ငါးမန်း
From Wikipedia, the free encyclopedia
ငါးမန်း ဆိုသည်မှာ ပုံပန်းသဏ္ဌာန်ဆင်၍ မျိုးစဉ်တူပြီး မျိုးရင်း၊ မျိုးစု၊ မျိုးစိတ် မတူကြသော အသားစား အဏ္ဏဝါသားရဲတိရစ္ဆာန် ငါးများကို စုပေါင်း ခေါ်ဆိုလေ့ရှိကြသည့် လူအသုံးအများဆုံး အမည်နာမ တစ်ခုဖြစ်သည်။
ငါးမန်း | |
---|---|
ဝဲ အပေါ်မှ နာရီလက်တံအတိုင်း။ spiny dogfish, Australian angelshark, ဝေလငါးမန်း, ငါးမန်းဖြူကြီး, horn shark, frilled shark, scalloped hammerhead and ဂျပန် ငါးမန်းစွယ်သည် "အောက်ပါ မျိုးစဉ်တစ်ခုစီမှ ကိုယ်စားပြုဖော်ပြချက်ဖြစ်သည်။" Squaliformes, Squatiniformes, Orectolobiformes, Lamniformes, Heterodontiformes, Hexanchiformes, Carcharhiniformes and Pristiophoriformes | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Chondrichthyes |
မျိုးပေါင်းသေး: | Elasmobranchii |
Infraclass: | Euselachii |
Superorder: | Selachimorpha |
မျိုးစဉ်များ | |
Carcharhiniformes | |
Synonyms | |
|
ကမ္ဘာအရပ်ရပ်ရှိ ငါးမန်းတို့တွင် တစ်တောင်သာသာမျှသာရှိသော ငါးမန်းငယ်မျိုးမှ ကိုယ်ထည်ကြီးမားသော ငါးမန်းကြီးမျိုး အထိ အမျိုးများစွာရှိသည်။ ငါးမန်းတို့သည် ငလိပ်ကျောက်များနှင့်အတူ ဆီလာချီမော်ဖာ အထက်မျိုးစဉ်ကြီးတွင်ပါဝင်ကြသည်။ ငါးမန်းကြီးမျိုးသည် ပေ ၄ဝ မှ တစ်ခါတစ်ရံ ပေ ၆ဝ လောက်အထိပင် ကြီးမားသည်။ ငါးမန်းကို အေးသောအရပ်ဒေသများမှထက် ပူသောနေရာဒေသများတွင် ပို၍တွေ့မြင်ရသည်။ မျိုးပွားနှုန်းအလွန်နှေးကွေးခြင်း၊ ဖမ်းဆီးသူများပြားခြင်းတို့ကြောင့် မျိုးတုံးမည့်အခွင့်အလမ်းအများဆုံးငါးတစ်မျိုးဖြစ်သည်။ ငါးမန်းတောင်ဟင်းချိုကို တန်ဖိုးထားစားသောက်လေ့ရှိသောကြောင့်လည်း ဖမ်းဆီးသူ များပြားရသည်။ ငါးမန်းတို့သည် ခရီးဝေးဝေး သွားလာကာ ကျက်စားတတ်သည်။ ကမ္ဘာ့မြောက်ဘက်ဝင်ရိုးစွန်းတို့ရှိ ဂရင်းလန်ကျွန်းအနီးမှ ငမန်းတို့သည် ပြင်သစ်နိုင်ငံကမ်းခြေသို့ပင်ရောက်အောင် ဆင်းလာ၍ ကျက်စားတတ်ကြသည်ဟု ဆိုသည်။