ဆိုနာတာပုံစံ
From Wikipedia, the free encyclopedia
ဆိုနာတာ မည်သောသီချင်းတစ်မျိုးအကြောင်း အတွက် ဆိုနာတာ ကို ကြည့်ပါ။
ဆိုနာတာပုံစံ သို့မဟုတ် ပထမမုဗ်မန့်ပုံစံ (အင်္ဂလိပ်: Sonata form၊ Sonata-Allegro form သို့မဟုတ် First movement form) ဆိုသည်မှာ ဆိုနာတာဟူသောသီချင်းကိုရေးသားရာ၌ အသုံးပြုရေးသားသော ပုံစံတစ်မျိုးဖြစ်သည်။ ထိုပုံစံတွင် ပြသခြင်း၊ ဖွံ့ဖြိုးခြင်း၊ ပြန်လာခြင်း ဟူသောအဓိကအပိုင်းသုံးရပ်ပါဝင်သည်။[1]
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/0/0c/Simple_sonata_form.png/640px-Simple_sonata_form.png)
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/7/70/Sonata_form_two-reprise_continuous_ternary_form.png/640px-Sonata_form_two-reprise_continuous_ternary_form.png)
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/8/87/Sonata_form_three_large_sections.png/640px-Sonata_form_three_large_sections.png)
ဆိုနာတာပုံစံကို အများအားဖြင့် ဆိုနာတာများ၏ ပထမဆုံးမုဗ်မန့်တွင် အသုံးပြုရေးသားလေ့ရှိသည်။ တစ်ခါတစ်ရံတွင် အခြားမုဗ်မန့်များ အထူးသဖြင့် နောက်ဆုံးမုဗ်မန့်တွင် ထည့်သွင်းရေးသားနိုင်သည်။ ထိုပုံစံတွင် အပိုင်းသုံးပိုင်းရှိသည်ဟုဆိုသော်လည်း ပြောင်းလဲရေးသားနိုင်သည်။[5] ဆိုနာတာပုံစံသည် အသုံးများလှသောကြောင့် ဆင်ဖိုနီများ၊ ကွန်ချာတို (concerto) စသော သံစုံတီးဝိုင်းကြီးသီချင်းများ၏ ပထမဆုံးမုဗ်မန့်ကို "ဆိုနာတာ" ဟူ၍ပင် အမည်တပ်ရေးသားခဲ့ကြသည်။[1]