ဂျာမနီနိုင်ငံကိုယ်စားပြု အမျိုးသား ဘောလုံးအသင်း From Wikipedia, the free encyclopedia
ဂျာမနီ အမျိုးသား ဘောလုံးအသင်း(ဂျာမန်: Die deutsche Fußballnationalmannschaftသည် ဂျာမနီနိုင်ငံကိုယ်စားပြု အမျိုးသား ဘောလုံးအသင်းတစ်သင်းဖြစ်ပြီး ၁၉၀၈ ခုနှစ်တွင် နိုင်ငံတကာပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ဖွဲ့စည်းခဲ့သည်။[4] ဂျာမနီအမျိုးသား ဘောလုံးအသင်းကို ၁၉၀၀ ခုနှစ်တွင် တည်ထောင်ခဲ့သော ဂျာမနီနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(German Football Association (Deutscher Fußball-Bund))မှ စီမံခန့်ခွဲသည်။[8][9] ၁၉၄၉ နှင့် ၁၉၉၀ နှစ်များကြားတွင် မဟယမိတ်တို့၏ ဂျာမနီကိုသိမ်းပိုက်၍ နယ်မြေကွဲထွက်မှုများကြောင့် သီးခြား ဂျာမနီအသင်းများကို ဖီဖာက အသိအမှတ်ပြုပေးခဲ့သည်။ သီးခြားဂျာမနီအသင်းများမှာ ၁၉၄၉ မှ ၁၉၉၀ အထိ အနောက်ဂျာမနီအမည်တွင်သည့် ဂျာမနီသမ္မတပြည်ထောင်စုနိုင်ငံ (Federal Republic of Germany) ကို DFB အသင်းက ကိုယ်စားပြုသည်။ ၁၉၅၀-၁၉၅၆ တွင် ဆား(Sarr) အထိန်းသိမ်းခံနိုင်ငံကို ဆားလန်း အမျိုးသား ဘောလုံးအသင်းက ကိုယ်စားပြုသည်။ ၁၉၅၂-၁၉၉၀ ကြားကာလတွင် အရှေ့ဒီမိုကရက်တစ်သမ္မတနိုင်ငံကို အရှေ့ဂျာမနီ အမျိုးသား ဘောလုံးအသင်းက ကိုယ်စားပြုယှဉ်ပြိုင်ခဲ့သည်။ ဖော်ပြခဲ့သော ဆားအသင်း၊ အရှေ့ဂျာမနီအသင်းတို့သည် အသင်းများနှင့်အတူ မှတ်တမ်းများလည်း ယခု၌ ပျက်ပြယ်ပြီဖြစ်သည်။[10][11] လက်ရှိအသင်းသည် ၁၉၉၀ ၌ ပြန်လည်ပေါင်းစည်းခဲ့သော နိုင်ငံကို ကိုယ်စားပြု၍ တရားဝင်အားဖြင့် Germany FR (FRG)၊ အတိုကောက် Germany (GER) ဟုသုံးစွဲ၏ ။
Shirt badge/Association crest | |||
အမည်ပြောင် | Nationalelf (national eleven) DFB-Elf (DFB Eleven) Die Mannschaft (The Team)[1][2] | ||
---|---|---|---|
အဖွဲ့ | German Football Association (Deutscher Fußball-Bund – DFB) | ||
မဟာမိတ်အဖွဲ့ | UEFA (ဥရောပ) | ||
နည်းပြချုပ် | Joachim Löw | ||
လက်ထောက် နည်းပြ | Thomas Schneider | ||
အသင်းခေါင်းဆောင် | Manuel Neuer | ||
Most caps | Lothar Matthäus (၁၅၀) | ||
Top scorer | Miroslav Klose (၇၁) | ||
ဖီဖာကုဒ် | GER | ||
FIFA အဆင့် | ၁ (၁၇ မေ ၂၀၁၈) | ||
အမြင့်ဆုံး FIFA အဆင့် | ၁[3] (ဒီဇင်ဘာ ၁၉၉၂– ဩဂုတ် ၁၉၉၃၊ ဒီဇင်ဘာ ၁၉၉၃ – မတ် ၁၉၉၄၊ ဇွန် ၁၉၉၄၊ ဇူလိုင် ၂၀၁၄ – ဇွန် ၂၀၁၅၊ ဇူလိုင် ၂၀၁၇၊ စက်တင်ဘာ ၂၀၁၇ – လက်ရှိ) | ||
အနိမ့်ဆုံး FIFA အဆင့် | ၂၂[3] (မတ် ၂၀၀၆) | ||
Elo အဆင့် | ၂ (၁၈ ဧပြီ ၂၀၁၈) | ||
အမြင့်ဆုံး Elo အဆင့် | ၁ (၁၉၉၀–၉၂၊ ၁၉၉၃–၉၄၊ ၁၉၉၆–၉၇၊ ဇူလိုင် ၂၀၁၄ – မေ ၂၀၁၆၊ အောက်တိုဘာ ၂၀၁၇ – နိုဝင်ဘာ ၂၀၁၇) | ||
အနိမ့်ဆုံး Elo အဆင့် | ၂၄ (စက်တင်ဘာ ၁၉၂၄ – အောက်တိုဘာ ၁၉၂၅) | ||
| |||
ပထမဆုံး နိုင်ငံတကာပွဲ | |||
ဆွစ်ဇာလန် 5–3 ဂျာမနီ (Basel, Switzerland; 5 April 1908)[4] | |||
အကြီးအကျယ် အနိုင်ရ | |||
ဂျာမနီ 16–0 Russian Empire (Stockholm, Sweden; 1 July 1912)[5] | |||
အကြီးအကျယ် ရှုံး | |||
England Amateurs 9–0 ဂျာမနီ (Oxford, England; 13 March 1909)[6][7] | |||
ကမ္ဘာ့ဖလား | |||
မြင်တွေ့ရမှုများ | ၁၈ (First in ၁၉၃၄) | ||
အကောင်းဆုံးရလဒ် | Champions, ၁၉၅၄, ၁၉၇၄, ၁၉၉၀ and ၂၀၁၄ | ||
European Championship | |||
မြင်တွေ့ရမှုများ | ၁၂ (First in ၁၉၇၂) | ||
အကောင်းဆုံးရလဒ် | Champions, ၁၉၇၂, ၁၉၈၀ and ၁၉၉၆ | ||
Confederations Cup | |||
မြင်တွေ့ရမှုများ | ၃ (First in ၁၉၉၉) | ||
အကောင်းဆုံးရလဒ် | Champions, ၂၀၁၇ |
ဂျာမနီအသင်းသည် အအောင်မြင်ဆုံးအသင်းတစ်သင်းဖြစ်၍ ဖီဖာ ကမ္ဘာ့ဖလားကို ၁၉၅၄၊ ၁၉၇၄၊ ၁၉၉၀၊ ၂၀၁၄ တို့တင် လေးကြိမ်ရရှိခဲ့ကာ ယူအေးဖာ ဥရောပဖလား ပြိုင်ပွဲကို ၁၉၇၂၊ ၁၉၈၀၊ ၁၉၉၆ တို့တွင်ရရှိခဲ့သည်။ ဖီဖာတိုက်ကြီးများဖလားပွဲတွင်လည်း ၂၀၁၇ ၌ အနိုင်ရရှိထားသည်။[8] ဒုတိယနေရာကို ဥရောပဖလားပြိုင်ပွဲများ၌ သုံးကြိမ်၊ ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် လေးကြိမ်စီရရှိခဲ့သည်။[8] အရှေ့ဂျာမနီအသင်းသည် ၁၉၇၆ အိုလံပစ်ပြိုင်ပွဲ၌ ရွှေတံဆိပ်ရရှိဖူးသေးသည်။[12]
ဂျာမနီသည် ဖီဖာ ကမ္ဘာ့ဖလား၊ ဖီဖာ အမျိုးသမီး ကမ္ဘာ့ဖလားတို့ကို ရရှိထားသော တစ်ခုတည်းသောနိုင်ငံဖြစ်၏ ။[13][14]
၂၀၁၄ ကမ္ဘာ့ဖလားအပြီး၌ အယ်လိုအဆင့်သတ်မှတ်ချက် (Elo rating) ကို အခြားသောနိုင်ငံများထက် အမှတ်ပိုရရှိခဲ့သောကြောင့် (၂,၂၀၅ မှတ်)ဖြင့် ကမ္ဘာ့အမြင့်ဆုံးနေရာကို ရရှိခဲ့သည်။[15] ဂျာမနီအသင်းသည် အမေရိကတိုက်များ(တောင်၊ မြောက်) ၌ ဖီဖာကမ္ဘာ့ဖလားကို ရယူနိုင်သော တစ်ခုတည်းသော ဥရောပနိုင်ငံဖြစ်သည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.