From Wikipedia, the free encyclopedia
ဂေါ်မိတ် (Zircon) သည် စိန်ကိုတုပနိုင်လောက်အောင် ရောင်လက်အား/မီးအား(Dispersion/Fire)ကောင်းလှသည့် တွင်းထွက်ဖြစ်သည်။ မြန်မာတို့ နဝရတ် ကိုးပါးစာရင်းဝင် အဖြစ်နားလည်ကြသည်။ ဓာတုဖွဲ့စည်းမှုမှာ ဇာဂွန်နီယံဆီလီကိတ် ဖြစ်ပြီး မာဆင့် ၇ မှ ၇.၅ ရှိသည်။ ရောင်လက်မှာ ဆီရောင်လက် မှ စိန်ရောင်လက် ထိရှိတတ်ကြသည်။ ပုံဆောင်စနစ်မှာ စတုဂုဏ်စနစ်ဖြစ်ပြီး သိပ်သည်းဆ ၄.၆၈ ရှိသည်။
ဂေါ်မိတ် | |
---|---|
A lustrous crystal of zircon perched on a tan matrix of calcite from the Gilgit District of Pakistan | |
ယေဘုယျ | |
ကဏ္ဍ | Nesosilicates |
ဖော်မျူလာ (repeating unit) | zirconium silicate (ZrSiO4) |
Strunz classification | 9.AD.30 |
ပုံဆောင်ခဲ စနစ် | Tetragonal |
Crystal class | Ditetragonal dipyramidal (4/mmm) H-M symbol: (4/m 2/m 2/m) |
Space group | I41/amd (No. 141) |
Unit cell | a = 6.607(1), c = 5.982(1) [Å]; Z = 4 |
ခွဲခြားသတ်မှတ်ခြင်း | |
အရောင် | Reddish brown, yellow, green, blue, gray, colorless; in thin section, colorless to pale brown |
Crystal habit | tabular to prismatic crystals, irregular grains, massive |
Twinning | On {101}. Crystals shocked by meteorite impact show polysynthetic twins on {112} |
Cleavage | {110} and {111} |
Fracture | Conchoidal to uneven |
Tenacity | Brittle |
Mohs scale hardness | 7.5 |
Luster | Vitreous to adamantine; greasy when metamict. |
Streak | White |
Diaphaneity | Transparent to opaque |
Specific gravity | 4.6–4.7 |
Optical properties | Uniaxial (+) |
Refractive index | nω = 1.925–1.961 nε = 1.980–2.015, 1.75 when metamict |
Birefringence | δ = 0.047–0.055 |
Pleochroism | Weak |
Fusibility | close to 2,550 °C depend on Hf,Th,U,H,etc... concentrations. |
ပျော်ဝင်သတ္တိ | Insoluble |
အခြားဂုဏ်သတ္တိများ | Fluorescent and Radioactive, May form pleochroic halos, Relief: high |
ကိုးကား | [1][2][3][4][5] |
ဂေါ်မိတ်သည် ရေဒီယိုဓာတ်ကြွသည့် ဂုဏ်သတ္တိအနည်းငယ်ရှိသော်လည်း လူကိုဘေးဥပါဒ်ဖြစ်စေသည်အထိ အန္တရာယ်မရှိပေ။ အရောင်မျိုးကွဲများစွာရှိပြီး အတွေ့ရများသည့်အရောင်များအနက်မှ ရောင်မဲ့၊အဝါရောင် နှင့် အပြာရောင် တို့သာ လူတို့ကနှစ်သက်ကြပြီး လတ်ဝတ်ရတနာအဖြစ် သုံးစွဲကြသည်။ ဂေါ်မိတ်ပြာများသည် များသောအားဖြင့် အပူပေးပြုပြင်ခြင်းဖြင့် အရောင်ပြောင်းထားခြင်းဖြစ်လေ့ရှိပြီး အရောင်မဲ့ဂေါ်မိတ်များကိုမူ စိန်အဖြစ် တုပရန်အတွက် သုံးစွဲကြသည်။ ယခုနောက်ဆုံးထွက်ရှိလာသည့် စိန်အတုများမှာ ဂေါ်မိတ်များကိုအောက်ခံထားပြီး စိန်အရည်ဖြင့် လွှမ်းခြုံထားသည့် နည်းပညာကို သုံးစွဲထားကြောင်း တွေ့ရသည်။
ဂေါ်မိတ်သည်လည်း စိန်ကဲ့သို့ပင် လားရာနှင့် မျက်နှာပြင်တို့ပေါ်တွင် မူတည်၍ မာဆင့်ကွာခြားတတ်သည်။ မာကြောသည်မှန်သော်လည်း ကြွပ်ဆတ်သည့်အတွက် ၎င်းတို့ကို သိမ်းဆည်းရာတွင် တစ်ခုနှစ့်တစ်ခုပွတ်တိုက်မှုမရှိစေရန် တစ်ပွင့်ခြင်းစီခွဲ၍ သတိထားသိမ်းဆည်းရသည်။
မြန်မာ၊သီရိလင်္ကာ နှင့်ထိုင်းနိုင်ငံတို့တွင် အဓိကထွက်ရှိပြီး ကျန်ကမ္ဘာ့ဒေသများတွင်လည်း ထွက်ရှိသည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.