ဂျန် အော (28 April 1900 – 5 November 1992) သည် ဒတ်ခ်ျလူမျိုး နက္ခတ္တပညာရှင်ဖြစ်ပြီး နဂါးငွေ့တန်း ဂယ်လက်ဆီအား လေ့လာရာတွင် သိသာထင်ရှားသည့်ပံ့ပိုးမှုများဆောင်ရွက်ခဲ့သူ၊ ရေဒီယို နက္ခတ္တပညာရပ်တွင် ရှေ့ဆောင်လမ်းပြတစ်ဦးဖြစ်သည်။[1] နယူးယောက်တိုင်းမ်က သူအား ရာစုနှစ်တစ်ခုတွင် စကြဝဠာ၏ အထင်ရှားဆုံး စူးစမ်းလေ့လာသူတစ်ဦးဟု ခေါ်ဆိုခဲ့သကဲ့သို့[2] ဥရောပ အာကာသ အေဂျင်စီ ဝဘ်ဆိုဒ်ကမူ ၂၀ ရာစု၏ အခမ်းနားဆုံး နက္ခတ္တပညာရှင်ဟု သမုတ်ခဲ့သည်။[3] ၁၉၅၅ ခုနှစ်တွင် ဂျန်အောသည် Life magazine ၏ ထင်ရှားသော သက်ရှိထင်ရှားလူပုဂ္ဂိုလ် ၁၀၀ စာရင်းတွင် ပါဝင်ခဲ့ပြီး[4] နယ်သာလန်နိုင်ငံအား နက္ခတ္တဗေဒ စစ်ပွဲပြီးခေတ်၏ ရှေးတန်းသို့ ပို့ဆောင်ပေးသူဟု ဖော်ပြခံရသည်။[2] သူသည် ၁၉၃၂ ခုနှစ်တွင် ဒြပ်မှောင် (Dark matter) များ၏ တည်ရှိမှုကို အမှန်ဟုယုံကြည်ခဲ့သူလည်းဖြစ်သည်။ Oort cloud နှင့် Oort constant အစရှိသည်တို့သည် သူအားအစွဲပြုကာ မှည့်ခေါ်ခြင်းဖြစ်သည်။

အချက်တိုများ ဂျန် အော, မွေးဖွား ...
ဂျန် အော
Thumb
မွေးဖွား(1900-04-28)၂၈ ဧပြီ၊ ၁၉၀၀
Franeker, Friesland
ဆုံးပါး၅ နိုဝင်ဘာ၊ ၁၉၉၂(1992-11-05) (အသက် ၉၂)
လိုင်ဒန် ဟော်လန်တောင်ပိုင်း။
နိုင်ငံလူမျိုးဒတ်ချ်
နယ်ပယ်နက္ခတ္တဗေဒ
ပါရဂူဘွဲ့ ကြီးကြပ်သူJacobus Cornelius Kapteyn
ကျော်ကြားမှုအရင်းခံ
ထင်ပေါ်ကျော်ကြား ဆုတံဆိပ်များVetlesen Prize (1966)
Kyoto Prize (1987)
ပိတ်ရန်


ကိုးကား

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.