ငါးမျိုးစဉ် From Wikipedia, the free encyclopedia
ငါးရှဉ့်သည် ရှည်လျား၍ ချောသည်။ အင်္ဂလိပ်ဘာသာဖြင့် Eel ဟုခေါ်ကြသည်။ ရုတ်တရက် ကြည့်လိုက်လျှင် ငါးဟုမည်သူမှမထင်ဘဲ ရေမြွေတစ်မျိုးဟု ထင်မှတ်မှားကြသည်။ တချို့သည် တွင်းနှင့် နေလေ့ရှိသည်။ မြွေကဲ့သို့ အကြေးခွန်မရှိပေ။ ပြောင်ချောနေပြီး အဖမ်းရခက်၏။ တိရစ္ဆာန် အသေကောင်များကို စားသောက် လေ့ရှိသည်။ ငါးရှဉ့်တွင် နှစ်မျိုး ရှိသည်။ ငါးရှဉ့်ပနီ (ပါးနီ)နှင့် ငါးရှဉ့်ပမဲ (ပါးမဲ)ဟူ၍ ဖြစ်သည်။ ငါးရှဉ့်သည် Anguilliformes မျိုးစဉ်တွင် ပါဝင်ပြီး ယင်းထဲတွင် မျိုးစဉ်ခွဲ ၈ ခု၊ မျိုးရင်း ၁၉ ခု၊ မျိုးစု ၁၁၁ ခု၊ မျိုးစိတ် ၈၀၀ ခန့် ပါဝင်သည်။ သိပ္ပံနည်းဖြင့် မျိုးရိုးခွဲခြားမှုအရ ငါးရှဉ့်မျိုးနွယ်သော မပါဝင်သော လျှပ်စစ်ဓာတ်အား ထုတ်ပေးနိုင်သည့် ငါးရှဉ့်တမျိုးကိုလည်း လျှပ်စစ် ငါးရှဉ့်ဟုပင် ခေါ်သည်။
Eels Temporal range: | |
---|---|
en:Anguilla japonica | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Actinopterygii |
Superorder: | Elopomorpha |
မျိုးစဉ်: | Anguilliformes L. S. Berg, 1943 |
အမျိုးအစား မျိုးစု | |
Anguilla | |
မျိုးစဉ်ခွဲများ | |
ငါးရှဉ့်သည် စင်စစ် ရေချိုသားငါးဖြစ်၍ ချောင်း၊ မြောင်း၊ အင်းအိုင်များမှာ ငါးရှဉ့်တို့၏ မူလနေရပ်များဖြစ်သည်။ ဆောင်းဦးပေါက်လာလျှင် ငါးရှဉ့်တို့သည် မြစ်ချောင်းများမှ ပင်လယ်သို့ ဆင်းလာကြသည်။ ယင်းသို့ ဆင်းလာရာ၌ ညဘက်တွင် ခရီးပို၍ သွားကြသည်။ နေ့အခါတွင် တစ်စုတစ်အုပ်တည်း ရေအောက်ရှိ ရွှံ့နွံထဲတွင် ပုန်းလျှိုး၍ နေလေ့ရှိကြသည်။ ညမှောင်စ အချိန်သို့ ရောက်သည်နှင့် ခရီးဆက်သွားကြပြန်သည်။ ပင်လယ်သို့ရောက်သောအခါ ကမ်းခြေတစ်လျှောက်တွင်သာမက ရေနက်သော နေရာများ၌လည်း ကျက်စားကြသည်။
ငါးရှဉ့်တို့သည် ပင်လယ်ထဲတွင် ဥအုကြပြီး၊ ပင်လယ်ထဲမှာပင် သေကြေပျက်စီးကြသည်။ ငါးရှဉ့်ဥများသည် အကာအကွယ်ကင်းလျက် ထိုမှဤမှ မျောနေလေ့ရှိသည်။ ငါးရှဉ့်ဥပေါင်းများစွာကို ပင်လယ်သတ္တဝါ အမျိုးမျိုးက စားပစ်လိုက်ကြသည်။ ကျန်ရစ်သောဥများမှ အချိန်တန်သောအခါ ငါးရှဉ့်ကလေးများ ပေါက်လာကြသည်။
ငါးရှဉ့်ကလေးများသည် ဥမှ ပေါက်လာသည့်အခါတွင် သေးငယ်ပြီး ပြားသောပုံသဏ္ဌာန် ရှိကြသည်။ ပထမ နှစ်လခန့်တွင် ငါးရှဉ့်ကလေးသည် ၃ လက်မခန့် ရှိသည်။ ထိုနောက် အနည်းငယ်မျှ ပြန်၍ ငယ်သွားကြသည်။ အရောင်လည်း အညိုရောင်သို့ ပြောင်းသွားသည်။ ထိုအခါမှ ငါးရှဉ့်နှင့် ပုံပန်းသဏ္ဌာန်တူ လာတော့သည်။
သာမန်ငါးရှဉ့်၌ ကျဉ်းမြောင်းသော ဦးခေါင်း၊ တိုသောမေးရိုးနှင့် ရှည်လျားသော ကိုယ်ရှိ သည်။ လည်မျိုနားတွင်လည်း ဆူးတောင် ၂ ခုပါရှိသည်။ ထိုဆူးတောင် ၂ ခု အပြင် နောက်ကျောအလယ် အမြီးနား တစ်ဝိုက်လောက်ဆီမှ အစာအိမ် အလယ်ပိုင်းလောက်အထိ တဆက်တည်းဖြစ်နေသော ဆူးတောင်တစ်မျိုးသည်လည်း ရှိသေးသည်။
ငါးရှဉ့်ငယ်သည် ငါးရှဉ့်ကြီးအဖြစ်သို့ ပြောင်းလဲသွားသည်နှင့် တစ်ပြိုင်နက် ရေချိုရပ်များသို့ စတင် ခရီးထွက်တော့သည်။ ရေချိုဒေသများဖြစ်သည့် ချောင်းမြောင်း၊ အင်းအိုင်တို့သို့ ရောက်လျှင် ငါးရှဉ့်သည် ထပ်မံကြီးထွားလာသည်။ ပင်လယ်မှ ရေချိုဒေသသို့ ခရီးထွက်ရာတွင် လမ်းခရီး၌ မကျော်ဖြတ်နိုင်သော ရေတံခွန်၊ ချောက် စသည်တို့နှင့်တွေ့လျှင် ငါးရှဉ့်သည် ရေထဲမှ ထွက်လာကာ မြက်စိုများရှိရာအရပ်ကို ကျော်ဖြတ်၍ အလိုရှိသော ချောင်းမြောင်းများရှိရာ အရပ်သို့ အရောက်သွားလေ့ ရှိသည်ဟု အဆိုရှိလေသည်။
ငါးရှဉ့်တို့သည် အစုအအုပ်နှင့်ချီ၍ တစ်နေရာမှ တစ်နေရာသို့ သွားတတ်သဖြင့် အစုလိုက်အအုပ်လိုက် ဖမ်းဆီးရမိရန် များစွာ လွယ်ကူသည်။ ရိုးရိုးငါးရှဉ့်မှာ အလျား ၂ ပေမှ ၃ ပေအထိ ရှိသည်။ ပင်လယ်ထဲ၌နေသော ငါးရှဉ့်ကြီများမှာ ၆ ပေ ကျော်အထိ ရှည်လျားသည်။
မြန်မာနိုင်ငံ၌ တွေ့ရသော ငါးရှဉ့်မျိုးတို့မှာ ငါးရှဉ့် (အမ်ဖီနပ် ကုချိယား)၊ ငမြီးထောင် (အင်ဂွီလားဗင်ဂလန်ဆစ်)၊ ငါးရှည်ကျား (အင်ဂွီလားဗိုင်ကာလာ) ဖြစ်ကြသည်။ ပထမနှစ်မျိုးသည် ရေချိုငါးရှဉ့်မျိုးဖြစ်၍ တတိယအမျိုးမှာ ပင်လယ်ငါးရှဉ့်မျိုး ဖြစ်သည်။ ငါးရှဉ့်အသားမှာ အရသာရှိ၏။ မြန်မာတို့သည် ငါးရှဉ့်ကို ကင်၍၎င်း၊ ချက်၍၎င်း စားကြသည်။ ထို့ပြင် ငါ့ရှဉ့်သွေးကို သောက်ကြသည်။ [2]
ငါးရှဉ့် မွေးမြူပုံမှာ နှစ်မျိုးရှိသည်။
ပထမဦးစွာ မြေကြီးထဲသို့ အုတ်ရေကန်ကို နှစ်ပေလောက် မြုပ်အောင်တည်ရသည်။ မြေပြင်ပေါ်သို့ သုံးပေမျှ မြင့်ရသည်။ အုတ်ရေကန်၏ အကျယ်အဝန်းမှာ ဆယ်ပေ x ပေနှစ်ဆယ် ဖြစ်သည်။(မွေးမည့်အကောင်ရေပေါ် မူတည်သည်။) အုတ်ရေကန်ပြီးသောအခါ ရေကန်ထဲသို့ မြေကြီး (ရွှံ့မြေ) တစ်လွှာခင်းရသည်။ ထိုအပေါ်မှ တိရစ္ဆာန်အသေကောင်များ ဖြန့်ခင်းရသည်။ ထို့နောက် ရွှံ့မြေ တစ်ထပ် ခင်းရသည်။ ထိုသို့ ရွှံ့မြေတစ်ထပ်၊ အသေကောင်တစ်ထပ် (သုံးထပ်တိတိ) ခင်းပြီးနောက် နောက်ဆုံးအလွှာပေါ်သို့ ရွှံ့မြေထပ်ခင်းပြီး ရေထည့်ရသည်။ ရေအနက် တစ်ပေရောက်အောင် ဖြည့်ရသည်။ ပြီးလျှင် ငါးရှဉ့်ပမဲ(ပါးမဲ)အကောင်ပေါက်များကို ထည့်ရသည်။ ရေအနက် တစ်ပေထက် လျော့သွားလျှင် ရေပြန်ဖြည့်ပေးရသည်။ ရေအထုတ်အသွင်း လုပ်စရာမလိုပေ။ အစာအား သီးသန့်ကျွေးစရာမလိုဘဲ တိရစ္ဆာန်အသေကောင်များကို စားသွားရင်းနှင့် ငါးရှဉ့်များ ကြီးထွားလာပေသည်။ ငါးလခန့်ထားပြီးဖော်၍ ရောင်းရန်အသင့် ဖြစ်နေသည်။
ပထမဦးစွာ မြေပြင်ပေါ်တွင် အုတ်ရေကန် တည်ရသည်။ ရေကန်ထဲသို့ မြေကြီး (ရွှံ့မြေ) တစ်လွှာခင်းရသည်။ ရေအမြင့် တစ်ပေလောက် ထည့်ပေးရသည်။ အုတ်ကန်အရွယ်အစားနှင့် အနက်သည် ပမွဲမွေးကန်များထက် ငယ်သည်။ ရေကန်ကို ရေအထုတ်အသွင်း လုပ်ပေးရသည်။ အစာအား ငါးစာတောင့်များ ကျွေးရသည်။ ငါးလခန့်ထားပြီး ဖော်၍ Export(နိုင်ငံခြားသို့ တင်ပို့) လုပ်ကြသည်။ ပါးမွဲထက် ဈေးကောင်းရသည်။
ငါးရှဉ့်သည် ရေသတ္တဝါများ ထဲတွင် တခြားသတ္တဝါတွေထက် လေးပင်သည်။ အရသာရှိသည်။ ငါးရှဉ့်ပနီ (ပါးနီ)သည် စားကောင်း၍ ငါးရှဉ့်ပမဲ (ပါးမဲ)သည် စားမကောင်းပေ။ ငါးရှဉ့်သွေးကို အရက်ထဲ ထည့်သောက်လျှင် ယောက်ျားကာမ အားတိုးသည်ဟု တရုတ်များက ယူဆ၏။ [3]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.