From Wikipedia, the free encyclopedia
ကြီးမားသော ကြက်ရိုင်းကြီး တစ်မျိုးဖြစ်၍ အမောက်တွဲကြီးမှာ နှာမောင်းပုံသဏ္ဌာန် ရှိ၍ ကြက်ဆင်ဟု ခေါ်သမုတ်သည်။ ကြက်ဆင်၏ဇာတိမှာ မြောက်အမေရိကတိုက် ဖြစ်သည်။ ၁၆-ရာစု အစပိုင်းလောက်က စပိန်လူမျိုးတို့သည် ကြက်ဆင်ကို စပိန်နိုင်ငံသို့ စတင်ယူဆောင်လာခဲ့ကြရာမှ ဥရောပတိုက်တွင် ပျံ့နှံ့လာခြင်း ဖြစ်သည်။ ယခုအခါ ကြက်ဆင်ကို နိုင်ငံအသီးသီးတို့တွင် ဟင်းလျာအဖြစ် မွေးမြူနေကြပြီ ဖြစ်သည်။ ကြက်ဆင်၏အရောင်အသွေးတို့မှာ ရောင်စုံတို့ဖြင့် တောက်ပြောင်နေပြီး အမွှေးအတောင်တို့မှာ အကျား အကျား၊ အထပ်ထပ်ဖြင့် လှပပေသည်။ အမြီးမှာ အမြီးမွှေး ၁၄-ချောင်းမှ ၁၈-ချောင်းအထိ ရှိတတ်ပြီး ဂျပန်ယပ်တောင် ဖြန့်ထားသကဲ့သို့ လှပနေသည်။
ကြက်ဆင် | |
---|---|
ကြက်ဆင်အရိုင်းတစ်ကောင်၏ ဓာတ်ပုံ | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Aves |
မျိုးစဉ်: | Galliformes |
မျိုးရင်း: | Phasianidae |
မျိုးရင်းသေး: | Phasianinae |
မျိုးဇာတ်: | Meleagridini |
မျိုးစု: | Meleagris လင်းနီးယပ်၊ ၁၇၅၈ |
အမျိုးအစား မျိုးစိတ် | |
Meleagris gallopavo (ကြက်ဆင်အရိုင်း) လင်းနီးယပ်၊ ၁၇၅၈ | |
မျိုးစိတ် | |
ဥမှပေါက်ခါစတွင် အလွန်ဂရုစိုက်ရ၍ ကြီးပြင်းလာလျှင် တာဝန်မကြီးလှပေ။ ၁၆-ရာစုမှ စတင်မွေးမြူကြသည်။ [1]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.