From Wikipedia, the free encyclopedia
ဧရာဝတီဘဏ် (Ayeyarwady Bank) သည် ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်ပြီး ၂ ဇူလှိုင်လ ၂၀၁၀ ခုနှစ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ခွင့်ပြုချက်ဖြင့် တည်ထောင်ခဲ့သည်။ ဦးဆောင်တည်ထောင်ခဲ့သူမှာ ဦးဇော်ဇော်ဖြစ်သည်။ ဧရာဝတီဘဏ် ရန်ကုန်ရုံးချုပ်သည် အမှတ်(၁၆၄)၊ မဟာဗနွုလလမ်းမကြီး၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့တွင် တည်ရှိပြီး နေပြည်တော်ရုံးချုပ်မှာ ၁၁၀-၁၁၂၊ သီရိရတနာအဆင့်မြင့်ဈေး၊ ဒက္ခိဏသီရိမြို့နယ်၊ နေပြည်တော်တွင် တည်ရှိသည်။ ယခုအခါ ဘဏ်ခွဲပေါင်း ၂၆၁ ခုထိ ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်သည်။[2] ဆောင်ပုဒ်မှာ "စိတ်ချယုံကြည် ဧရာဝတီ" ဟူ၍ဖြစ်သည်။
အမျိုးအစား | အများနှင့်သက်ဆိုင်သော |
---|---|
လုပ်ငန်း | ဘဏ် |
တည်ထောင်သည့်နှစ် | ၁၁ ဩဂုတ် ၂၀၁၀ |
ဌာနချုပ် | ရန်ကုန်၊ မြန်မာ |
အရေးပါ ပုဂ္ဂိုလ်များ | ဦးဇော်ဇော် |
အလုပ်သမားဦးရေ | ၈၅၀၀[1] (၂၀၂၀) |
ဝက်ဘ်ဆိုက် | ayabank.com |
ဆောင်ပုဒ် | စိတ်ချယုံကြည် ဧရာဝတီ |
ဧရာဝတီဘဏ်ကို ၂ ဇူလှိုင် ၂၀၁၀ ခုနှစ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ခွင့်ပြုမိန့် ရရှိခဲ့ပြီး ၁၁ ဩဂုတ်လ ၂၀၁၀ ခုနှစ်တွင် စတင်လည်ပတ်ခဲ့သည်။
ခွင့်ပြုပြီး မတည်ရင်းနှီးငွေမှာ မြန်မာကျပ်ငွေ ၇၅ ဘီလီယံဖြစ်ပြီး ၅၅ ကျပ်ဘီလီယံ ထည့်ဝင်ပြီးဖြစ်သည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.