ကွမ်တုန်းပြည်နယ်
တရုတ်နိုင်ငံတွင် လူဦးရေအထူထပ်ဆုံးသော ပြည်နယ်၊ တောင်တရုတ် ပင်လယ် ကမ်းရိုးတန်းတွင် တည်ရှိသည / From Wikipedia, the free encyclopedia
ကွမ်တုန်း (Guangdong) သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ တောင်တရုတ်ပင်လယ်ကမ်းခြေတွင် တည်ရှိသော ပြည်နယ်တစ်ခု ဖြစ်သည်။ ရှေးယခင်က အင်္ဂလိပ်စာဖြင့် Kwangtung Province ဟုရေးသားသည်။ ၂၀၀၅ ခုနှစ်၊ ဇန်နဝါရီလမှ စတင်၍ ဟောနန်ပြည်နယ်နှင့် စစ်ချွမ်းပြည်နယ်များကို ဖြတ်ကျော်ပြီး တရုတ်နိုင်ငံ၏ လူဦးရေအများဆုံး ပြည်နယ်တစ်ခု ဖြစ်လာခဲ့သည်။ အမြဲတမ်းနေထိုင်သူဦးရေ (၇၉) သန်းရှိပြီး ရွှေ့ပြောင်းနေထိုင်သူများမှာ (၃၁) သန်းမျှ ရှိသည်။ [2][3] ပြည်နယ်မြို့တော် ကွမ်ကျိုးမြို့ နှင့် စီးပွားရေးမြို့တော် ရှိန်းကျိန့်မြို့တို့သည် တရုတ်နိုင်ငံ၏ စီးပွားရေးအဖွံ့ဖြိုးဆုံးနှင့် လူဦးရေအထူထပ်ဆုံးသော မြို့တော်များထဲတွင် ပါဝင်သည်။
ကွမ်တုန်းပြည်နယ် Guangdong Province | |||||||||
| |||||||||
အတိုကောက်အမည်: 粤 (pinyin: Yuè) | |||||||||
အမည်ရင်းမြစ် | 广 guǎng - "ကျပြန့်သော" 东 dōng- "အရှေ့ဘက်" "အရှေ့ဘက်မှပြင်ကျယ်ကြီး" | ||||||||
အုပ်ချုပ်ရေးအမျိုးအစား | ပြည်နယ် | ||||||||
မြို့တော် (နှင့် အကြီးဆုံးမြို့) | ကွမ်ကျိုးမြို့ | ||||||||
ကွန်မြူနစ်ပါတီ အကြီးအကဲ | ဝမ်းယမ် | ||||||||
ပြည်နယ်အုပ်ချုပ်ရေးမှူး | ဟွမ်းဟွာဟွာ | ||||||||
ဧရိယာ | ၁၇၇,၉၀၀ စတုရန်းကီလိုမီတာ | ||||||||
- လတ္တီကျု | 20° 13' to 25° 31' N | ||||||||
- လောင်ဂျီကျု | 109° 40' to 117° 20' E | ||||||||
လူဦးရေ (၂၀၁၀) - သိပ်သည်းမှု |
၁၀၄,၃၀၃,၁၃၂ (၁) ၅၃၆ | ||||||||
ဂျီဒီပီ (၂၀၁၀) - လူတစ်ဦးချင်း |
ယွမ်ငွေ ၄.၅၅ ထရီလီယံ US$ ၆၈၉.၀၂ ဘီလီယံ[1] (၁) CNY ၄၀,၇၄၈ US$ ၅,၉၆၅ (၇) | ||||||||
HDI (၂၀၀၈) | ၀.၈၄၄ (high) (၄) | ||||||||
ကိုးကွယ်ယုံကြည်မှုများ | ဗုဒ္ဓဘာသာ၊ | ||||||||
တိုင်းရင်းသားလူမျိုးများ | ဟန့်လူမျိုး - 99% ကျွမ်းလူမျိုး - 0.7% ယောင်လူမျိုး - 0.2% | ||||||||
ဒေသသုံးဘာသာစကားများ | ကန်တုံတရုတ်စကား ဟတ်ခါတရုတ်စကား Teochew စကား လေကျိုးစကား မင်ဒရင်စကား | ||||||||
ခရိုင်ကြီး(Prefecture)အဆင့် | ၂၁ ခု | ||||||||
ခရိုင်ငယ်(County)အဆင့် | ၁၂၁ ခု | ||||||||
မြို့နယ်(Township)အဆင့်* | ၁၆၄၂ ခု | ||||||||
ISO 3166-2 | CN-44 | ||||||||
အင်တာနက် စာမျက်နှာ http://www.gd.gov.cn | |||||||||
Source for population and GDP data: 《中国统计年鉴—2005》 China Statistical Yearbook 2005 Source for nationalities data:ISBN 7503747382 《2000年人口普查中国民族人口资料》 Tabulation on nationalities of 2000 population census of China *As at December 31, 2004ISBN 7105054255 | |||||||||
Template ■ Discussion ■ WikiProject China |
၁၉၈၉ ခုနှစ်မှစ၍ ကွမ်တုန်းပြည်နယ်သည် တရုတ်တစ်ပြည်လုံးတွင် ဂျီဒီပီ အမြင့်ဆုံးသော ပြည်နယ် ဖြစ်လာသည်။ ကျန်းစူပြည်နယ်နှင့် ဆန်းတုန်းပြည်နယ်တို့မှာ ဒုတိယ နှင့် တတိယ အမြင့်ဆုံး ဖြစ်ကြသည်။ [4] ၂၀၀၉ ခုနှစ်တွင် ကွမ်တုန်းပြည်နယ်၏ ဂျီဒီပီသည် ယွမ်ငွေ ၃,၉၀၈,၁၅၉ သန်း (US$ ၅၇၂,၁၂၁ သန်း) အထိရောက်ရှိခဲ့သည်။ ယင်းပမာဏမှာ အင်ဒိုနီးရှားနိုင်ငံ တစ်နိုင်လုံး သို့မဟုတ် တူရကီနိုင်ငံ တစ်နိုင်ငံလုံးစာ နှင့် ညီမျှသည်။ [5] လူတစ်ဦးချင်းဂျီဒီပီအရမူ ကျန်းစူးပြည်နယ်နှင့် ကျဲ့ကျန်းပြည်နယ်တို့၏ နောက်မှ ကပ်လျက် တတိယလိုက်နေသည်။ ပြည်နယ်မြို့တော် ကွမ်ကျိုးမြို့တွင် ကန်တုန်ကုန်စည်ပြပွဲ (Canton Fair) ဟုခေါ်ဆိုသော တရုတ်ပြည်၏ အကြီးမားဆုံးသော ပို့ကုန်သွင်းကုန် ကုန်စည်ပြပွဲကြီးများကို ကျင်းပလေ့ရှိသည်။