From Wikipedia, the free encyclopedia
ဆော်လမွန် (အင်္ဂလိပ်: Solomon; (အင်္ဂလိပ်အသံထွက် /စောလမန်/, ဟီဘရူးအသံထွက် /ရှောမော/ ) သည် ဟီဘရူးကျမ်းစာ၊ ခရစ်ယာန်ဓမ္မကျမ်းဟောင်း၊ ကိုရမ်ကျမ်း၊ ဟဲဒိ(သ်)ကျမ်းများတွင် ပါဝင်၍ အလွန်ချမ်းသာကြွယ်ဝကာ ဉာဏ်ပညာရှိသော ဘုရင်အဖြစ် အစ္စရေးပေါင်းစည်း ဘုရင့်နိုင်ငံတော်ကို အုပ်ချုပ်မင်းလုပ်ခဲ့သည်ဟုဆိုသည်။
ဆော်လမွန် | |
---|---|
ပီတာပေါလ် ရူဘန်စ်၏ 'ဆော်လမွန်ဘုရင် တရားစီရင်ခြင်း' ပန်းချီ (၁၆၁၇) | |
အစ္စရေးဘုရင် ( ရှေးအခေါ် ဣသရေလဘုရင်) | |
နန်းသက် | c. 970–931 ဘီစီ ၉၇၀-၉၃၁ |
ရှေ့မင်းဆက် | ဒေးဗစ်ဘုရင် |
နောက်မင်းဆက် | Rehoboam |
မွေးဖွား | ဘီစီ ၉၀၀ ဂျေရုဆလင်မြို့, အစ္စရေး ပေါင်းစည်းဘုရင့်နိုင်ငံ |
ကွယ်လွန် | ဘီစီ ၉၃၁ ဂျေရုဆလင်မြို့ |
ထာဝရ အိပ်စက်ရာ နေရာ | ဂျေရုဆလင်မြို့ |
အိမ်ထောင်ဖက် | Naamah၊ Pharaoh's Daughter တော်ဝင်နန်းသွေး ဇနီးသည် (၇၀၀) ၊ မောင်းမ (၃၀၀) [1][2] |
သားသမီးများ | မှတ်တမ်းအရ (၃)ဦး:
|
စံအိမ် | ဒေးဗစ်မင်းဆက် |
ခမည်းတော် | ဒေးဗစ် |
မယ်တော် | Bathsheba |
မြန်မာလူမျိုးတို့သည် ပညာရှိသောသူကို မဟောသဓာ နှင့်နှိုင်းခိုင်းသကဲ့သို့ ဥရောပနိုင်ငံသားတို့သည်လည်း ပညာ ဉာဏ်ကြီးကျယ်သူကို ဆောလမွန်ဘုရင်နှင့် နှိုင်းခိုင်းကြ၏။ ဆောလမွန် (ရှောလမုန်) ဘုရင်ကား ရှေးဟောင်းအဇ္ဇလီယယ် (ဣသရေလ) ပြည်ကို အုပ်စိုး သောဘုရင်ဖြစ်သည်။ ဆောလ မွန်မှာ ခမည်းတော်ဒေဗစ် (ဒါဝိဒ်) နတ်ရွာစံ၍ နန်းတက်သော အခါ အရွယ်ရောက်ခါစ မျှသာရှိသည်။ သို့ရာတွင် သူ၏ပညာ ဉာဏ်ကား ကြီးကျယ်လှ၏။ အမှုအခင်းများကို စီရင်ရာတွင် တရားနည်းလမ်းကျ၍ အမှန်ရောက် အောင် စီရင်ဆုံးဖြတ်တတ်သဖြင့် ထင်ရှားကျော်စောလေသည်။
ဆောလမွန်ဘုရင်ကြီး အကြောင်းကို ခရစ်ယန် သမ္မာ ကျမ်းစာတွင်ပါဝင်သော ဓမ္မဟောင်းကျမ်းတွင် ဖော်ပြထားသည့် အပြင်၊ သူစီကုံးရေးသားခဲ့သော သုတ္တံ(နယပုံပြင်)ကျမ်း၊ ဒေသ နာ (အာစရိယောဝါဒ)ကျမ်းနှင့် ရှောလမုန်သီချင်း (ဂီတမေဒဏီ ကျမ်း)များကိုပါ ဓမ္မဟောင်းကျမ်းတွင် တွေ့ရှိနိုင်သည်။
ဆောလမွန်ဘုရင်၏ တိုင်းသူပြည်သားများကသာ
မက၊ နိုင်ငံခြားမှဘုရင်များပင် သူ၏ပညာဉာဏ် ကြီးကျယ်
ကြောင်းကိုသိကြသဖြင့် သူ၏ အကြံဉာဏ်နှင့် အဆုံးအဖြတ်
ကိုယူရန် လာကြရ၏။ အာရေဗျပြည်မှ ရှီးဗါးဘုရင်မသည်
ဆောလမွန်ဘုရင်အား ပြဿနာများမေးရန် လက်ဆောင်ပဏ္ဏာ
များယူဆောင်၍ အခြွေ အရံများစွာနှင့် မိုင်ပေါင်း ၁၅ဝဝ
ရှိသော ခရီးဖြင့် သူ့ထံလာလေသည်။ ဆောလမွန်ဘုရင်က
ဘုရင်မ၏ ပြဿနာအားလုံးကို ကျေနပ်လောက်အောင် ဖြေနိုင်
သောအခါ ဘုရင်မမှာ များစွာအံ့ဩလေ၏။
ဆောလမွန်ဘုရင်ကား လှပခန်းနားမှုနှင့် စည်းစိမ်ခံစားမှု တို့ကို နှစ်သက်မြတ်နိုးသူဖြစ်သည်။ သူ၏ ကြီးကျယ်သော ဉာဏ်ပညာကြောင့် အပြည်ပြည်မှ မင်းညီမင်းသားတို့က မိတ်ဖွဲ့ ကာ၊ လက်ဆောင်ပဏ္ဏာများပို့ကြရာ၊ ထူးထွေဆန်းပြားသော ပစ္စည်းအမျိုးမျိုးနှင့် သမီးကညာများကို လက်ခံရရှိလေသည်။ ထို့ပြင် ဘုရင်ကြီးသည် ဖီနီရှန်များနှင့် ပူးပေါင်း၍ ကုန်သွယ် ခြင်းကိုပြုလုပ်ရာ လွန်စွာကြွယ်ဝချမ်းသာခြင်းသို့ ရောက်လေ ၏။ ဆောလမွန်ဘုရင်သည် အဇ္ဇရီယယ်ပြည်မှ အလွန်ခရီးကွာ ဝေးသောဒေသများနှင့် ပထမဆုံးရောင်းဝယ် ဆက်ဆံမှုကို ပြုသူ ဖြစ်လေသည်။ ထိုမင်း၏ လက်ထက်တွင် အဇ္ဇရီးယယ်ပြည်မှာ လွန်စွာချမ်းသာကြွယ်ဝ၍၊ စည်းစိမ်ဥစ္စာ ခံစားစံစားမှုအမျိုးမျိုး နှင့်လည်း ပြည့်စုံ၏။
ဆောလမွန်ဘုရင် လက်ထက်တွင် စစ်မက်များ နည်းပါး လေရာ၊ သူသည် ဂျရူးဆလမ်းမြို့တော်ကြီး၌ ဘုရားတန်ဆောင်း ကြီးတစ်ခုကို ဆောက်လုပ်လေသည်။ ထိုတန်ဆောင်းတော်ကြီး (ဝါ) ဗိမာန်တော်ကား လွန်စွာခန်းနားလှ၍၊ လက်ဗနွန်မှ သစ် ကောင်းများဖြင့် ဆောက်လုပ်ထား၏။ ရွှေ၊ ငွေ၊ ဆင်စွယ်တို့ ဖြင့် မွမ်းမံခြယ်လှယ်ထားသဖြင့် တဖိတ်ဖိတ်တောက်ပနေ၏။ ဆောလမွန်သည် မိမိ၏ နန်းတော်ကြီးကိုလည်း ဤသို့ပင် ခန်း နားလှပအောင် ဆောက်လုပ်၍နေထိုင်လေသည်။
ဆောလမွန်ဘုရင်သည် ဉာာဏ်ပညာကြီးမားမှုနှင့် ချမ်းသာ ကြွယ်ဝမှုကြောင့် ထင်ရှားကျော်ကြားခဲ့သော်လည်း အနှစ် ၄ဝ ခန့်မျှ ရှည်လျားသော နန်းသက်တွင် တစ်စတစ်စ အာဏာကို ပြင်းထန်စွာ သုံးစွဲလာခြင်း၊ ဘာသာအယူဝါဒ ကိုးကွယ်ရေးတွင် ပေါ့ဆလာခြင်းတို့ကြောင့် ပြည်သူလူထုမှာ မကျေနပ်ဖြစ်လာ လေသည်။ ထို့ပြင် ဆောလမွန်ဘုရင်ကြီးသည် ဤသို့ စည်းစိမ် ချမ်းသာကြီးစွာဖြင့် နေခြင်းကို အခြားပြည်မှ မင်းများကလည်း မလိုလား မရှုစိမ့်ဖြစ်လာကြလေ၏၊ ထို့ကြောင့် ဆောလမွန် နတ်ရွာမစံမီနှစ်များတွင် အဇ္ဇရီယယ်ပြည် အခြေအနေမှာ လှုပ် ရှားလာ၍၊ သူ၏သားတော်လက်ထက်တွင်ကား၊ ထိုပြည်မှာ နှစ်ပိုင်းကွဲသွားလေတော့သည်။ ဆောလမွန်ဘုရင်ကြီးသည် ဘီစီ ၉၈၆ ခုနှစ်တွင် ဖွားမြင်ခဲ့၍၊ ဘီစီ ၉၃၃ ခုနှစ်တွင် နတ်ရွာစံ သည်ဟု ခန့်မှန်းကြသည်။[3]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.