ငှက်မျိုးစိတ်များ From Wikipedia, the free encyclopedia
မြန်မာနိုင်ငံအလယ်ပိုင်း၊ ရှမ်းပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် ကျေးတမာကို တွေ့ရတတ်သည်။ ကျေးတမာသည် အလျား ၁၃ ၁/၂ လက်မခန့် ရှိသည်။ ပျံသန်းသည့်အခါ အမြီးဖျားရှိ အဖြူမှတ်ကလေးကို ထင်ရှားစွာ မြင်ရသည်။ ငှက်ကလေးများတွင် တစ်ကိုယ်လုံး အစိမ်းရောင်လွှမ်းနေသည်။ နှုတ်သီးမှာ အဝါနုရောင် ဖြစ်သည်။ ကျေးတမာသည် အလွန်လျင်မြန်စွာ ပျံသန်းနိုင်၍ ဒေသရွေ့ပြောင်းနေတတ်သည်။ ကျေးတမာသည် အလျား ၁၆ လက်မမှ ၁၈ လက်မထိ ရှိ၍ ကျယ်လောင်စူးရှစွာ အော်တတ်သည်။[1] အမ၏ဦးခေါင်းမှာ မွဲပြာရောင်ရှိပြီး အထီး၏ခေါင်းမှာပန်းရောင် ပန်းဆီရောင် သန်းပြီး ပိုမို လှပ၏။ နှုတ်သီးမှာ အဝါရောင်သန်းသည်။ ယင်းမှာ မြန်မာတွေ က ကျေးကျုတ်(Indian Ringneck) နှင့် အမြဲတစေ မှားယွင်း ခေါ်ဝေါ်တတ်ကြသည်။ စကားပြောသင်ပေးရာ၌ အထီးမှာ သင်ယူ၍ နည်းနည်း တတ်မြောက်နိုင်သော်လည်း အမမှာမူ မရချေ။
ကျေးတမာ
Blossom-Headed Parakeet | |
---|---|
မျိုးရိုးခွဲခြားခြင်း | |
လောက: | |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Aves |
မျိုးစဉ်: | Psittaciformes |
မျိုးရင်း: | Psittacidae |
မျိုးစု: | Psittacula |
မျိုးစိတ်: | P. roseata |
ဒွိနာမ | |
Psittacula roseata Biswas, 1951 | |
နှစ်ရောင်စပ် နှုတ်သီး ပခုံးအနီကွက်ရှိသော အစိမ်းရောင်ငှက်ဖြစ်သည်။ အဖိုများတွင် မျက်နှာပန်းနှင်းဆီရောင်၊ လည်ရစ် နှင့် လည်မျို အနက်ရောင်၊ ဦးရစ် နှင့် ဦးခေါင်း မရမ်းရောင်ရှိသည်။ အမ များသည် လည်ရစ်အနက်မပါပဲ ဦးခေါင်း မရမ်းမီးခိုးရောင် မှိုင်းမှိုင်းရှိသည်။ ငှက်ကလေးများတွင် တစ်ကိုယ်လုံး အစိမ်းရောင်လွှမ်းနေသည်။ နှုတ်သီးအရောင်မှာ အဝါနုရောင် ဖြစ်သည်။ ငှက်မအတောင်၌ အနီအမှတ် မရှိချေ။ ငှက်ကလေးများသည် တစ်ကိုယ်လုံးစိမ်း နေ၍ အခါလည်လျှင် ဦးခေါင်းမည်း၍လာ၏။ ပျံသန်းသည့်အခါ အမြီးဖျားရှိ အဖြူမှတ်ကလေးကို ထင်ရှားစွာ မြင်ရသည်။ ကျေးတမာသည် အလွန်လျင်မြန်စွာ ပျံသန်းနိုင်၍ ဒေသရွေ့ပြောင်းနေတတ်သည်။ တည့်တည့် မြန်မြန် ပျံသည်။ ပီး....ဖရီး အီး ဟု ခေါ်သံပြုတတ်သည်။ ကျေးတမာသည် အလျား ၁၆ လက်မမှ ၁၈ လက်မထိ ရှိ၍ ကျယ်လောင်စူးရှစွာ အော်တတ်သည်။
ဇန်နဝါရီလမှ ဧပြီလအတွင်းသားပေါက်သည်။ ပေ ၃၀၀၀ အထိ သစ်တောနှင့် ပြန်ပေါက်သစ်တောများတွင် တွေ့ရသည်။ စိုက်ပျိုးမြေများနှင့် တောစပ်အနီးတွင်လည်း မကြာခဏ တွေ့ရသည်။ မြန်မာနိုင်ငံအလယ်ပိုင်း၊ ရှမ်းပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် ကျေးတမာကို တွေ့ရတတ်သည်။ မြန်မာနိုင်ငံ မြောက်ပိုင်းမှအပ ကျန်ဒေသများတွင် တွေ့ရတတ်သော ဌာနေငှက်ဖြစ်သည်။
Plum-headed parakeet နှင့် ကျေးတမာတို့ကို မကြာခနဆိုသလို ရောထွေးပြောဆိုလေ့ရှိသည်။ တချို့ဆိုပါက plum-headed များကို တခါတရံ ကျေးတမာ ဟု မှားယွင်းစွာ သိထားခဲ့ကြသည်။ အမှန်စင်စစ်တွင် ယင်းတို့သည် မတူညီကြသော မျိုးစိတ်များဖြစ်ကြသည်။ ယင်းငှက်များ၏ အတူကွဲပြားမှုများကို လေ့လာကြည့်ရာတွင်..
သူတို့၏ သိပ္ပနာမ တို့သည် ကွဲပြားခြားနားကြပြီး မတူညီသော မျိုးစိတ်များဖြစ် ကြသည်။ Plum-headed parakeet သည် Psittacula cyanocephala ဖြစ်ပြီး ကျေးတမာသည် Psittacula roseata ဖြစ်သည်။
plum-headed ၏ ဦးခေါင်းအရောင်သည် ကြက်သွေးရောင်သန်းနေသည်။ ဦးခေါင်းအနောက်ဘက်ပိုင်းသည် ခရမ်းပြာရောင် ရင့်ရင့် ရှိသည်။ လည်ပင်းအခြေတွင် အနက်ရောင်အစင်းကြောင်းသည် ပတ်လျက် တွေ့ရသည်။ ကျန်သောအပိုင်းများမှာ အစိမ်းရောင်ရှိသည်။ တောင်ပံတွင် အနီကွက်ရှိသည်။ blossom-headed များ၏ ဦးခေါင်းအရောင်သည် ဖျော့တော့တော့နိုင်လှသော အပန်းရောင်ဖြစ်သည်။ ဦးခေါင်းနောက်ဖက်ရှိအမှတ်သည်လည်း အလွန်တရာ ဖျော့လှပြီး ဖြူတူတူ ပြာတာတာအရောင် ဖြစ်လုနီးပါးတွေ့ရသည်။ အနက်ရောင် လည်ရစ်ရှိပြီး ကျန်အပိုင်းများ အစိမ်းရောင် အတူတူပင်ဖြစ်သည်။ ထို့ကြောင့် palm-headed နှင့် blossom-headed တို့သည် ဦးခေါင်း နှင့် လည်ပင်း အပိုင်းတွင် ဦးခေါင်းအရောင်ကွာခြင်းကို ကြည့်၍ လည်းကောင်း နောက်တစ်ချက်အနေဖြင့် plum-headed များ၏ အနက်ရောင်လည်ရစ် နှင့် ကိုယ်တို့ ဆက်သည့်နေရာတွင် စိမ်းပြာရောင် ခပ်ဖျော့ဖျော့ အရောင်ပြေးတစ်ခုကို တွေ့ရလေ့ရှိပြီး blossom-headed များတွင်မူ မတွေ့ကြသဖြင့် ယင်းအချက်တို့ကို ကြည့်၍ ခွဲခြားနိုင်သည်။
ယင်းတို့သည် နေထိုင်ကျက်စားရာ ဒေသသည်လည်းမတူပါ။ Blossom-head များကို အိန္ဒိယ အရှေ့မြောက်ခြမ်း နှင့် အိန္ဒိယ အရှေ့ပိုင်းရှိ နိုင်ငံများဖြစ်သော မြန်မာ လာအို ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံ စသည်ဖြင့် တို့တွင် တွေ့ရသည်။ ထို့ကြောင့် ကျွန်တော်တို့သည် ပန်းရောင်ဖျော့တော့တော့ ဦးခေါင်းအရောင်ရှိသော blossom-headed များကို အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းတွင် တွေ့ကြရပြီး plum-headed များကိုတော့ အဆိုပါ ဒေသများတွင် တွေ့ရှိနိုင်ခြင်းမရှိပေ။ အဆိုပါအချက်သည်လည်း plum-headed နှင့် blossom-headed တို့ကြား မတူညီသော နေထိုင်မှု အချက်ဖြစ်သည်။
plum-headed အထီးရော အမပါ ရှည်လျားသော အပြာရောင်အမြီးရှိပြီး အမြီးဖျားတွင် သိသာသောအဖြူရောင် ထိပ်ဖျားရှိသည်။ blossom-headed များမှာတော့ အမြီးဖျားတွင် အဝါရောင်လေးအနည်းငယ်သာ တွေ့ရမည်ဖြစ်သည်။ ယင်းသို့ အမြီးဖျားကို ကြည့်၍လည်း ခွဲခြားသိရှိနိုင်မည်ဖြစ်သည်။
plum-headed အမ များတွင် အဆိုပါအမှတ် မတွေ့ရချေ။ blossom-headed အမ များသည် plum-headed အမ များနှင့် အတူတူလိုပင်ဖြစ်သော်လည်း အထီးများကဲ့သို့ ပခုံးမှတ်ရှိသည်။ ထိုအချက်သည်လည်း ခွဲခြားနိုင်သောအချက်များပင်ဖြစ်သည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.