ဂမ်ဘီယာနိုင်ငံ
From Wikipedia, the free encyclopedia
ဂမ်ဘီယာနိုင်ငံ (တရားဝင်အမည်အားဖြင့် ဂမ်ဘီယာ သမ္မတနိုင်ငံ သည် အာဖရိက အနောက်ပိုင်းတွင် တည်ရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး အနောက်ဘက်ရှိ အတ္တလန္တိတ် သမုဒ္ဒရာနှင့် ထိစပ်နေသော တိုတောင်းသော ကမ်းရိုးတန်းမှ အပ ကျန်နေရာအားလုံးကို ဆီနီဂေါလ်နိုင်ငံ က ဝိုင်းရံထားသည်။ ဂမ်ဘီယာသည် အာဖရိကတိုက် ကုန်းမကြီးပေါ်တွင် အသေးဆုံးနိုင်ငံတစ်နိုင်ငံဖြစ်သည်။[6]
ဂမ်ဘီယာသမ္မတနိုင်ငံ | |
---|---|
ဆောင်ပုဒ်: "Progress, Peace, and Prosperity" | |
နိုင်ငံတော် သီချင်း: "For the Gambia, Our Homeland" | |
အနောက်အာဖရိကဒေသရှိ ဂမ်ဘီယာနိုင်ငံ၏ တည်နေရာ (အစိမ်းရင့်) | |
မြို့တော် | ဘန်ဂျူမြို့ 13°28′N 16°36′W |
အကြီးဆုံးမီသရိုပိုလစ်တန်ဒေသ | ဘန်ဂျူမြို့ |
ရုံးသုံး ဘာသာစကားများ | အင်္ဂလိပ် |
အမျိုးသားဘာသာစကားများ | |
လူမျိုးစု (၂၀၁၃ ခုနှစ် သန်းခေါင်စာရင်း) | |
Demonym | Gambian |
အစိုးရ | ပြည်ထောင်စု သမ္မတနိုင်ငံစနစ် |
• သမ္မတ | အက်ဒမ်မာ ဘော်ရိုး |
• ဒုသမ္မတ | အီဆာတူ တူဟေး |
ဥပဒေပြုလွှတ်တော် | အမျိုးသားလွှတ်တော် |
လွတ်လပ်ရေးရရှိခြင်း | |
၁၉၆၅ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက် | |
• ဆီနီဂမ်ဘီယာ ကွန်ဖက်ဒရေးရှင်း ပြိုကွဲခြင်း | ၁၉၈၉ ခုနှစ် စက်တင်ဘာ ၃၀ ရက် |
ဧရိယာ | |
• စုစုပေါင်း | ၁၀,၆၈၉ km2 (၄,၁၂၇ sq mi) (အဆင့်: ၁၅၉) |
• ရေထု (%) | ၁၁.၅ |
လူဦးရေ | |
• ၂၀၂၀ ခန့်မှန်း | ၂,၁၇၃,၉၉၉[2] (အဆင့် - ၁၄၄) |
• ၂၀၁၃ သန်းခေါင်စာရင်း | ၁,၈၅၇,၁၈၁[1] |
• သိပ်သည်းမှု | ၁၇၆.၁/km2 (၄၅၆.၁/sq mi) (အဆင့် - ၇၄) |
GDP (PPP) | ၂၀၂၀ ခန့်မှန်း |
• စုစုပေါင်း | $၅.၄၂၀ ဘီလီယံ[3] |
• Per capita | $၂,၂၄၀[3] |
GDP (nominal) | ၂၀၂၀ ခန့်မှန်း |
• စုစုပေါင်း | $၁.၈၁၀ ဘီလီယံ[3] |
• Per capita | $၇၄၆[3] |
Gini (၂၀၁၅) | ၃၅.၉[4] အလယ် |
HDI (၂၀၁၉) | ၀.၄၉၆[5] နိမ့် · ၁၇၂ |
ငွေကြေး | ဂမ်ဘီယာ ဒါလာစီ (GMD) |
အချိန်ဇုန် | GMT (UTC ) |
Daylight saving time is not observed | |
ယာဉ်ကြောစနစ် | ညာ |
တယ်လီဖုန်းကုဒ် | +၂၂၀ |
ISO 3166 ကုဒ် | GM |
Internet TLD | .gm |
ဂမ်ဘီယာနိုင်ငံသည် ၎င်းအစွဲပြု မှည့်ခေါ်ထားပြီး အတ္တလန္တိတ် သမုဒ္ဒရာအတွင်းသို့ စီးဝင်သော ဂမ်ဘီယာမြစ်၏ အောက်ပိုင်း ကမ်းတစ်ဖက်တစ်ချက်တွင် တည်ရှိသည်။ ဧရိယာ အားဖြင့် ၁၀,၆၈၉ စတုရန်း ကီလိုမီတာ (၄,၁၂၇ စတုရန်းမိုင်) ရှိပြီး ၂၀၁၃ ခုနှစ် လူဦးရေ စာရင်းအရ လူဦးရေ ၁,၈၅၇,၁၈၁ ဦး ရှိသည်။ ဘမ်ဂျူလ်မြို့ သည် ဂမ်ဘီယာ၏ မြို့တော်ဖြစ်သော်လည်း [7] အကြီးဆုံးမြို့များမှာ ဆီရီကွန်ဒါမြို့နှင့် ဘရီကာမာမြို့တို့ဖြစ်သည်။[8]
ဂမ်ဘီယာနိုင်ငံသည် ကျွန်ရောင်းဝယ်မှုအတွက် အခြား အနောက်အာဖရိကနိုင်ငံများနှင့် တူညီသော သမိုင်းရင်းမြစ် ရှိသည်။ ထို့အတွက် ကိုလိုနီကို ဂမ်ဘီယာမြစ်ပေါ်တွင် တည်ထားပြီး ဆက်လက်ထားရှိခြင်း ဖြစ်သည်။ ပထမဆုံး ကိုလိုနီပြုသူများမှာ ပေါ်တူဂီများ ဖြစ်ပြီး ထိုအချိန်က "အေ ဂမ်ဘီယာ" ဟု သိကြသည်။ နောက်ပိုင်း ၁၇၆၅ ခုနှစ် မေလ ၂၅တွင် [9] ဗြိတိသျှ အစိုးရသည် တရားဝင်ထိန်းချုပ်မှု ရယူခဲ့ပြီးနောက် ဆီနီဂမ်ဘီယာ ခရိုင်ကို တည်ထောင်ခဲ့ကာ ဗြိတိသျှ အင်ပိုင်ယာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သည်။ ၁၉၆၅တွင် ဂမ်ဘီယာသည် ဒေါ်ဒါဂျာဝါရာ၏ ဦးဆောင်မှုဖြင့် လွတ်လပ်ရေး ရရှိခဲ့ပြီး ၁၉၉၄ ခုနှစ် ယာယာ ဂျမ်မား ဦးဆောင်သော သွေးထွက်သံယို ကင်းမဲ့သော အာဏာသိမ်းမှု ဖြစ်ပွားသည့် အချိန်အထိ ၎င်းမှ အုပ်ချုပ်ခဲ့သည်။ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲတွင် ဂျမ်မားအား အနိုင်ရရှိပြီးနောက် အဒမ်မာဘားရိုးသည် ဂမ်ဘီယာနိုင်ငံ၏ တတိယမြောက် သမ္မတ ဖြစ်လာခဲ့သည်။ [10] ဂျမ်မားသည် အစပထမတွင် ရွေးကောက်ပွဲ ရလဒ်ကို လက်ခံခဲ့သော်လည်း နောက်ပိုင်းတွင် လက်ခံရန် ငြင်းဆိုခဲ့သဖြင့် အခြေခံဥပဒေဆိုင်ရာ အကျပ်အတည်း ဖြစ်ပွားခဲ့ပြီး အနောက်အာဖရိကနိုင်ငံများ၏ စီးပွားရေး အသိုက်အဝန်းမှ စစ်ရေးဖြင့် ဝင်ရောက် စွက်ဖက်ခဲ့ရသဖြင့် ဂျမ်မားသည် တိုင်းပြည်မှ ထွက်ပြေးခဲ့ရသည်။ [11][12][13]
ဂမ်ဘီယာနိုင်ငံ၏ စီးပွားရေးတွင် စိုက်ပျိုးရေး နှင့် ငါးဖမ်းခြင်း အထူးသဖြင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းသည် အဓိက ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် ၄၈.၆% သော လူဦးရေမှာ ဆင်းရဲမွဲတေမှု အဆင့်တွင် နေထိုင်ကြရသည်။ [14] ကျေးလက်ဒေသများတွင် ဆင်းရဲမွဲတေမှုပိုများပြီး ၇၀% ခန့် အထိ ရှိသည်။