From Wikipedia, the free encyclopedia
ဦးဌေးအောင် (၁၂ ဇွန် ၁၉၅၂ ဖွား)[1] သည် မြန်မာနိုင်ငံသား တပ်မတော် အရာရှိဟောင်းနှင့် နိုင်ငံရေးသမား တစ်ဦး ဖြစ်သည်။ သူသည် အစိုးရနှစ်ဆက်အထိ ဟိုတယ်ခရီးဝန်ကြီး တာဝန်ယူခဲ့သူလည်းဖြစ်သည့်အပြင် အဂတိတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌအဖြစ်ပါ ထမ်းဆောင်ခဲ့သူဖြစ်သည်။
ဦးဌေးအောင် | |
---|---|
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ | |
တာဝန်သက်တမ်း ၁ ဖေဖော်ဝါရီ ၂၀၂၃ – ၂ ဩဂုတ် ၂၀၂၃ | |
သမ္မတ | ဦးမြင့်ဆွေ (ယာယီ) |
ဝန်ကြီးချုပ် | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် |
ယခင်လူ | ဦးသန်းဆွေ |
ဆက်ခံသူ | ဦးစစ်အေး |
ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန ဝန်ကြီး | |
တာဝန်သက်တမ်း ၅ ဩဂုတ် ၂၀၂၁ – ၁ ဖေဖော်ဝါရီ ၂၀၂၃ | |
ယခင်လူ | ဦးမောင်မောင်အုန်း |
ဆက်ခံသူ | ဦးအောင်သော် |
ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန ဝန်ကြီး | |
တာဝန်သက်တမ်း စက်တင်ဘာ ၂၀၁၂ – ၃၀ မတ် ၂၀၁၆ | |
ခန့်အပ်သူ | ဦးသိန်းစိန် |
သမ္မတ | |
ယခင်လူ | ဦးတင့်ဆန်း |
ဆက်ခံသူ | ဦးအုန်းမောင် |
ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန ဒုဝန်ကြီး | |
တာဝန်သက်တမ်း မတ် ၂၀၁၁ – စက်တင်ဘာ ၂၀၁၂ | |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | ဇွန် ၁၂၊ ၁၉၅၂ |
လူမျိုး | မြန်မာ |
မိခင်ကျောင်း | စစ်တက္ကသိုလ် ၊အပါတ်စဉ်(၁၉)၊ ဂျော့ရှ်ဝါရှင်တန် တက္ကသိုလ် Mae Fah Luang University |
စစ်မှုထမ်းခြင်း | |
သစ္စာခံနိုင်ငံ | မြန်မာနိုင်ငံ |
ရာထူး | ဒုတိယ ဗိုလ်မှူးကြီး |
သူသည် စစ်တက္ကသိုလ် အပါတ်စဉ်(၁၉ )ဆင်းဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် အပါတ်စဉ်တူသည်။[2] ၁၉၉၁ ခုနှစ်တွင် အမေရိကန်နိုင်ငံ ဂျော့ရှ်ဝါရှင်တန် တက္ကသိုလ်မှ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း စီမံခန့်ခွဲမှုပညာဖြင့် မဟာဘွဲ့ရရှိခဲ့သည်။ [3]
၂၀၁၆ ခုနှစ်တွင် ထိုင်းနိုင်ငံ မဲဖာလောင်တက္ကသိုလ်မှ လူမှုသိပ္ပံဘာသာရပ်ဖြင့် ပါရဂူဘွဲ့ရရှိခဲ့သည်။[4]
သူသည် တပ်မတော်သားဘဝမှနေ၍ အရပ်ဘက် ဟိုတယ်၊ခရီးဌာန သို့ ၁၉၈၉ ခုနှစ်တွင် ရွှေ့ပြောင်းလာသည်။ရာထူးအဆင့်ဆင့်တိုးပြီး ၂၀၀၄ တွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဖြစ်ခဲ့သည်။[5]
၂၀၁၂ စက်တင်ဘာလတွင် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန ဝန်ကြီးအဖြစ် သမ္မတ ဦးသိန်းစိန်က ခန့်အပ်ခဲ့သည်။၂၀၁၆ မတ်လ ၃၀ရက်အထိ ထမ်းဆောင်သည်။ ယင်းမတိုင်မီက ၂၀၁၁ မတ်လမှ စတင်ကာ ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။[6]
၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက် ၂၀၂၁ ဩဂုတ် ၅ရက်နေ့တွင် ၎င်းသည် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီး ဖြစ်လာပြန်သည်။[7]ထိုတာဝန်ကို ၂၀၂၃ ဖေဖော်ဝါရီ ၁ရက်အထိ တာဝန်ထမ်းဆောင်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ အဖြစ် ပြောင်းလဲခန့်အပ်ခံရကာ ၂၀၂၃ ဩဂုတ် ၂ရက်တွင် ရာထူးမှ အနားပေးခံရသည်။[8]
အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး သားတစ်ဦးရှိသည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.