![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/3/32/2023_Thai_general_election_result.svg/langmy-640px-2023_Thai_general_election_result.svg.png&w=640&q=50)
ထိုင်းအထွေထွေရွေးကောက်ပွဲ၊ ၂၀၂၃
From Wikipedia, the free encyclopedia
ထိုင်းအထွေထွေရွေးကောက်ပွဲ၊ ၂၀၂၃သည် ထိုင်းနိုင်ငံတွင် ၂၀၂၃ခုနှစ် မေလ (၁၄)ရက်နေ့၌ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲဖြစ်သည်။ ရွေးကောက်ပွဲလုပ်ထုံးလုပ်နည်းများအတိုင်း ပါလီမန်ကိုဖျက်သိမ်းပြီးနောက် ရွေးကောက်ပွဲကျင်းပမည့်ရက်အား ၂၀၂၃ခုနှစ် မတ်လ (၂၁)ရက်နေ့တွင် ရွေးကောက်ပွဲကော်မရှင်ကအတည်ပြုခဲ့သည်။[1] ထိုင်းနိုင်ငံတွင် ၂၀၁၄ခုနှစ် အာဏာသိမ်းမှုအပြီး ဒုတိယမြောက်ကျင်းပသည့် အထွေထွေရွေးကောက်ပွဲဖြစ်သည်။[2]
![]() | ||||
| ||||
| ||||
![]() ရွေးကောက်ပွဲရလဒ် | ||||
|
ရွေးကောက်ပွဲကော်မရှင်က ပဏာမရလဒ်ကို မေလ (၁၅)ရက်နေ့တွင် ကြေညာခဲ့ရာ ရှေ့သို့ပါတီမှ အမတ်အများစု ဦးဆောင်နေကာ ဖူထိုင်းပါတီမှ ဒုတိယနေရာမှ ဦးဆောင်နေသည်။ လက်ရှိအာဏာရ ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးချုပ်တို့၏ ပါတီများကမူ အရေးမလှခဲ့ပေ။ အနိုင်ရအတိုက်အခံပါတီများက အထက်လွှတ်တော်အမတ်များ၏ အန္တရာယ်မှ ရှောင်ရှားပြီး အစိုးရအသစ်ဖွဲ့နိုင်ရန်အတွက် အတိုက်အခံများအချင်းချင်း မဟာမိတ်ဖွဲ့မည်ဟု ကြေညာခဲ့သည်။[3]