ဦးဇော်ဇော် (၁၉၆၇ ခုနှစ်၊ဩဂုတ်လ ၂၂ရက်ဖွား) သည် [1] မြန်မာနိုင်ငံ ၏ ထိပ်တန်းစီးပွားရေးသမားတစ်ဦး ဖြစ်သည်။ မြန်မာဘောလုံးအဖွဲ့ချုပ်၏ ဥက္ကဋ္ဌ အဖြစ်ထမ်းဆောင်လျက်ရှိသည်။

အချက်တိုများ ဦးဇော်ဇော်, မွေးဖွား ...
ဦးဇော်ဇော်
မွေးဖွား (1967-08-22) ဩဂုတ် ၂၂၊ ၁၉၆၇ (အသက် ၅၆)
ရေကြည်မြို့နယ်ဧရာဝတီတိုင်း
နိုင်ငံလူမျိုးမြန်မာ
အလုပ်အကိုင်Max Myanmarကုမ္ပဏီ တည်ထောင်သူနှင့် ဥက္ကဋ္ဌ
အိမ်ထောင်ဖက်(များ)ဒေါ်ဌေးဌေးခိုင်
ဆွေမျိုးသားချင်းအိမ့်မှူးဇော်နှင့် ရဲမာန်ဇော်
ပိတ်ရန်

ဘဝအစ

ဇော်ဇော်ကို ၁၉၆၇ ခုနှစ်၊ဩဂုတ်လ ၂၂ရက်တွင်  ဧရာဝတီတိုင်းဒေသကြီးရေကြည်မြို့နယ်တွင် မွေးဖွားခဲ့သည်။ ရန်ကုန်တက္ကသိုလ်မှ သင်္ချာဘာသာရပ်ဖြင့် ဘွဲ့ရခဲ့သည်။ သူသည် အသက်၂၀ကျော်အရွယ် ၁၉၈၉ ခုနှစ်တွင် ဂျပန်နိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ခဲ့သည်ဟုဆိုသည်။[2] အလုပ်၂ခု၊၃ခု တစ်ပြိုင်တည်းလုပ်သည်ဟုလည်းဆိုသည်။

စီးပွားရေးနယ်ပယ်သို့ဝင်ရောက်လာခြင်း

၁၉၉၃ခုနှစ်တွင် Max Myanmar ကို တည်ထောင်ခဲ့ပြီး[3]  အစပိုင်းတွင် ဂျပန်နိုင်ငံမှ ကားဟောင်းများ တင်ပို့ရောင်းချသူအဖြစ် လုပ်ကိုင်ခဲ့သည်။ နောက်ပိုင်းတွင်  ဆောက်လုပ်ရေးလုပ်ငန်း၊ဟိုတယ်လုပ်ငန်း၊[4]ကျောက်မျက်၊ဘဏ်လုပ်ငန်း၊ BOT စနစ်ဖြင့်ဆောင်ရွက်သည့် လမ်းလုပ်ငန်းစသည့် လုပ်ငန်းအများအပြားကို ဆောင်ရွက်လာခဲ့သည်။[5]  သူသည် ဦးမောင်အေးနှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏မြေး နေရွှေသွေးအောင်တို့ အပါအဝင် ယခင်အာဏာရ စစ်အစိုးရလက်ထက် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ အဓိက ပုဂ္ဂိုလ်များနှင့် နီးကပ်စွာ ဆက်ဆံခဲ့သည်။ ဇော်ဇော်သည် နိုင်ငံအတွင်းသို့ မော်တော်ကားနှင့် မော်တော်ဆိုင်ကယ် တင်သွင်းခွင့်လိုင်စင် အပါအဝင် စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရေး လိုင်စင်များ အပါအဝင် လိုက်လျောမှုများနှင့် သွင်းကုန်လိုင်စင်များအား နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်တွင် ရရှိခဲ့သည်ဟု မီဒီယာတို့ကဖော်ပြကြသည်။

၁၉၉၆ ခုနှစ်တွင် ဆောက်လုပ်ရေးကဏ္ဍသို့ ဝင်ရောက်ခဲ့ပြီးနောက် တစ်နှစ်အကြာတွင် Hotel Max Yangon ဖြင့် ဟိုတယ်လုပ်ငန်းကို စတင်ခဲ့သည်။ ၎င်း၏ကုမ္ပဏီသည် နိုင်ငံ၏မြို့တော်သစ်ဖြစ်သည့် နေပြည်တော်တွင် ၂၀၁၃ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် အားကစားကွင်းအပါအဝင် ဆောက်လုပ်ရေးပရောဂျက်များအတွက် လေလံအများအပြားကို ရရှိခဲ့သည်။[6]

၂၀၀၉ ခုနှစ်တွင်  နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီနှင့် ရင်းနှီးသောဆက်ဆံရေးရှိသူဖြစ်သော ဇော်ဇော်သည် အမေရိကန်ပြည်ထောင်စုမှ ချမှတ်ထားသော အထူးသတ်မှတ်ထားသော နိုင်ငံသားများစာရင်း (SDN) စာရင်းအောက်တွင် ၎င်းတို့နှင့် စီးပွားရေးလုပ်ကိုင်ခြင်းအပေါ် ပိတ်ဆို့အရေးယူမှု ခံထားရသည့် လူပုဂ္ဂိုလ်နှင့် ကုမ္ပဏီပေါင်း ၂၀၀ ခန့်တွင် တစ်ဦးအဖြစ် အမည်ပျက်စာရင်းသွင်းခံခဲ့ရသည်။[7] ကြီးမားသောဆုတ်ယုတ်မှုဒဏ်ကို ခံခဲ့ရသည်ဟုလည်း ဖော်ပြကြသည်။[8] ထိုစဉ်က နိုင်ငံတကာစီးပွားရေးသမားတစ်ဦးအနေဖြင့် စင်ကာပူစတော့ဈေးကွက်သို့ ဝင်ရောက်ရန် ကြိုးပမ်းမှုမှာလည်း မအောင်မြင်ခဲ့ပေ။[9] [10]

၂၀၁၀နောက်ပိုင်း ရွေးကောက်ခံ ဒီမိုကရေစီအစိုးရတက်လာသည့်နောက်တွင် ဦးဇော်ဇော်သည် ထိုကာလအုပ်ချုပ်သူများနှင့်လည်း နီးကပ်သောဆက်ဆံရေးရှိခဲ့သည်။[11] အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် နှင့်လည်း နီးကပ်သော ဆက်ဆံရေးဆောင်ရွက်ခဲ့သည်။[12]

ဒီမိုကရေစီအစိုးရတက်လာပြီးနောက် သူ့ကို အရေးယူပိတ်ဆို့မှု  စာရင်းမှ ၂၀၁၆ ခုနှစ်တွင် US Treasury က ထုတ်ပယ်ခဲ့သည်။[13]

VOAသတင်းဌာနက ၂၀၂၁ ခုနှစ် မတ်လ ၁၈ရက်တွင် ဦးဇော်ဇော်အား မြန်မာနိုင်ငံ၏ တတိယအချမ်းသာဆုံးလူပုဂ္ဂိုလ်တစ်ဦးအဖြစ် ဖော်ပြထားသည်။[14]

၂၀၂၁ခုနှစ်ဖေဖော်ဝါရီနောက်ပိုင်းဖြစ်ရပ်များ

၂၀၂၁ ဖေဖော်ဝါရီ၁ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် ဦးဇော်ဇော်သည် အခြားသောစီးပွားရေးလုပ်ငန်းရှင်အချို့တို့နှင့်နည်းတူ ခေါ်ယူမေးမြန်းခြင်းခံခဲ့ရသည်ဟု ဧရာဝတီကဖော်ပြသည်။[15] ယင်းနောက် ရက်အနည်းငယ်အကြာတွင် ပြန်လွတ်လာသည်။ထို့နောက် လူမြင်ကွင်းမှ လအနည်းငယ်အကြာ ပျောက်ကွယ်နေခဲ့သည်။၂၀၂၂ ဒီဇင်ဘာလ ၂၆ရက် တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်း မြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)၊ သုဝဏ္ဏ ခရီးစဉ်အတွင်း  မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော် သည် လူမြင်ကွင်းသို့ထွက်ပေါ်လာခဲ့သည်ကိုတွေ့ရသည်။[16]

ဦးဇော်ဇော် သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ထံမှ ငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ်များ အများဆုံးလေလံဆွဲဝယ်ယူပေးခြင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဘဏ္ဍာငွေအပေါ် ထောက်ပံ့ပေးသည်။ သူ၏ ဧရာဝတီဘဏ် နှင့် AYA Trust ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီသည် ကျပ်သန်းပေါင်း ၄၆,၅၀၀ တန်ကြေးရှိ ငွေတိုက်စာချုပ်များ ဝယ်ယူခဲ့သည့် မှတ်တမ်းကို Myanmar Now က ဖော်ထုတ်ပြသည်။ ၎င်းသည် ၂၀၂၃ ခုနှစ် ဇွန်လ ၂၉ ရက်နေ့ကလည်း နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တည်ထားသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်အတွက် ကျပ်ငွေ သိန်း ၂၉၇၀ လှူသည်။[17] [18]

လှူဒါန်းမှုများ

သူ ဦးဆောင်တည်ထောင်ထားသည် ဧရာဝတီဖောင်ဒေးရှင်းက ပညာရေး၊လူမှုရေး၊ကျန်းမာရေး ပရဟိတများကို ဆောင်ရွက်သည်။[19]

၂၀၁၁ ခုနှစ်တွင် ကုတင် ၅၅၀ ဆံ့ ရန်ကင်းကလေးဆေးရုံကြီးကို လှူဒါန်းခဲ့သည်။ထိုသို့ လှူဒါန်းမှုနှင့်အတူ လိုအပ်သော ခွဲစိတ်မှုများအတွက် အမှန်တကယ်လိုအပ်နေသူတို့ကို သူ၏ဖောင်ဒေးရှင်းမှတဆင့် ထောက်ပံ့ပေးခဲ့ခြင်းလည်းရှိသည်။[20]

၂၀၁၇ ခုနှစ်တွင် သူသည် ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှုနှင့် တခြားအကူအညီများအတွက် ငွေကျပ်သိန်းပေါင်း တစ်သောင်း လှူဒါန်းမှုလည်းပြုလုပ်ခဲ့သည်။ [21]

သူသည် နိုင်ငံအတွင်း COVID-19 ဝင်ရောက်လာခဲ့ချိန်တွင် Facility Quarantines များ ထောက်ပံ့ပေးခဲ့သည့်အပြင် ဆရာဝန်နှင့် သူနာပြုများ သွားလာရေးခက်ခဲမှုမရှိစေရန်  တည်းခိုနေထိုင်ရေး၊ နေ့စားစားနပ်ရိက္ခာနှင့် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများကို ထောက်ပံ့ပေးခဲ့သလို မန္တလေးအစရှိသည့် မြို့ကြီးအချို့တွင်လည်း အလားတူဆောင်ရွက်ပေးခဲ့ခြင်းများရှိခဲ့သည်။ [22]

ဦးဇော်ဇော်သည် ၂၀၁၃ ခုနှစ် ဧပြီလ ၃၀ ရက်နေ့တွင် မြန်မာနိုင်ငံ၏ ထိပ်တန်းအခွန်ထမ်းများထဲမှ တစ်ဦးအဖြစ် နိုင်ငံတော်၏ ထူးချွန်ဆုချီးမြှင့်ခြင်းခံရသည်။ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်၏ ထိပ်တန်းအခွန်ပေးဆောင်သည့် လက်မှတ်အား သမ္မတ ဦးဝင်းမြင့်က ၎င်းအား ဂုဏ်ပြုချီးမြှင့်ခဲ့သည်။[23]

မိသားစုဘဝ

ဇနီးမှာ ဒေါ်ဌေးဌေးခိုင်  ဖြစ်သည်။သမီးဖြစ်သူ အိမ့်မှူးဇော်နှင့်သားဖြစ်သူ ရဲမာန်ဇော် တို့ ထွန်းကားသည်။

ကိုးကား

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.