အပင်မျိုးစိတ်များ From Wikipedia, the free encyclopedia
ဂမုန်းကိုယ်ရံကြီး
ဂမုန်းကိုယ်ရံကြီး | |
---|---|
မျိုးရိုးခွဲခြားခြင်း | |
လောက: | Plantae |
(unranked): | Angiosperms |
(unranked): | Monocots |
မျိုးစဉ်: | Asparagales |
မျိုးရင်း: | Amaryllidaceae |
မျိုးဇာတ်: | Amaryllideae |
မျိုးဇာတ်သေး: | Crininae |
မျိုးစု: | Crinum |
မျိုးစိတ်: | C. asiaticum |
ဒွိနာမ | |
Crinum asiaticum L.[1] | |
ပုံသဏ္ဌာန် : အပင် အရွက်များ မြေမှ ကပ်ထွက်သည်။ ပင်စည်မဲ့သည်။ ဥတက် အလွန်ကြီး၍ အဖြူရောင်ရှိသည်။ အရသာ ခါးစပ်စပ်ရှိသည်။
အရွက် ရွက်ပြား ချောသည်။ ၁၁/၂ ပေ မှ ၄ ပေထိရှည်သည်။ မြေမှစု၍ထွက်သည်။ ရွက်နားညီ၍ ရွက်ထိပ်ချွန်သည်။ လှိုင်းတွန့်အနည်းငယ်ရှိသည်။ အသားထူသည်။ စိမ်းစိုသော အရောင်ပေါ်တွင် အဝါရောင် အစင်းငယ်များ ရောထွေးနေသည်။ အရွက် ထောင်မတ်သည်။
အပွင့် အဖြူရောင် ရှိသည်။ အနံ့မွှေးသည်။ မိုးရာသီတွင် ပွင့်၏။
အသီး အနည်းငယ် လုံးဝိုင်းသည်။ အစေ့တစ်စေ့သာ ပါဝင်သည်။
အသုံးပြုနိုင်သည့်
အစိတ်အပိုင်းများ : အရွက် ၊ ဥ ။
မြန်မာနိုင်ငံတွင်
တွေ့နိုင်သောနေရာများ : မြန်မာနိုင်ငံ အပူပိုင်းဒေသတွင် ပေါက်သည်။
ပေါက်ရောက်ပုံ ။ ။ အရိုင်းပင်နှင့် အသင့်အတင့် စိုက်ပျိုးပင်အဖြစ် နှစ်မျိုးလုံး တွေ့ရသည်။
အသုံးဝင်ပုံ : အာနိသင် ။ ။ မြန်မာဆေးကျမ်းများ အလိုအရ အပင်သည် ပူ စပ် ခါးသည်။ အဆိပ်ပြေစေသည်။ လေ ၊ သလိပ် ၊ ဆီး တို့ကို ကောင်းစေသည်။
အသုံးပြုပုံ-
၁ ။ အရွက်ကို ပြုတ်၍ ရေချိုးခြင်း ၊ အရည်ပျစ်ပျစ်သွေး၍ လိမ်းခြင်းပြုက အဖောအရောင်ရောဂါပျောက်၏။ ၂ ။ ခါးနာခြင်း ၊ ဒူးရောင်ခြင်း ရောဂါများအတွက် အရွက်ကို နွမ်းအောင် မီးခဲနှင့်ကပ်၍ အပူဓာတ်မကုန်မီ နာသော နေရာနှင် ရောင်သော နေရာများတွင် တစ်နာရီခန့် စည်းပေးက ပျောက်၏။
၁ ။ ဥကို သွေးလိမ်းပါက အနာမီး ၊ အနာလျှံ ပျောက်၏။ သို့သော် ယား၏။ ၂ ။ အဆိပ်သင့်ပါက လျှာကို ပွတ်ရုံနှင့် ပျောက်ကင်းစေသည့် နန်းတွင်း လျှာပွတ်ဆေးတွင် ကိုယ်ရံကြီးဂမုန်းကို အထူးထည့်သွင်း အသုံးပြုကြ၏။ [2]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.