု၊
- မထူးမြည်ကြာဟီး၊ ထီးတော့ ရွှေစည်။
- မြင့်ဝှမ်းယောင် ထင်စနိုးရသည့်၊ မိုးကပ်ပြု ရေအရည်၊
- အနည်းမျှ မကြွင်း၊ ချယားပင် ဒွါဒသင်ခါမလင့်ပြီဘု၊
- ဖူးပွင့်ကြူထုံတဲ့၊ ဇေယျခုံ အံ့ဖွယ်ကိုးကို တိုးခဝပ်စင်း”ဟု