From Wikipedia, the free encyclopedia
စက္ကဝါက် (အင်္ဂလိပ်: Shelduck[1]) သည် ဟင်္သာမျိုးနွယ်ဝင်[2] (ဘဲ)ငှက်များအားလုံးကို ခြုံငုံ၍ သုံးနှုန်းသော အမည်နာမဖြစ်သည်။ ပါဏဗေဒအလိုအရ အန်နာတီဒီး (Anatidae) မျိုးရင်း၊ တဒ္ဒေါနီနီး (Tadorninae) မျိုးရင်းခွဲမှ ဇီဝဗေဒဆိုင်ရာ မျိုးရင်းတူ (ဘဲ)ငှက်များအစုအဖွဲ့ဖြစ်သည်။ မျိုးစုဝင် ငှက်အများစုသည် ကြီးမားသော ဘဲနှင့် ဘဲငန်း ကဲ့သို့ ပုံသဏ္ဌာန်ရှိကာ ဟင်္သာ၊ တောဘဲနှင့် အလားတူငှက်များ မျိုးစဉ်- "အန်စာရီဖောမီး (Anseriformes)" အတွင်း ပါဝင်ကြသည်။
စက္ကဝါက် Shelduck | |
---|---|
စက္ကဝါက်ငှက် | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Aves |
မျိုးစဉ်: | Anseriformes |
မျိုးရင်း: | Anatidae |
မျိုးရင်းသေး: | Tadorninae |
မျိုးစု: | Tadorna F. Boie, 1822 |
အမျိုးအစား မျိုးစိတ် | |
စက္ကဝါက် "(Annas tadorna)" လင်းနီးယပ်၊ ၁၇၅၈ | |
မျိုးစိတ် | |
T. ferruginea | |
Synonyms | |
စာ၌ ရှုပါ |
စက္ကဝါက် ဟူသည့် ဝေါဟာရသည် ပါဠိစကား "စက္ကဝါက"မှ ဆင်းသက်လာခြင်းဖြစ်ပြီး၊ တောင်ပေါက်ဓာန်တွင် "၎င်းစက္ကဝါက်ငှက် ဟူသည် မြစ်နား၊ ကမ်းနား၌ အဖိုအမနှစ်ကောင်တွဲ၍ နေတတ်သော....ငှက်မျိုးပင်တည်း" ဟူ၍လည်းကောင်း၊ ယင်း တောင်ပေါက်ဓာန် အနက်ဖွင့်ဆိုမှုအပေါ် မှီငြမ်း၍လည်း မြန်မာဝစ်ရှင်နရီ၌ "အဖိုအမနှစ်ကောင်တွဲ၍နေတတ်သော ရေဘဲတစ်မျိုး" ဟူ၍လည်းကောင်း၊ ကြောင်းတူသံကွဲဖော်ပြချက်တွင် "ဟင်္သာ" ဟူ၍လည်းကောင်း အနက်ဖွင့်ဆိုထားသည်။[2]
ထို့အပြင် ပါဏဗေဒအလိုအရ ၎င်းမျိုးတူငှက်အားလုံးသည်"Tardona" ဟူသော မျိုးစုထဲတွင်ပါဝင်ကြသောကြောင့် စက္ကဝါက် သည် ယင်းငှက်များအားလုံးကို ခေါ်ဆိုနိုင်သော အမည်ဖြစ်သည်။[2]
အောက်ပါဇယားသည် HBW နှင့် BirdLife International Illustrated Illustrated Checklist of the Birds of the World[3][4] မှ ရယူထားခြင်းဖြစ်သည်။
ဓာတ်ပုံ | သိပ္ပံအမည် | အများသုံးအမည် | ကျက်စားရာ ဒေသများ |
ထိန်းသိမ်း စောင့်ရှောက်ရေး | |
---|---|---|---|---|---|
♂ | ♀ | ||||
T. tadorna | စက္ကဝါက်ဟု လူသိများသည့် မျိုးစိတ် |
ဥရောပ၊ အာရှ၊ မြောက်အာဖရိက |
အန္တရာယ်မကျ ရောက်နိုင်သေး | ||
T. ferruginea | ဟင်္သာ | ဥရောပ၊ အာရှ၊ မြောက်အာဖရိက |
အန္တရာယ်မကျ ရောက်နိုင်သေး | ||
T. cana | တောင်အာဖရိက စက္ကဝါက် |
နမီးဘီးယား၊ ဘော့ဆွာနာ၊ တောင်အာဖရိက |
အန္တရာယ်မကျ ရောက်နိုင်သေး | ||
T. tadornoides | ဩစတြေးလျ စက္ကဝါက် |
ဩစတြေးလျ၊ နယူးဇီလန် |
အန္တရာယ်မကျ ရောက်နိုင်သေး | ||
T. variegata | သုခဘုံ စက္ကဝါက် |
နယူးဇီလန် | အန္တရာယ်မကျ ရောက်နိုင်သေး | ||
T. cristata | မောက်တင် စက္ကဝါက် |
အရှေ့အာရှ၊ ရုရှား |
မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိ |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.