ဂရီဂေါရီးယန်း ပြက္ခဒိန်
အပြည်ပြည်ဆိုင်ရာတွင်အကျယ်ပြန့်ဆုံးလက်ခံသည်မှာပြက္ခဒိန်ဖြစ်သည် / From Wikipedia, the free encyclopedia
ဂရီဂေါရီးယန်း ပြက္ခဒိန် ကို အနောက်တိုင်းပြက္ခဒိန်၊ ခရစ်ယာန်ပြက္ခဒိန် ဟုခေါ်ပြီး နိုင်ငံတကာတွင် အများဆုံး အသုံးပြုနေသော ပြက္ခဒိန် ဖြစ်သည်။[1][2][3] ၁၅၈၂ ခုနှစ်တွင် စတင် အသုံးပြု၊ ပြင်ဆင်စေခဲ့သူ ပုပ် ဂရီဂေါရီ (၁၃)ကို အစွဲပြု၍ ဂရီဂေါရီးယန်းပြက္ခဒိန်ဟု ခေါ်ခြင်းဖြစ်သည်။
မြန်မာဘာသာသို့ ပြန်ဆိုခြင်းနှင့် စပ်လျဉ်း၍ |
---|
လက်ရှိစာမျက်နှာကို ဂူဂယ်ဘာသာပြန် (Google Translate) သုံး၍ မြန်မာဘာသာသို့ ပြန်ဆိုကြည့်နိုင်သည်။ သို့သော် ၎င်းဘာသာပြန်များကို အတည်မယူပါနှင့်၊ အမှားများစွာ ပါလေ့ရှိသောကြောင့်ဖြစ်သည်။ သေချာစိစစ်၍ ကြိုးစားပြုပြင်ပြီးမှ ဘာသာပြန်ရေးသားရန် ဖြစ်သည်။ ဘာသာပြန်ပြီးပါက ဤ {{Translation incomplete}} တမ်းပလိတ်ကို ဤစာမျက်နှာမှ ဖျက်ပစ်ရန် မမေ့ပါနှင့်။ |
ဤဆောင်းပါးကို မြန်မာဘာသာသို့ ပြန်ဆိုရန် လိုအပ်နေသေးသည်။
|
၁၅၈၂ ခုနှစ်တွင် ဂျူလီယန် ပြက္ခဒိန်[4] ကို ပြန်လည်စိစစ် ရေတွက်ပြီး တစ်နှစ်တာ အချိန်၏ ၀.၀၀၂% အမှန်သို့ ပြန်လည်ပြင်ဆင်ခဲ့သည်။ ပြုပြင်ပြောင်းလဲခြင်း၏ အခြေခံ အကြောင်းမှာ အီစတာပွဲတော်ကို ကျင်းပမည့်ရက်ကို အစောပိုင်း ခရစ်ယာန်ကျောင်းတော်မှ ကြေညာသည့်ရက်ကို ပြောင်းရွေ့ရန် ရည်ရွယ်သည်။ အဘယ့်ကြောင့်ဆိုသော် အီစတာပွဲတော်ကျင်းပမည့်ရက်သည် နွေဦး၏ နေ့ညညီချိန်နှင့် ဆက်နွယ်၍ နေသောကြောင့် ရိုမန်ကက်သလစ်ဘုရားကျောင်းတော်မှ အီစတာပွဲတော် ကျင်းပချိန် အစဉ်အလာကို တည်မြဲစေရန် မနှစ်သက်ဖွယ်ရာ တဖြည်းဖြည်းရွေ့လျားလာသော အချိန်ကို ပြင်ဆင်ရန် ရည်ရွယ်သည်။ ထိုပြောင်းလဲအသုံးပြုခြင်းကို အစောပိုင်းတွင် ဥရောပရှိ ကက်သလစ်ဘာသာ ကိုးကွယ်သော နိုင်ငံများတွင် စတင်ခဲ့သည်။ ပရိုတက်စတင့် နှင့် အရှေ့ပိုင်း အောသိုဒေါ့ ခရစ်ယာန် နိုင်ငံများတွင် ရိုးရာ ဂျူလီယန်ပြက္ခဒိန်ကိုသာ ဆက်လက်အသုံးပြုခဲ့ပြီး နိုင်ငံတကာ ကုန်သွယ်မှုလမ်းကြောင်း အခွင့်အလမ်းများ ပေါ်ပေါက်လာသော အခါမှသာ ဂရီဂေါရီယန်းပြက္ခဒိန်ကို ပြောင်းလဲအသုံးပြုခဲ့ကြသည်။ နောက်ဆုံးပြောင်းလဲခဲ့သော ဥရောပနိုင်ငံမှာ ဂရိနိုင်ငံဖြစ်ပြီး ၁၉၂၃ ခုနှစ်တွင်မှ ပြောင်းလဲအသုံးပြုခဲ့သည်။
ဂရီဂေါရီယန်းပြက္ခဒိန် ပြောင်းလဲခြင်းတွင် အပိုင်း (၂) ပိုင်းပါဝင်းပြီး ၎င်းတို့မှာ အစောပိုင်းအချိန်ထိ အသုံးပြုခဲ့သော ဂျူလီယန်ပြက္ခဒိန်ကို ပုပ် ဂရီဂေါရီ (၁၃) အချိန်ထိ ပြင်ဆင်ခြင်းနှင့်အီစတာပွဲတော်ရက် သတ်မှတ်ခြင်းကို ဂျူလီယန်ပြက္ခဒိန်နှင့်အတူ ခရစ်ယာန်ကျောင်းတော်မှ အသုံးပြုသော လလည်ပတ်ချိန်စက်ဝန်းကို ပြုပြင် ပြောင်းလဲ ပြင်ဆင်ခြင်းတို့ ပါဝင်သည်။ ထိုပြုပြင်ပြောင်းလဲခြင်းသည် Aloysius Lilius ၏ အဆိုပြုချက်အရ ပြင်ဆင်၍ ထားသည်။[5] သူ၏ အဆိုပြုချက်တွင် ၄ ရာစုအတွင်း မှ ၃ နှစ်ကို ဖယ်ထုတ်၍ ၄ ရာစုအတွင်း ပါဝင်သော ရက်ထပ်နှစ် ၁၀၀ မှ ၉၇ ထိ ရက်ထပ်နှစ်များကို လျော့ချခြင်းဖြစ်သည်။ လီလီရက်စ်၏ မူလနှင့်လက်တွေ့ စီမံချက်တွင် နှစ်စဉ် အီစတာပွဲတော်နေ့ကို တွက်ချက်ရန် epacts of the moon ကို ထိန်းညှိခြင်းဖြင့် ကာလကြာရှည်စွာ တည်ရှိနေသာ အမှားကို ပြင်ဆင်၍ ပြက္ခဒိန်ကို ပြောင်းလဲခြင်းဖြစ်သည်။
ဂရီဂေါရီယန်ပြက္ခဒိန်သည် ဂျူလီယန်ပြက္ခဒိန်၏ ရက်ထပ်နှစ်ကို အောက်ပါအတိုင်း ပြင်ဆင်ထားသည်-
လေး(၄)နှင့်စား၍ပြတ်သောနှစ်တိုင်းကို ရက်ထပ်နှစ်ဟု ခေါ်စေခဲ့သည်။ ချွင်းချက်အနေဖြင့် ၁၀၀ နှင့်စား၍ ပြတ်သော နှစ်များမှာ ရက်ထပ်နှစ်မဟုတ်ပေ။ ထိုနှစ်များထဲမှ ၄၀၀ နှင့် စား၍ ပြတ်ခဲ့လျှင်တော့ ထိုနှစ်သည် ရက်ထပ်နှစ်ဖြစ်သည်။ ဥပမာအားဖြင့် ၁၇၀၀,၁၈၀၀,၁၉၀၀ ခုနှစ်တို့မှာ ရက်ထပ်နှစ် မဟုတ်ပဲ သက္ကရာဇ် ၂၀၀၀ ခုနှစ်သည် ရက်ထပ်နှစ်ဖြစ်သည်။[6]
ပြောင်းလဲခြင်းကို ထပ်မံပြောရမည်ဆိုလျှင်၃၆၅.၂၅ ရက်(၃၆၅ ရက် ၆ နာရီ)ပါသော ပြက္ခဒိန်မှ ၃၆၅.၂၄၂၅ ရက်(၃၆၅ ရက် ၅ နာရီ ၄၉ မိနစ် ၁၂ စက္ကန့်)သို့ တစ်နှစ်၏ အချိန် ၁၀ မိနစ် ၄၈ စက္ကန့် လျော့ချလိုက်ခြင်း ဖြစ်သည်။ ဂရီဂေါရီးယန်းပြက္ခဒိန် ပြောင်းလဲခြင်းသည် ထိုအချိန်အလျားနှစ်ခု ခြားနားမှုကြောင့် ပိုနေသော အချိန်များကို ဖြေးရှင်းပေးလိုက်ခြင်းပင်။ နေ့နှင့်ည အချိန်အတိုင်းအတာ တူညီသော နွေဦး၏ ၂၀ မတ် သို့ ၂၁ မတ်(ရက်ထပ်နှစ်ပေါ် မူတည်၍)ကို သမ္မာကျမ်းစာလာ အီစတာအချိန်အဖြစ် သုံးရာစုမြောက်အဆုံးမှာ ရေးဆွဲခဲ့ကြသည်။ ထိုဥပဒေသများအရ အီစတာပွဲမတိုင်ခင် လပြည့်သည် ရှေးယခင်က တွက်ချက်ထားသော ၂၁ မတ်ကို မကျော်ရပေ။ ထို့ကြောင့် အီစတာပွဲ၏ အစောဆုံးနေ့ရက်သည် မတ်လ ၂၂ နှင့်ကိုက်ညီခဲ့သည်။ ထိုအခြေအနေများအတွက် ဂရီဂေါရီးယန်းပြက္ခဒိန်ကို ၁၀ ရက်နှုတ်လိုက်ခြင်းဖြင့် ပြန်လည်ထုတ်ဝေခဲ့သည်။[7]
ရက်စွဲများတွင် သတ်မှတ်ရာတွင် မရောထွေးစေရန် ဒွေးနာမရက်စွဲ (သို့)Old Style (O.S.) and New Style (N.S.) ရက်စွဲများတွင် အသုံးပြုကြသည်။ ဒွေးနာမရက်ကို ဆက်တိုက်နှစ် ၂ နှစ်၏ နှစ်တစ်နှစ်၏ အစရက်များ မတူညီ၍ ဖြစ်စေ (သို့) ဂျူလီယန်နှင့် ဂရီဂေါရီးယန်း နေ့စွဲများ ပါဝင်နေ၍ ဖြစ်စေ အသုံးပြုကြသည်။ Old Style နှင့် New Style (N.S.) သည် ဂျူလီယန်ပြက္ခဒိန်၏ နှစ်သစ်ကို ဇန်နဝါရီ ၁ ရက်ဖြင့် စ၍ထားခြင်း(N.S.) နှင့် မတူညီသော ရက်တို့ဖြင့် စ၍ထားခြင်း(O.S.) အတွက် ဖြစ်စေ သို့မဟုတ် ရက်စွဲများ ကိုက်ညီစေရန်အတွက် ဂျူလီယန်ပြက္ခဒိန်(O.S.) နှင့် ဂရီဂေါရီးယန်းပြက္ခဒိန်(N.S.) အဖြစ် ဖော်ပြခြင်းဖြစ်စေ နှစ်ခုအနက်မှ တစ်ခု ဖြစ်ပေလိမ့်မည်။
ဂရီဂေါရီးယန်းပြက္ခဒိန်ကို ခရစ်တော်ဖွားမြင်သောနေ့ (အေဒီ)မှစတင် တွက်ချက်သော ရက်အတိုင်း ယခင် calendar era (နှစ်ရေတွက်ပုံစနစ်) တွက်ချက်ခဲ့သည်။ ထိုရေတွက်ပုံကို ၆ရာစုတွင် Dionysius Exiguus ဆိုသူက တွက်ချက်ခဲ့သည်။[8] ထိုကြောင့် ထိုနှစ်ရေတွက်ပုံနည်းစနစ်ကို Dionysian era or Common Era ဟု သိကြသည်။ ယခုအချိန်တွင် ထိုစနစ်သည် ကမ္ဘာနိုင်ငံတဝန်း အသုံးပြုမှုရှိသည် အထိ အဓိကကျလာပြီ ဖြစ်သည်။[9]