From Wikipedia, the free encyclopedia
စီးကရက်သည် လူတို့တီထွင်ထားသော ဖွာရှိုက်၊ အကြံထုတ်၊ စတိုင်ထုတ်စရာ အရာဝတ္တုပစ္စည်း တစ်ခုပင်ဖြစ်သည်။ အဓိကအားဖြင့် စိတ်ဖိစီးမှုထွက်ပေါက်တခုအဖြစ် သောက်သုံးကြခြင်းပင် ဖြစ်သည်။ စီးကရက်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေသည်။ စီးကရက်(သို့) ဆေးလိပ်ဆိုသောအရာသည် မကောင်းမှန်း သိသော်လည်း ဖြတ်ရခက်တတ်သည်။
ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။ |
ဤဆောင်းပါးသည် သဒ္ဒါ၊ သတ်ပုံ၊ ရေးဟန် စသည်တို့အတွက် ဝီကီစံညွှန်းနှင့်အညီ အရေးအသား တည်းဖြတ်ပေးရန် လိုအပ်နေသည်။ |
စီးကရက်သောက်ခြင်းနှင့် ပတ်သက်၍ စိတ်ခံစားမှု မျိုးစုံ ရှိသည်။ ကြောက်စိတ်ပြေစေရန် ရဲဆေးတင်သော သဘောဖြင့် သောက်ခြင်း၊ အလုပ်သဘောအရ မိတ်ဖြစ်ဆွေဖြစ် သောက်ခြင်း၊ ရည်းစားစကား မပြောမီ စိတ်ငြိမ်ဆေးသဖွယ် မှီဝဲခြင်း၊ စတိုင်ထုတ်သည့် သဘောဖြင့် သောက်ခြင်း စသည်ဖြင့် မျိုးစုံ ရှိနိုင်သည်။
တိုးတက်ပြီးနိုင်ငံများတွင် စီးကရက်ကပေးသော အန္တရာယ်ကို လူတိုင်း သိရှိပြီးဖြစ်သည်။ နိုင်ငံတကာတွင် ဆေးလိပ်သောက်ခြင်းကြောင့် ကျန်းမာရေးကိုဆိုးဝါးစွာထိခိုက် စေနိုင်သည် ဟူသောစာတမ်းကို ဥပဒေအရ စီးကရက်ကြော်ငြာတိုင်းတွင် ထည့်ကြရသည်။ ဥရောပနိုင်ငံများတွင် စီးကရက်ဘူးခွံတိုင်း၌ ကျန်းမာရေး သတိပေးချက်ကို မြင်သာအောင်ဖော်ပြရသည်။ ဩစတေးလျနိုင်ငံနှင့် အင်္ဂလန်နိုင်ငံတို့တွင် စီးကရက်၌ပါဝင်သော ဆေးကတ္တရာ ပါရှိသည့်နှုန်းပေါ် မူတည်၍ အခွန်ကောက်သည်။ ရုရှားတွင် ရုံးများ၊ ယာဉ်များ၊ ကျောင်းများနှင့်ပင်လယ်ကမ်းခြေ အဆောက်အဦးအားလုံးတွင် ဆေးလိပ်မသောက်ရန် ပိတ်ပင်ထားသည်။ ထို့ကြောင့် ယင်းတို့တိုင်းပြည်၌ စီးကရက်သောက်နှုန်း ကျဆင်းလျက်ရှိသည်။
စီးကရက် တစ်လိပ်ဝယ် အမျိုးပေါင်း ၄၀၀ဝကျော်သည့် ဓာတုပစ္စည်းများနှင့် အနည်းဆုံး ၄၀ဝ ကျော်သောအဆိပ်အတောက်များ ပါဝင်သည်။ ကျန်းမာရေးကို ထိခိုက်စေသော အဓိက အရာမှာ
များသောအားဖြင့် ဆယ်ကျော်သက် အရွယ်မှာ အပေါင်းအသင်းများ၏ စေ့ဆော်မှု၊ မိမိကိုယ်တိုင်ကလည်း လက်တည့်စမ်းချင်မှု၊ မိဘအသိုင်းအဝိုင်းကလည်း ဆေးလိပ်သောက်သုံးသူများ ဖြစ်မှုစသော အကြောင်းရင်းများက တွန်းပို့မှုကြောင့် ဆေးလိပ်ကို စမ်းသောက်မိတတ်သည်။ ဆေးလိပ်သောက်သည့် အကျင့်သည် စမိသည်နှင့် စွဲလမ်းသွားပြီး၊ ဖျောက်ဖျက်ရန် ခဲယဉ်းသည့် အကျင့်ဆိုး တစ်ခုဖြစ်လာသည်။ အကြောင်းရင်းမှာ ဆေးလိပ်တွင် စိတ်ကိုစွဲလန်းစေသော နီကိုတင်း (nicotine)ဓာတ် အမြောက်အမြား ပါဝင်နေ၍ ဖြစ်သည်။ နီကိုတင်းကို စသုံးမိသည်နှင် ထပ်မံ သုံးစွဲချင်အောင် စွဲလန်းစေပြီး စိတ်ကိုပြောင်းလဲစေသည်။
စီးကရက်ဖြတ်သည့်ရက်သည် မည်သည့်အခါမှ နောက်မကျခြင်း ပင်ဖြစ်သည်။ ယနေ့ဖြတ်လျှင် ယနေ့အကျိုးရှိသည်။ စီးကရက်က ပေးသောဝေဒနာများသည် ပြန်လည်သက်သာစမြဲဖြစ်သည်။ ထို့ကြောင့် လူငယ်တစ်ယောက် အနေနှင့်စီးကရက် မသောက်တတ်သေးလျှင် မသောက်ပါနှင့်။ အားကစားလုပ်ရာတွင်၎င်း ပင်ပင်ပန်းပန်းအလုပ် လုပ်ရသောအခါတွင်၎င်း သက်တူရွယ်တူ သူငယ်ချင်းများထက် ပို၍ အမောခံနိုင်သည်။ စီးကရက်စွဲနေသော လူကြီးဖြစ်ပါက ယနေ့ပင်စ၍ ဖြတ်ကြည့်ပါ။ ထူးခြားစွာပေါ့ပါးလာမည်။ အဆုတ်ကင်ဆာကို အသာထား၊ အနည်းဆုံး တပတ်အတွင်း ချောင်းဆိုးရင်ကြပ် စသော ဝေဒနာများကို ယူပစ်သလို သက်သာသွားပါလိမ့်မည်။
မြန်မာနိုင်ငံ ဆေးသုတေသနဌာန၏ စာတမ်းစာစောင်များအရ ဆေးပေါ့လိပ်သည် စီးကရက်လောက် ဒုက္ခမပေးဟုသိရသည်။ ဆေးလိပ်ကို မဖြတ်နိုင်လျှင် သနပ်ဖက် ဆေးပေါ့လိပ် များနှင့်အစားထိုးသင့်သည်။
ဆေးလိပ်ဖြတ်သည့်အခါ စိတ်ကို ခိုင်ကြည်စွာ ထားပြီး၊ ဇွဲကို မလျှော့ရချေ။ အစကနဦး ဖြတ်သည့်အခါတွင်၊ စွဲလမ်းစေသော နီကိုတင်းအရှိန် ကျန်သေးသည် ဖြစ်၍ ပြန်သောက်အောင် မိမိမကောင်းစိတ်ကပင် လှုံ့ဆော်လိမ့်မည်။ လှုံ့ဆော်နှိုးဆွသည်ကို သည်းညည်းမခံနိုင်၊ စိတ်ကို တင်းမထားနိုင်ပါက ပြန်သောက်မိသွားလိမ့်မည်။ ပြန်သောက်မိသည့်အခါ သောက်ပြီးသည့်နောက် မထူးတော့ဟု နောက်ထပ် ဆေးလိပ်များပါ ဆက်တိုက် သောက်မိသွားသည်။ ထိုအခါ မိမိ ဆေးလိပ် ဖြတ်မည့် အစီအစဉ်သည် သဲထဲရေသွန် ဖြစ်ကာ၊ စိတ်ဓာတ်ကျလာသည်။ ထိုအဆင့်သည် လက်လျှော့ရန်မဟုတ်၊ စိတ်ကို နှစ်ဆတင်း၍ မသောက်ဘဲ နေကာ၊ ဆေးလိပ်စီးကရက် သောက်ပါက စွဲကပ်လာမည့် ကင်ဆာစသော ရောဂါ၊ အပိုကုန်သွားမည့် ငွေကြေး၊ မိမိကြောင့် စိတ်ဆင်းရဲရမည့် မိသားစုများကို မျှော်တွေးကာ ဖြတ်ရမည် ဖြစ်သည်။ ရက်မှ သတ္တပတ်၊ သတ္တပတ်မှ လပေါက်အောင် ဖြတ်နိုင်လာသည့်အခါ၊ ကိုယ်ခန္ဓာ လေးလံထိုင်းမှိုင်းခြင်း မရှိဘဲ၊ ပေါ့ပါးသွက်လက်ခြင်း၊ အနာရောဂါများ သက်သာ ပျောက်ကင်းလာခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိ ခံစားရမည် ဖြစ်ကာ၊ မိသားစုနှင့်လည်း သိုက်ဝိုင်း ပျော်ရွှင်စွာ နေထိုင်နိုင်မည် ဖြစ်သည်။[1]
ယနေ့ ဆရာဝန်များ တွေ့ရှိသော အချက်က ဆေးလိပ်နှင့်အရက် ပေါင်းစပ်မရချေ။ ကျန်းမာရေးကို ထိခိုက်စေသော အကျိုးသွားချင်း တူညီသည့် ယင်းနှစ်ခုကို ပေါင်းလိုက်မိလျှင် ပြဿနာမှာ ပို၍ပို၍ မျှော်မှန်းသည်ထက် ကြီးထွားသွားသည်။
အရက်ရော ဆေးလိပ်ပါ သောက်သုံးသူတို့၏ ဖျားနာရန် အလားအလာသည် ဆေးလိပ်ကို မသောက်ပဲ အရက်ကို ရေသောက်သလို သောက်နေသောသူ၊ အရက်ကိုမသောက်ပဲ ဆေးလိပ်ကို မီးခိုးခေါင်းတိုင်ဖြစ်အောင် သောက်နေသော သူတွေထက် ပိုသည်ဟု ပြင်သစ်နိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ ကင်ဆာရောဂါ သုတေသနမှ ပညာရှင်များက ဆိုသည်။ အဆိုပါ ဌာနကြီးမှ တာဝန်ရှိပုဂ္ဂိုလ်၏ ပြောပြချက်အရ နေ့စဉ် စီးကရက် တစ်ဗူးနှင့်အတူ အရက်ကို အသင့်အတင့် တွဲဖက်သောက်သုံးသောသူ၏ အစာမြိုလမ်းကြောင်း ကင်ဆာဖြစ်ရန် အလားအလာသည် အရက်တစ်မျိုးတည်းသာ သောက်သုံးတတ်သူ သို့ စီးကရက် တစ်မျိုးတည်းသာ နေ့စဉ်မှီဝဲသူတွေထက် ငါးဆပိုသည်။ အကယ်၍ လူတစ်ယောက်သည် စီးကရက်ကို အသင့်အတင့်သောက်၍ အရက်ကို နေ့စဉ်အလွန်အမင်း သောက်သုံးခဲ့သော် သူ၏ အစာမျိုလမ်းကြောင်း ကင်ဆာရောဂါ ဖြစ်မည့်နှုန်းသည် အရက် သို့ စီးကရက် တစ်မျိုးထဲ သောက်သူထက် ၁၈ဆ ပိုသည်။ အရက်ရော စီးကရက်ကိုပါ အလွန်အကျွံ သောက်မိပြီဆိုပါက ကင်ဆာဖြစ်ရမည့်နှုန်းသည် ၄၄ဆအထိ တက်သွားနိုင်သည်။
ဤသို့ ဖြစ်ရသည့် အကြောင်းရင်း အဖြေကို ရရှိရန် စီးကရက်တစ်လိပ်ကို ရှူသွင်းနေသော လူတစ်ယောက်ကို သတိထားကြည့်ပါ။ စီးကရက်က ထွက်လာသော အငွေ့တွင် ကာဗွန်မိုအောက်ဆိုက်၊ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက် စသည့် ကင်ဆာရောဂါဖြစ်စေနိုင်သော ဓာတ်အမျိုးပေါင်း ၄၀၀ဝ တို့သည် အဆုတ်ထဲကို ဝင်ရောက်သွားသည်။ ၎င်းဓာတ်ငွေ့တို့သည် ပါးစပ်၊ နှာခေါင်း၊ လည်ချောင်းနှင့် အဆုတ်ထဲ၌ အသာတွယ်ကပ်ပြီး နေတတ်ကြသည်။ ဤအချိန်မှာ ဆေးလိပ်သမားက ရေဆာလာသဖြင့် ခံတွင်းရှင်းသွားအောင် အရက်တစ်ခွက်ကို အဖော်ပြုလိုက်ပြီ ဆိုပါက ပါးစပ်နှင့် လည်ချောင်းတဝိုက်ကို အရက်ဖြင့် ပက်ဖျန်းလိုက်သလို ဖြစ်သွားမည်ဖြစ်၏။ အရက်က ကင်ဆာရောဂါ မဖြစ်စေပါ။ သို့သော် ပါးစပ်၊ လည်ချောင်း စသည်တို့၌ အနည်တင်နေသော စီးကရက်မှ ဓာတ်များကို အရည်ပျော်စေ၍ ခန္ဓာကိုယ်ထဲကို မဝင်ဝင်သွားအောင် အကူအညီ ပေးလိုက်၏။
စီးကရက်သမားက စီးကရက်ကို ဆက်ပြီးသောက်လျှင် ပါးစပ်နှင့် လည်ချောင်းတွင်း ရောက်နေပြီးဖြစ်သော အရက်က အဆိပ်ဓာတ်များကို ခန္ဓာကိုယ်တွင်း မဝင်ဝင်အောင်ဆက်ပြီး ကူညီပြန်၏။ ဒီအချိန်မှာ ဝမ်းဗိုက်အတွင်းရှိ အသည်းက ၎င်းဆီရောက်လာသော အဆိပ်အတောက်များကို ဖျက်ဆီးပစ်နိုင်အောင် ကြိုးစားပေးရသည်။ အထူးသဖြင့် အရက်တွင်ပါလာသော ခန္ဓာကိုယ်တွင်းကို လောလောဆယ် ဒုက္ခပေးမည့် အဆိပ်များကို လျစ်လျူရှုထားရသလို ဖြစ်သွား၏။ ဒီလိုနှင့် စီးကရက် တစ်မျိုးထဲကို မှီဝဲနေသူ၏ သွေးထဲတွင် အဆိပ်ဓာတ်သည် မိနစ်အနည်းငယ်သာ ရှိနေရမည့်အစား အရက်ပါ တွဲဖက်သောသူတွင် နာရီပေါင်းများစွာကြာအောင် ဒုက္ခပေးနေတော့သည်။
အသည်းက အရက်တွင်ပါလာသော အဆိပ်များကို ဖျက်ဆီးပေးနေရစဉ် နောက် တာဝန်တစ်ခုကို လစ်ဟင်းသွားပြန်သည်။ ၎င်းမှာ သွေးထဲမှ အဆီဓာတ်ကိုယူပြီး သကြားဓာတ်အဖြစ် အသွင်ပြောင်းပေးရန် တာဝန်ဖြစ်သည်။ သို့ကြောင့် အရက်သမားတို့တွင် သွေးထဲ၌ အဆီဓာတ်သည် ပိုလျှံနေတတ်သည်။ တချိန်တည်း၌ စီးကရက်က ပါလာသော အဆိပ်ဓာတ်များနှင့် ပေါင်းစပ်မိသောအခါ သွေးခဲလွယ်သည့် အဆင့်ကို ရောက်သွား၏။ ဤတွင် သွေးကြောပိတ်သည့် ရောဂါမျိုးစုံနှင့် ဆက်စပ်သွား၏။
အဆုတ်ထဲ ပြန်ပြောင်းကြည့်ပါက စီးကရက်ငွေ့တွင် CO ဓာတ်ငွေ့ပါရှိသည်။ ထိုဓာတ်ငွေ့သည် အောက်ဆီဂျင်ဓာတ်ငွေ့ထက် သွေးထဲဝင်ရန် အဆ ၂၄ဝ လွယ်ကူသည်။ ထို့ကြောင့် စီးကရက် များများသောက်နေသူ တစ်ယောက်၏ သွေးထဲတွင် အောက်ဆီဂျင်ပါဝင်နှုန်းသည် ၈% နီးပါး လျော့နည်းသွား၏။ စီးကရက် အရက် တွဲဖက်စွဲနေသောသူသည် အစာအာဟာရ အစားအသောက် နည်းတတ်၏။ အာဟာရ ချို့တဲ့ နေတတ်၏။ ဤအချက်များ ပေါင်းစပ်မိသောအခါ ခန္ဓာကိုယ်၏ အာရုံကြောများကို ထိ၏။ အသည်းကမကောင်း၊ အောက်ဆီဂျင်ကနည်း၊ သွေးကြောတွေက ပိတ်လုလု၊ အခြေအနေမှာ ဦးနှောက်ကို ထိခိုက်၏။ နှလုံးသွေးကြောကို ဒုက္ခပေး၏။ အသက်ရှုလမ်းကြောင်းကို ဒုက္ခပေး၏။ ဤတွင် နဂိုက သွေးတိုးရောဂါ နည်းနည်းပါးပါး ရှိနေသူဖြစ်ပါက လေဖြတ်ခံရမှာ နှလုံးသွေးကြောပိတ် ရောဂါရတော့မှာ သေချာ၏။
အမျိုးသမီးများတွင် စီးကရက်သောက်ပြီး ပဋိသန္ဓေတားဆေးကိုပါ သုံးစွဲပါက ဦးနှောက်ထဲမှာ သွေးယိုသည်အထိ ဖြစ်တတ်၏။ အရက်က သွေးတိုးရောဂါကို အားပေး၏။ အစာအိမ်ရောဂါ ရှိသောသူသည် အရက်နှင့် စီးကရက်ကို ဆက်ပြီးမှီဝဲပါက ဘယ်ရောဂါမှ ရောဂါပျောက်ကင်းလိမ့်မည် မဟုတ်ချေ။
အမျိုးသားများတွင်လည်း အရက်ကို အလွန်အကျွံသောက်သုံးမိပါက သွေးထဲ၌ ကျား ဟော်မုန်းဓာတ် ကျဆင်း၏။ စီးကရက်ဖြင့် ပေါင်းစပ်မိပါက သုတ်ပိုးမထွက်သည့် အဖြစ် ရောက်သွားသည်။ ထိုအခါ အိမ်ထောင်ကျသော်လည်း ကလေးအဖေဘဝကို ပိုင်ဆိုင်နိုင်မည် မဟုတ်။
သို့ကြောင့် အရက်နှင့် စီးကရက် မတွဲမိအောင် အတတ်နိုင်ဆုံး ဆရာဝန်က ပြည်သူကို အကြံပေးကြပါဟု ၁၉၈၅ ခုနှစ်ထုတ် ကမ္ဘာ့ဆေးပညာ အသင်းဂျာနယ်မှ ရေးသားခဲ့ခြင်း ဖြစ်သည်။ [2]
(၁)လူဘဝသက်တမ်း
(၂)အဆုတ်ကင်ဆာရောဂါ
(၃)လည်မျိုကင်ဆာရောဂါ
(၄)ပါးစပ်ကင်ဆာ
(၅)အစာမျိုကင်ဆာ
(၆)ဆီးအိမ်ကင်ဆာရောဂါ
(၇)ပန်ကရိယကင်ဆာ
(၈)နှလုံးသွေးကြောပိတ်ရောဂါ
(၉)ရင်ကြပ်ပန်းနာ ရောဂါ
(၁၀)ပေါင်ချိန်မပြည့်သော ကလေးမွေးသည့်နှုန်း
(၁၁)အစာအိမ်အနာဖြစ်ခြင်း
(၁၂)သွေးကိုဖောက်စစ်လျှင်
အထက်ပါအတိုင်း စီးကရက်နှင့်ပက်သက်သော မကောင်းသည့်ဘက်က အထောက်အထားများသည် တနေ့တခြားတိုးတက်လာသဖြင့်အမေရိကန် ကင်ဆာရောဂါအသင်းကြီးမှ အတည်ပြုပြီးပြည်သူလူထုသို့ ဖြန့်ဝေထားသော လက်ကမ်းစာစောင်မှာဖြစ်သည်။[3]
(၁)ဆေးလိပ်နှင့် အစာအိမ်နာ
(၂) ကင်ဆာရောဂါ
(၃) သွေးကြောကျဉ်းမည်
နှလုံး မှာရှိတဲ့ သွေးကြောများ ပိတ်သွားပါက နှလုံးသို့ သွေးရောက်အောင် မပို့နိုင်တော့ဘဲ Heart Attack ဖြင့် သေဆုံးသည်ထိ ဖြစ်နိုင်ပါတယ်။ဦးနှောက်အတွင်းရှိ သွေးကြောများ ပိတ်ပါက လေတခြမ်းဖြတ်ခြင်း နှင့် လေဖြန်းခြင်းများ ဖြစ်စေနိုင်ပါတယ်။ ကျောက်ကပ် အတွင်းရှိ သွေးကြောများ ပိတ်သွားပါက ကျောက်ကပ်ကိုပါ ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ခြေထောက်မှာ ရှိတဲ့ သွေးကြောများ ပိတ်သွားပါက သွေးမလျောက် နိုင်တော့ဘဲ ပုပ်သွားကာ ခြေထောက် ဖြတ်ပစ်ရသည်ထိ ဖြစ်တတ်ပါတယ်။ ဆေးလိပ်ဟာ ကိုယ်တွင်းက အဓိက အဂါင်္တွေ အကုန်လုံးကို တိုက်ရိုက်ဆိုးကျိုးတွေ ပေးပါတယ်။
(၄) ခဏခဏချောင်းဆိုးမည်
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.