စကေလာ
From Wikipedia, the free encyclopedia
အခြေခံအဆင့် သင်္ချာ သို့မဟုတ် ရူပဗေဒ တွင် စကေလာ (ခေါ်) ကိန်းထီး (အင်္ဂလိပ်: scalar) က ဗှတ္တာနှင့် မတူစွာဖြင့် ကိန်းတစ်လုံးထီးတည်းဖြင့် ဖော်ပြနိုင်သော သင်္ချာအားဖြင့် သင်္ချာဇာတ်ကောင် သို့မဟုတ် ရူပဗေဒအားဖြင့် တိုင်းဖွယ် ဖြစ်သည်။
ထို့ပြင် စကေလာသည် ဗှတ္တာအဖို့ မြှောက်ဖော်ကိန်းဖြစ် သက်ရောက်လျက် ဗှတ္တာ၏ အတိုင်းအဆကို ပြောင်းလဲနိုင်သေးသဖြင့် စကေလာကို ဆပြောင်းကိန်း ဟုလည်း ခေါ်နိုင်သည်။[1][2] ဥပမာအားဖြင့် နှင့် မြှောက်လိုက်ခြင်းသည် ၂ဆ ဖြစ်စေခြင်း၊ ½ နှင့် မြှောက်လိုက်ခြင်းသည် ဆဝက် ဖြစ်စေခြင်း၊ နှင့် မြှောက်လိုက်ခြင်းသည် ပင်ကို တစ်ဆအတိုင်းပင် ဆန့်ကျင်ဘက် လားရာ ရှိစေခြင်း ဖြစ်သည်။
အဆင့်မြင့်သင်္ချာ ခွဲခြမ်းစိတ်ဖြာ ဗေဒတွင်မူ စကေလာ (ဆပြောင်းကိန်း)သည် စက် (field)အတွင်း ပါဝင်သော အရာများ ဖြစ်သည်။