ထေဂျို
ကိုရီးယားနိုင်ငံ ဂျိုဆွန်မင်းဆက်၏ တည်ထောင်သူနှင့်ဘုရင်၊ ၁၃၉၂ ခုနှစ်မှ ၁၃၉၈ ခုနှစ်အထိ / From Wikipedia, the free encyclopedia
ထယ်ဂျို သို့မဟုတ် ထေကျို (ကိုရီးယား: 태조; 太祖 ၁၃၃၅ အောက်တိုဘာ ၂၇ - ၁၄၀၈ မေ ၂၄ ) သည် ဂျိုဆွန်းမင်းဆက်ကို စဦးတည်ထောင်သူ ဖြစ်သည်။ အမည်ရင်းမှာ လီဆောင်ဂျယ်ဖြစ်သော်လည်း နန်းတက်သည်နောက် လီဒန်ဟူသောအမည်ကို ခံသည်။ [1] ၁၃၉၂ မှ ၁၃၉၈ ကာလတွင် မင်းပြုပြီး ဂိုလျောမင်းဆက်ကို ဖြုတ်ချရာတွင် အဓိကပုဂ္ဂိုလ်အဖြစ် ပါဝင်သည်။
ထယ်ဂျုံး၏ဖခင် လီဂျာချွန်သည် တရုတ်ပြည် ယွမ်မင်းဆက်အောက်တွင် အမှုထမ်းသူဖြစ်ပြီး မိခင်သည် တရုတ်လူမျိုးဖြစ်၏။ [2][3][4] ထယ်ဂျုံးသည် ဂိုလျောတပ်သို့ ဝင်ရောက်အမှုထမ်းရာ ရာထူးအဆင့်ဆင့်တိုးခဲ့ပြီး ဗိုလ်ချုပ်အဆင့်ထိဖြစ်လာခဲ့သည်။ နောက် ၁၃၉၂ ခုတွင် နန်းတော်ကိုပါ ပုန်ကန်တော့သည်။ ၁၃၉၈ ခုတွင် သားများအကြား နန်းလုသည့်အရေးကြောင့် ပလ္လင်မှ ဆင်းပေးရသည်။ ၁၄၀၈ ခုတွင် လွန်သည်။