တီဘီရောဂါ
လေမှတစ်ဆင့်အဓိကကူးစက်သောရောဂါ / From Wikipedia, the free encyclopedia
တီဘီရောဂါ (TB ) (ကျူဘာကယ် ဘက်စီလပ်(ခ) (tubercle bacillus) ၏ အတိုကောက်စာလုံး) သည် မိုက်ကိုဘက်တီးရီးယား ရောဂါပိုးအမျိုးမျိုးတို့ကြောင့် ဖြစ်ပွားခြင်းဖြစ်ပြီး သာမန်နှင့် ရံဖန်ရံခါ သေစေလောက်သည့် ကူးစက်ရောဂါဖြစ်သည်။ လူတို့တွင် မိုက်ကိုဘက်တီးရီးယမ်း ကျူဘာကလို့ဆစ် (Mycobacterium tuberculosis) ရောဂါပိုးကြောင့် ဖြစ်ရသည်။[1] အဆုတ်နာရောဂါသည် များသောအားဖြင့် အဆုတ်ကို ထိခိုက်စေသော်လည်း အခြားသော ကိုယ်အင်္ဂါအစိတ်အပိုင်းများကိုလည်း ထိခိုက်စေနိုင်သည်။ ရောဂါရှိသည်သူ ချောင်းဆိုးခြင်း၊ နှာချေခြင်း သို့မဟုတ် တံတွေးထွေးခြင်း ပြုလုပ်သည့်အခါ ရောဂါပိုးသည် လေထဲမှတဆင့် ပျံ့လွင့်သွားသည်။[2] လူတွင်ရောဂါပိုးကူးစက်သည့်အခါ ရောဂါ လက္ခဏာမပြဘဲ ငုပ်နေတတ်ပြီး ၎င်း ရောဂါပိုးငုပ်နေသူ ဆယ်ယောက်တွင် တစ်ယောက်သာ အဆုတ်နာရောဂါ တိုးတက်ဖြစ်ပွားလာသည်။ အကယ်၍ ရောဂါထသည်ကို မကုသဘဲ နေမည်ဆိုပါက ရောဂါဖြစ်သူ ၅၀% ထက်ပို၍ သေစေနိုင်သည်။