ဂျူးရားတောင်တန်း
ဆွစ်ဇာလန်နိုင်ငံနှင့် ပြင်သစ်နိုင်ငံနှစ်ခုအကြားတွင် သွယ်တန်းလျက်ရှိသော တောင်တန်း From Wikipedia, the free encyclopedia
ဆွစ်ဇာလန်နိုင်ငံနှင့် ပြင်သစ်နိုင်ငံနှစ်ခုအကြားတွင် သွယ်တန်းလျက်ရှိသော တောင်တန်း From Wikipedia, the free encyclopedia
ဂျူးရားတောင်တန်းသည် ပြင်သစ်နှင့် ဆွစ်ဇာလန်နိုင်ငံ ၂ ခုကြားတွင် အရှေ့မြောက်မှ အနောက်တောင်သို့ တန်းလျက်တည်ရှိသည်။ အကျယ်အားဖြင့် ၃၈ မိုင်ခန့်ရှိ၍ ၁၅၆ မိုင် ရှည်လျားသည်။ တောင်တန်း၏ အလယ်ကို ချန်လှပ်၍ အခြား နေရာများတွင် မြစ်များနှင့် နက်ရှိုင်းသော တောင်ကြားများ ဖြတ်သန်းလျက်ရှိသည်။ အနောက်ဘက်တွင် တောင်တန်းသည် ပြင်သစ်နိုင်ငံတွင်းရှိ မြေနိမ့်ပိုင်းသို့ ခပ်ပြေပြေ နိမ့်ဆင်းသွား သည်။ အရှေ့ဘက်၌မူကား တောင်များသည် အလွန်မတ်စောက် ၍ တောင်ပေါ်ချောင်းတို့သည် ဂျီနီးဗားနှင့် နျူရှားတဲအိုင်များသို့ ဒလဟော စီးဆင်းကြသည်။ တောင်တန်း၏ မြောက်ဘက်အစွန် ဆုံးတွင် ထင်ရှားကျော်စောသော ဗဲဲလဖောတောင်ကြား ရှိ၏။
ဂျူးရားတောင်တန်း | |
---|---|
Looking towards Lélex from near the Crêt de la Neige | |
အမြင့်ဆုံးအမှတ် | |
တောင်ထွတ် | Crêt de la Neige |
အမြင့် | ၁,၇၂၀ m (၅,၆၄၀ ft) |
ကိုဩဒိနိတ် | 46°16′15″N 5°56′22″E |
ပထဝီဝင် | |
နိုင်ငံများ | ပြင်သစ်နိုင်ငံ နှင့် ဆွစ်ဇာလန်နိုင်ငံ |
ဒေသများ | Auvergne-Rhône-Alpes၊ Bourgogne-Franche-Comté၊ Vaud၊ Canton of Neuchâtel၊ Canton of Jura နှင့် Basel-Landschaft |
တောင်တန်း ကိုဩဒိနိတ် | 46°40′N 6°15′E |
ထိုတောင်ကြားလမ်းမှာ လူနေအစည်ကားဆုံးဖြစ်သော ပြင်သစ် နိုင်ငံတွင်းရှိ ဒေသကို ဖြတ်သွားလေရကား ပြင်သစ်နိုင်ငံ၏ အိမ်ရှေ့တံခါးပေါက်ဟု ဆိုနိုင်သည်။ ဂျူးရားတောင်တန်း၏ အနောက်တောင်ပိုင်းတွင် သစ်ပင်များ အလွန်ထူထပ်စွာ ပေါက် ရောက်လျက်ရှိသည်။ ထိုသစ်တောမှရသော သစ်သားတစ်မျိုးကို ကလေးကစားစရာပြုလုပ်ရန် အသုံးချကြသည်။ တောင်တန်း၏ ကုန်းမြင့်ဒေသတို့တွင် မြက်ခင်းလွင်ပြင်များရှိလေရာ ထိုဒေသ၌ သိုးကိုမွေးမြူကြသည်။ ဂျုံကိုလည်း စိုက်ကြသည်။[1]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.