ဆိုးလ် အမျိုးသား တက္ကသိုလ်
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ အမျိုးသားသုတေသနတက္ကသိုလ် / From Wikipedia, the free encyclopedia
ဆိုးလ် အမျိုးသား တက္ကသိုလ်သည် တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် တည်ရှိသော အမျိုးသားသုတေသနတက္ကသိုလ်တစ်ခုဖြစ်သည်။
ဆိုးလ်အမျိုးသားတက္ကသိုလ်ကို ၁၉၄၆ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံ၏ ဩဇာတိက္ကမအရှိဆုံး တက္ကသိုလ်တစ်ခုဖြစ်သည်။[1] တက္ကသိုလ်၌ ကျောင်းပရဝဏ်သုံးခုရှိပြီး အဓိကပရဝဏ်မှာ ဂွမ်နက်တွင်ရှိပြီး အခြားပရဝဏ်နှစ်ခုမှာ ဒယ်ဟန်နိုနှင့် ပြုံချမ်းတွင် တည်ရှိသည်။ ဆိုးလ်အမျိုးသားတက္ကသိုလ်အား ကောလိပ် ၁၆ ခု၊ ဘွဲ့လွန်ဌာနတစ်ခု(graduate school)၊ ပရော်ဖက်ရှင်နယ်ကျောင်း ၉ ခုတို့ဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသည်။ ဘွဲ့ကြိုကျောင်းသား ၁၇,၀၀၀ နှင့် ဘွဲ့လွန်ကျောင်းသား ၁၁,၀၀၀ ခန့် တက်ရောက် ပညာသင်ကြားလျက်ရှိသည်။ ကိုရီးယား ပညာရေးဖွံ့ဖြိုးတိုးတက်ရေး အင်စတီကျူမှ အချက်အလက်များအရ နိုင်ငံရှိ အခြားသောတက္ကသိုလ်များတက္ကသိုလ်များထက် ဆိုးလ်တက္ကသိုလ်တွင် စာရင်းသွင်းသော ကျောင်းသားအရေအတွက် ၁၀,၀၀၀ ခန့်ရှိပြီး နိုင်ငံတွင်ရှိသော ကျောင်းသားအချိုး၏ အများဆုံး ပမာဏတက်ရောက်ခြင်းဖြစ်သည်။[2]