ငှက်မျိုးစိတ်များ From Wikipedia, the free encyclopedia
ငှက်တော် (Dicrurus macrocercus) သည် လင်းမြီးဆွဲငှက်နှင့်အတူ ဒိုင်ကရိုရီဒေးမျိုးရင်းတွင် ပါဝင်သည်။ ငှက်တော်မျိုး အများပင် ရှိသည်။ သတ္တဗေဒ(ပါဏဗေဒ) အမည်ဖြင့် ဒိုင်ကရုရပ်ပါရာဒီဆီယပ်ရန်ဂွန်နစ်ဆစ် ဟုခေါ်သော ငှက်တော်ကို ငှက်တော်မြီးတော်ရှည်ဟူ၍ သိကြသည်။ ကျီးကန်း၊ လင်းမြီးဆွဲငှက်တို့ကဲ့သို့ သပိတ်ရောင်အဆင်းရှိသည်။ ကိုယ်အလျား ၁၄ လက်မရှိ၍ ရှည်လျားသော အမြီးခွသည် ၁၃ လက်မအထိ ထိုးထွက်နေသည်။ ဤငှက်တော်သည် အသံအမျိုးမျိုးပြု၍ အော်တတ်သည်။ အခြားငှက်များ၏ အသံကိုလည်း အတုခိုး၍ အော်တတ်သည်။ ထိုငှက်၏အော်သံကို တစ်နေ့လုံး အဝေးကပင် ကြားနိုင်သည်။ ၆ ကောင်ခန့် အသင်းအပင်းဖွဲ့၍ နားနေရာမှ မကြာခဏ ထပျံ၍ ပိုးမွှားများကို ထိုးသုတ်တတ်ကြသည်။ ထိုနောက် နားနေရာသို့ တစ်ဖန်ပြန်လာတတ်ကြသည်။ မတ်လမှ မေလအတွင်းတွင် ငှက်တော်ကလေးများ ပေါက်ကြသည်။ အသိုက်ကို ပင်မြင့်ပေါ်၌ လုပ်တတ်သည်။ တစ်မြုံလျှင် ၃ ဥမှ ၄ ဥ အထိရှိသည်။ ဥမှာ ရှည်မျောမျော ခပ်ချွန်ချွန်ဖြစ်သည်။ ဥအရောင်မှာ အဖြူအောက်ခံပေါ်တွင် အနီ၊ အညို၊ ခရမ်းရောင်အပြောက်အစက်များ ရှိသည်။ ဤငှက်တော်မျိုးကို အရှေ့တိုင်းနိုင်ငံများတွင် အနှံ့အပြားတွေ့ရသည်။ မြန်မာနိုင်ငံ ပဲခူးရိုးမတောင်ရှိ ကျွန်းတောများတွင် အမြင်ရများသည်။ တောင်ခြေရှိ သစ်တောများတွင် နေလေ့ရှိသည်။ ပေ ၃ဝဝဝ ထက်မြင့်သော အရပ်ဒေသတွင် မနေကြချေ။[9]
Black drongo | |
---|---|
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Aves |
မျိုးစဉ်: | Passeriformes |
မျိုးရင်း: | Dicruridae |
မျိုးစု: | Dicrurus |
မျိုးစိတ်: | D. macrocercus |
ဒွိနာမ | |
Dicrurus macrocercus (Vieillot, 1817) | |
မျိုးစိတ်ခွဲများ | |
D. m. macrocercus (Vieillot, 1817)[2] | |
Approximate range
Breeding visitor Present year-round Winter visitor only | |
Synonyms | |
Buchanga atra |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.