![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/2/29/Julius_Caesar.jpg/640px-Julius_Caesar.jpg&w=640&q=50)
ဂျူးလိယက်ဆီဇာ
ရှေးခေတ်ရောမနိုင်ငံရေးသမား၊စစ်ဗိုလ်ချုပ်နှင့်အာဏာရှင် / From Wikipedia, the free encyclopedia
ဂိုင်းယပ်စ် ဂျူးလိယက် ဆီဇာ (လက်တင်: Gaius Julius Caesar; /ဂိုင်ယု(စ်) ယူလီယု(စ်) ကိုင်ဇာ/ ) သည် ရောမသမ္မတနိုင်ငံ ပျက်သုန်းခြင်း၊ ရောမဧကရာဇ်နိုင်ငံတော် ပေါ်ပေါက်လာခြင်း ဖြစ်စဉ်များ၌ အဓိကအခန်းကဏ္ဍမှပါဝင်ခဲ့သော ရောမစစ်ဗိုလ်ချုပ်၊ နိုင်ငံရေးသမားတစ်ဦးဖြစ်သည်။ မျိုးရိုး အမည်နှင့် ကိုယ်ပိုင် အမည်တို့ ပေါင်းစပ်ထားသော ဂျူးလိယက် ဆီဇာ ဟူသည့် အမည်ဖြင့် ပို၍လူသိများသည်။ ဂျူးလိယက် ဆီဇာသည် သူ၏အမည်ကို ဂျာမန် ဘာသာတွင် "Kaiser" အဖြစ်လည်းကောင်း၊ ဆလပ်ဗ်ဘာသာတွင် "Tsar" အဖြစ်လည်းကောင်း၊ အစ္စလာမ်ကမ္ဘာမှ ဘာသာစကားများတွင် "Qaysar" ဟူ၍လည်းကောင်း ဧကရာဇ်များ အဆင့်အမြင့်ဆုံးအုပ်ချုပ်သူများကို ရည်ညွှန်းသည့် စကားလုံးအဖြစ် အသုံးပြုရလောက်အောင်ပင် နိုင်ငံရေးနယ်ပယ်တွင် ထူးချွန်ပြောင်မြောက်လှသူ ဖြစ်သည်။[1] ထို့အပြင် သမိုင်းပညာရှင်အများအပြားကလည်း ဂျူးလိယက် ဆီဇာကို ထက်မြက်သော စစ်ဗိုလ်ချုပ်အဖြစ်လည်း လက်ခံထားကြ၏။[2] ဆီဇာသည်ကား စစ်ရေးနှင့်နိုင်ငံရေးတွင်သာကျွမ်းကျင်သည်မဟုတ် စာပေဖက်တွင်လည်း ထူးချွန်သူဖြစ်သည်။ ဂေါလ် (Gaul) နယ်ကို သိမ်းသွင်းစဉ် တိုက်ခိုက်နေရင်း မအားလပ်သည့်ကြားမှ လက်တင်ဘာသာဖြင့် သူရေးသားခဲ့သော မှတ်တမ်းများ (ဥပမာ : Commentāriī dē Bellō Gallicō) သည်လည်း ရိုးရှင်းပြတ်သားသောကြောင့် လက်တင်ဘာသာကို လေ့လာသင်ယူလိုသူတိုင်း လက်စွဲအဖြစ် ယနေ့တိုင် လေ့လာနေကြရလေသည်။[3] သို့သော်လည်း ရောမသမ္မတနိုင်ငံတော် ပျက်စီးခြင်းတွင် အဓိကကျသူ ဖြစ်သောကြောင့် အာဏာရှင်၊ ဒီမိုကရေစီ၏ရန်သူ စသည်ဖြင့်လည်း သတ်မှတ်ခံရသူဖြစ်သည်။[4]
![]() | ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။(24 Jul 2021) |
ဂျူးလိယက်ဆီဇာ | |
---|---|
![]() | |
ရောမသမ္မတနိုင်ငံ၏အာဏာရှင် | |
တာဝန်သက်တမ်း ဘီစီ ၄၉ အောက်တိုဘာ ၂၅ – ဘီစီ ၄၄ မတ် ၁၅ | |
ယခင်လူ | ဆာလာ (ဘီစီ ၈၁/၈၂)ရောမသမ္မတနိုင်ငံ၏အာဏာရှင်အဖြစ် |
ဆက်ခံသူ | ဩဂတ်စတက်ဆီဇာ (ဘီစီ ၂၇- အေဒီ ၁၄) ရောမဧကရာဇ် အဖြစ် |
ရောမသမ္မတနိုင်ငံ၏ကောင်စီ | |
တာဝန်သက်တမ်း ဘီစီ ၄၄ ဇန်နဝါရီ ၁ – ဘီစီ ၄၄ မတ် ၁၅ မာ့ခ် အန်ထိုနီ | |
ယခင်လူ | စီ၊ကန်နီးနီးယပ်စ် ရီဘီးလပ်စ်(အစားထိုးကောင်ဆယ်)နှင့်ဂေးယပ်စ်ထရီဘိုးနီးယပ်စ်(အစားထိုးကောင်ဆယ်) |
ဆက်ခံသူ | ပီ၊ကော်နယ်လီးယပ်စ် ဒိုနာဘယ်လာ(အစားထိုးကောင်ဆယ်)နှင့် မာ့ခ်အန်ထိုနီ |
တာဝန်သက်တမ်း ဘီစီ ၄၆ ဇန်နဝါရီ ၁ – ဘီစီ ၄၅ စက်တင်ဘာ အမ်၊ အေမဲလလိယပ်စ် လိပိဒပ်စ် | |
ယခင်လူ | ကြူ၊ ဖျူးဖျိယပ်စ် ကယ်လိနပ်စ် နှင့် ပါဘလီးယပ်စ် ဗာတီးနီးယပ်စ် |
ဆက်ခံသူ | ကြူ၊ ဖေးဘီးယပ်စ် မက်စ်ဆီးမပ်စ်(အစားထိုးကောင်ဆယ်)နှင့် ဂေးယပ်စ် ထရီဘိုးနီးယပ်စ်(အစားထိုးကောင်ဆယ်) |
တာဝန်သက်တမ်း ဘီစီ ၄၈ ဇန်နဝါရီ ၁ – ဘီစီ ၄၇ ဇန်နဝါရီ ၁ ပီ၊ ဆာဗီးလီးယပ်စ် ဗာတီယာ အိုက်ဆောရီးကပ်စ် | |
ယခင်လူ | စီ၊ ကလော်ဒီးယပ်စ် မာဆယ်လပ်စ် အကြီးနှင့် လယ်လ်၊ ကော်နယ်လီးယပ်စ် လန်းကျူလပ်စ် ကရပ်စ် |
ဆက်ခံသူ | ကြူ၊ဖျူးဖျိယပ်စ် ကယ်လိနပ်စ်နှင့် ပါဘလီးယပ်စ် ဗာတီးနီးယပ်စ် |
တာဝန်သက်တမ်း ဘီစီ ၅၉ ဇန်နဝါရီ ၁ – ဘီစီ ၅၈ ဇန်နဝါရီ ၁ မားကပ်စ် ကယ်လ်ပါနီးယပ်စ် ဘီးဘုလပ်စ် | |
ယခင်လူ | ကြူ၊ ဆီစီလီးလီးယပ်စ် မက်တယ်လာ ဆီလာနှင့် လူးစီးယပ်စ် အက်ဖရေးနီးယပ်စ် |
ဆက်ခံသူ | အယ်လ်၊ ကယ်လ်ပါးနီးယပ်စ် ပစ်ဆို ဆီဆိုးနီးယပ်စ်နှင့် အောလပ်စ် ဂါဘီးနီးယပ်စ် |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | ဘီစီ ၁၀၀ ဂျူလိုင် ၁၃ ရောမြို့၊အီတလီ၊ရောမသမ္မတနိုင်ငံ။ |
ကွယ်လွန် | ဘီစီ ၄၄ မတ် ၁၅ (အသက် ၅၅နှစ်) ရောမမြို့၊အီတလီ၊ရောမသမ္မတနိုင်ငံ။ |
ကွယ်လွန်ရသည့် အကြောင်းရင်း | လုပ်ကြံခံရခြင်း(ဓားဒဏ်ရာဖြင့်) |
သင်္ဂြိုဟ်ရာနေရာ | ဆီဇာ၏ဘုရားကျောင်း၊ရောမမြို့။( Temple of Caesar)(Rome) |
နိုင်ငံသား | ရောမ |
နိုင်ငံရေးပါတီ | ပြည်သူ့ဘက်တော်သား |
ကြင်ဖော်(များ) |
|
သားသမီး |
|
မိဘ | ဂိုင်းယပ်စ် ဂျူးလိယက် ဆီဇာနှင့် အော်ရယ်လ်လီးယပ်စ် ကော်တာ |
စစ်မှုထမ်းခြင်း | |
သစ္စာခံနိုင်ငံ | ဖိုင်:Roman military banner.svg ရောမသမ္မတနိုင်ငံ (Roman Republic) |
တပ်/တပ်ဖွဲ့ခွဲ | ရောမစစ်တပ် (Roman Army) |
တိုက်ပွဲ/စစ်ပွဲများ |
|
ဂျူးလိယက် ဆီဇာသည် အထင်ကရ ရောမနိုင်ငံရေးသမား စစ်ဗိုလ်ချုပ်အတိုင်ပင်ခံအဖြစ် စံချိန်တင် ခုနှစ်ကြိမ်အထိ ရွေးကောက်တင်မြှောက်ခံရသူ ဂိုင်းယပ်စ်မရိုင်းယပ်စ်၏ တူတော်သူလည်းဖြစ်သည်။[5] မရိုင်းယပ်စ် (Gaius Marius) နှင့် ဆာလာ(Sulla) တို့ပြည်တွင်းစစ်ဖြစ်၍ မရိုင်းယပ်စ်ကွယ်လွန်ကာ ဆာလာ အာဏာရလာချိန်တွင် ဆာလာက ဆီဇာကို သာသနာ့ဘောင်မှထုတ်ကာ ဇနီးကော်နယ်လီယာနှင့် ကွာရှင်းစေသည်။ ဆီဇာက ကွာရှင်းရန်ငြင်းဆို၏။ ထို့အပြင် ဆာလာက ဆီဇာကို သတ်ရန်လည်းကြိုးစားပြန်သည်။ အကြောင်းပြချက်မှာ ဆီဇာ့ထံတွင် မရိုင်းယပ်စ်၏ စိတ်ဓာတ်များ အပြည့်ရှိနေသောကြောင့်ဟု ဆိုသည်။ ဆာလာ၏လူများက ဆီဇာကဲ့သို့ငယ်ရွယ်သူကို သတ်ရန်အကြောင်းမရှိဟု ပြောကြသောကြောင့် ချမ်းသာရာရခဲ့၏။ သို့သော် စိတ်မချရသောကြောင့် ရပ်ဝေးတွင်တိမ်းရှောင်ရသည်။[6] ဆာလာအာဏာကျဆင်းလာချိန်တွင် ရောမသို့ပြန်လာကာ နိုင်ငံရေးလုပ်၏။ ဘီစီ ၅၉တွင် ပထမဆုံးအကြိမ် ကောင်ဆယ်အဖြစ် အရွေးခံရပြီး ဘီစီ ၆၀တွင် နာမည်ကျော် ရောမစစ်ဗိုလ်ချုပ် ပွန်ပီ (Pompei)၊ လူချမ်းသာ ကရက်ဆပ်စ်(Crassus) တို့နှင့်ပေါင်းကာ ပထမသုံးပွင့်ဆိုင်အဖွဲ့ (First Triumvirate) ကိုဖွဲ့ကာ ရောမသမ္မတနိုင်ငံကို အုပ်ချုပ်သည်။[7] ဂေါလ်စစ်ပွဲများ(ဘီစီ ၅၈ မှ ၅၁)အပြီးတွင် ဂေါလ်နယ်ကို သိမ်းပိုက်သည်။ ထိုအတောအတွင်း အရှေ့ဘက်စစ်ပွဲများတွင် ကရက်ဆပ်စ်ကွယ်လွန်ပြီး သုံးပွင့်ဆိုင်အဖွဲ့ပျက်ကာ ဘီစီ ၄၉တွင် ပွန်ပီနှင့်ဆီဇာ စစ်ဖြစ်ပြီး ပြည်တွင်းစစ်စတင်၏။ ဘီစီ ၄၅တွင် ဆန့်ကျင်ဘက် အင်အားစုများကို အနိုင်ရကာ ပြည်တွင်းစစ်ပြီးဆုံး၍ ရောမတွင် ပြိုင်ဘက်မရှိသူဖြစ်လာသည်။ ဆီးနိတ် (Roman Senate) ကလည်း မတတ်သာသဖြင့် ဆီဇာအလိုကျ အာဏာရှင်အဖြစ်ခန့်အပ်သည်။ ပြက္ခဒိန်ကိုပြင်ဆင်ခြင်း၊ နယ်ဘက်အုပ်ချုပ်ရေးကို ပြင်ဆင်ခြင်းစသည်တို့ကို ဆောင်ရွက်ဆဲမှာပင် အာဏာကိုတစ်ဦးတည်း ချုပ်ကိုင်ထားမှုကြောင့် ဆီးနိတ်အတွင်းမှ သက်ဦးဆံပိုင်အာဏာရှင်စနစ် ဖြစ်သွားမည်ကို မလိုလားသူများက လုပ်ကြံသဖြင့် ဘီစီ ၄၄ မတ် ၁၅ တွင် ကွယ်လွန်သည်။ ဆီဇာကွယ်လွန်သွားသောအခါ တူတော်သူ အော့တေးဗီးယန်းက ဆီဇာ၏အမွေခံယူပြီး ဆီဇာ၏ပြုပြင်ရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်သည်။ နောက်ဆုံးတွင် ဩဂတ်စတက် အမည်ဖြင့် ပထမဆုံး ရောမဧကရာဇ် ဖြစ်လာကာ ရောမသမ္မတနိုင်ငံမှ ရောမဧကရာဇ် နိုင်ငံတော် ဖြစ်လာသည်။ တနည်းအားဖြင့် ဆိုသော် ဆီဇာ၏လုပ်ရပ်များက ရောမသမ္မတနိုင်ငံ ကျဆုံးခြင်းအတွက် အဓိကနေရာမှပါဝင်ခဲ့သည် ဟုဆိုရပေမည်။ [8]