From Wikipedia, the free encyclopedia
ခေါင်ရန်းဆည်းလည်း (Hibiscus rosa-sinensis)သည် ဟစ်ဘစ်စကက်စ် (Hibiscus)မျိုးစုရှိ မာလဗေးစီ (Malvaceae)မျိုးရင်းဝင် ပန်းပွင့်သောအပင်တစ်မျိုး ဖြစ်သည်။ ၎င်းကို အရပ်ခေါ်အားဖြင့် တရုတ်ဟစ်ဘစ်စကက်စ် (Chinese hibiscus)[2] ဟုလည်းကောင်း၊ တရုတ်နှင်းဆီ (China rose)[2] ဟုလည်းကောင်း၊ ဟာဝိုင်ယီ ဟစ်ဘစ်စကက်စ် (Hawaiian hibiscus)[2] ဟုလည်းကောင်း၊ ရို့စ်မဲလို (rose mallow)[3][4] ဟုလည်းကောင်း၊ ရှူးဘလက်ပင် (shoeblackplant)[5] ဟုလည်းကောင်း ခေါ်ကြသည်။
Hibiscus rosa-sinensis | |
---|---|
ခေါင်ရန်းဆည်းလည်းပန်း | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Plantae |
Clade: | Angiosperms |
Clade: | Eudicots |
Clade: | Rosids |
မျိုးစဉ်: | Malvales |
မျိုးရင်း: | Malvaceae |
မျိုးဇာတ်: | Hibisceae |
မျိုးစု: | Hibiscus |
မျိုးစိတ်: | H. rosa-sinensis |
ဒွိနာမ | |
Hibiscus rosa-sinensis | |
Synonyms[1] | |
|
၎င်း၏ သိပ္ပံအမည် Hibiscus rosa-sinensis အား ၁၇၅၃-ခုနှစ်တွင် ကားလ် လင်းနီးယပ် (Carl Linnaeus)မှ သူ၏ "Species Plantarum" စာအုပ်တွင် အမည်ပေးခဲ့သည်။ [6] လက်တင်ဝေါဟာရဖြစ်သော rosa-sinensis ကို တိုက်ရိုက်ဘာသာပြန်လျှင် "တရုတ်နှင်းဆီ"ဟု အဓိပ္ပာယ်ရသော်လည်း၊ ၎င်းသည် နှင်းဆီပန်းမျိုးနှင့် ဆက်စပ်မှုမရှိပေ။[7]
စိုက်ပျိုးထားသော ရောင်စုံခေါင်ရန်းဆည်းလည်းပန်းပင်များကို အလှစိုက်ပင်များအဖြစ် အသုံးပြုကြသည်။ တချို့တွင် ပွင့်ချပ်နှစ်ထပ်ရှိပြီး၊ တချို့တွင် ကွဲပြားသော ပွင့်ချပ်ပုံစံများရှိကြသည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.