ခန္ဓာကိုယ်အား အကျိုးသက်ရောက်မှုရှိစေသော အရာဝတ္ထု From Wikipedia, the free encyclopedia
ဆေး (drug) ဆိုသည်မှာ အစားအစာမှ လွဲ၍ ရှုရှိုက်နိုင်သော၊ ထိုးသွင်းနိုင်သော၊ အငွေ့ရှုနိုင်သော၊ စားသုံးနိုင်သော၊ အရေပြားမှတဆင့် စုပ်ယူနိုင်သော၊ သို့မဟုတ် လျှာအောက်မှတဆင့် ပျော်ဝင်နိုင်သော ပစ္စည်းတစ်ခုဖြစ်ပြီး လူ့ခန္ဓာကိုယ်တွင် ဇီဝကမ္မဆိုင်ရာ ပြောင်းလဲမှုကို ဖြစ်စေနိုင်သည်။[3][4]
ဆေးဝါးဗေဒတွင် ဆေးဝါး (pharmaceutical drug သို့မဟုတ် medicine) ဆိုသည်မှာ ဓာတုပစ္စည်းတစ်ခုဖြစ်ပြီး ကုသရန်၊ ပျောက်ကင်းစေရန်၊ ကာကွယ်ရန်၊ ရောဂါရှာဖွေရန် သို့မဟုတ် ကျန်းမာရေးအခြေအနေ မြှင့်တင်ရန်တို့အတွက် အသုံးပြုသည်။[3] ဆေးဝါးများကို နာတာရှည်ရောဂါများအတွက် မဟုတ်ပါက အချိန်အကန့်အသတ်ဖြင့်သာ အသုံးပြုသင့်သည်။[5]
စိတ်ကို ပြောင်းလဲစေသောဆေးများ (psychoactive drugs) သည် ဓာတုပစ္စည်းများဖြစ်ပြီး ဗဟိုအာရုံကြောစနစ်၏ လုပ်ငန်းဆောင်တာများအပေါ် သက်ရောက်မှုရှိစေကာ အသိအမြင်များ၊ စိတ်ခံစားမှုများကို ပြောင်းလဲစေတတ်သည်။[6] ယင်းတို့တွင် စိတ်ကျဆေး အရက်နှင့် စိတ်ကြွစေတတ်သော နီကိုတင်းနှင့် ကေဖိန်းတို့ ပါဝင်သည်။ ဤသုံးမျိုးကို ကမ္ဘာတစ်ဝန်းတွင် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးများအဖြစ် ကျယ်ပြန့်စွာ သုံးစွဲနေကြပြီး[7] ယင်းတို့ကို အပန်းဖြေစရာ ဆေးများအဖြစ် မှတ်ယူကြသည်။[8] အခြားသော အပန်းဖြေဆေးများတွင် စိတ်ချောက်ချားဆေးများ (hallucinogen)၊ ဘိန်းပါသော ဆေးများ (opiates) နှင့် အမ်ဖတမင်း (amphetamine) တို့ဖြစ်သည်။ အချို့ဆေးများမှာ ဆေးစွဲခြင်းကို ဖြစ်စေတတ်ပြီး[9] ထိုဆေးအားလုံးတွင် ဘေးထွက်ဆိုးကျိုးများ ရှိကြသည်။[10]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.