From Wikipedia, the free encyclopedia
ဆွန်ဂို အွန်အားရာ သည် တန်ဇေးနီးယားနိုင်ငံ တောင်ပိုင်း ဆွာဟီလီ ကမ်းရိုးတန်းရှိ ကျောက်တုံးမြို့ တစ်မြို့၏ အပျက်အစီးများ ဖြစ်သည်။ ထိုကျောက်တုံးမြို့အတွင်း ၁၄ရာစုမှ ၁၆ ရာစု အတွင်း လူနေထိုင်ခဲ့သည်။ [1] ဆွန်ဂိုအွန်အားရာ အား အနီးအနားရှိ ကေလ်ဝါ ကစ်ဆီဝါနီ နှင့် အတူ ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် ၁၉၈၁ ခုနှစ် တွင် သတ်မှတ်ခဲ့သည်။ [2] ရှေးဟောင်း သုတေသန ပညာရှင် တို့သည် ဗလီ ၆ ခု၊ သင်္ချိုင်း ၄ ခု ၊ ၂ဒါဇင်မျှသော အိမ်များ နှင့် ဝင်းခတ်ထားသော နေရာ ၃ ခု တို့ကို ကျွန်းပေါ်တွင် ရှာဖွေတွေ့ရှိခဲ့သည်။ [3] ဆွန်ဂို အွန်အားရာအား သန္တာကျောက်ကြမ်း များ နှင့် အင်္ဂတေများကို အသုံးပြု တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ [4] ထိုကျောက်တုံးမြို့သည် အိန္ဒိယ သမုဒ္ဒရာ အတွင်း တည်ဆောက်ခဲ့သော ကုန်သွယ်ရေးမြို့များတွင် တစ်မြို့ အပါအဝင် ဖြစ်ခဲ့သည်။ [2]
ကေလ်ဝါ ကစ်ဆီဝါနီရှိ အပျက်အစီးများ နှင့် ဆွန်ဂို အွန်အားရာရှိ အပျက်အစီးများ* | |
---|---|
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ | |
တည်ရှိသည့် နိုင်ငံ | တန်ဇေးနီးယား |
အမျိုးအစား | ယဉ်ကျေးမှု |
ရွေးချယ်သည့်စံနှုန်း | iii |
ကိုးကား | ၁၄၄ |
ဒေသ** | အာဖရိက |
သတ်မှတ်ခြင်း မှတ်တမ်း | |
စတင်သတ်မှတ်ခြင်း | ၁၉၈၁ (ပဉ္စမအကြိမ်) |
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည် ** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.