![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/8/82/Kyaukse_landscape.jpg/640px-Kyaukse_landscape.jpg&w=640&q=50)
ကျောက်ဆည်မြို့
မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီးတွင်ရှိသော မြို့တစ်မြို့ / From Wikipedia, the free encyclopedia
ကျောက်ဆည်မြို့သည် မန္တလေးတိုင်းဒေသကြီးတွင် ပါဝင်သော မြို့တစ်မြို့ဖြစ်ပြီး ဇော်ဂျီမြစ်၏ လက်ျာဘက်ကမ်းနဖူးတွင် တည်ရှိ၍ ကျောက်ဆည် ခရိုင်ဝန် ရုံးစိုက်ရာမြို့ဖြစ်သည်။ ရန်ကုန်မန္တလေးမီရထားလမ်းတွင် ထင်ရှားသောမြို့ တစ်မြို့ဖြစ်၍ မီးရထား လမ်းအတိုင်း မန္တလေးမြို့မှ ၂၇ မိုင်၊ ရန်ကုန်မှ ၃၅၉ မိုင် ဝေးလေသည်။
အချက်တိုများ ကျောက်ဆည်, နိုင်ငံ ...
ကျောက်ဆည် | |
---|---|
မြို့ | |
![]() ကျောက်ဆည်မြို့ | |
ကိုဩဒိနိတ်: 21°36′48.5″N 96°07′45.0″E | |
နိုင်ငံ | ![]() |
တိုင်းဒေသကြီး | မန္တလေး |
ခရိုင် | ကျောက်ဆည် |
ဧရိယာ | |
• စုစုပေါင်း | ၁.၈၇၂ စတုရန်းမိုင် (၄.၈၄၉ စတုရန်းကီလိုမီတာ) |
လူဦးရေ (၂၀၁၄) | |
• စုစုပေါင်း | ၇၄၁,၀၇၁ [1] |
• လူမျိုးများ | ဗမာ၊ တရုတ်၊ ကုလား၊ တိုင်းရင်းသားပေါင်းစုံ |
• ကိုးကွယ် ယုံကြည်မှု | ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6:30) |
ပိတ်ရန်
မြို့၏အကျယ်အဝန်းမှာ စတုရန်းမိုင် ၁.ဝ၅ သာ ရှိသော်လည်း မြို့ကွက်အနေအထားမှာ စံနစ်တကျ ရှိပေသည်။ ကျောက်ဆည်မြို့မှာ အမြင့် ၉၇၅ ပေ မြင့်သော ရွှေသာလျောင်း တောင်ခြေတွင် တည်သည်။ ထို တောင်ထိပ်တွင် ပုဂံ အနော်ရထာမင်း တည်ထားကိုးကွယ်ခဲ့သော စေတီတော် တည်ရှိ၍ တောင်ခြေရင်းတွင်မူ ရွှေမုဌောစေတီတော် တည်ရှိသည်။