ထိုင်းဘုရင့်နိုင်ငံတော်ကို လက်ရှိ အုပ်စိုးနေသော တော်ဝင်မင်းဆက် From Wikipedia, the free encyclopedia
စကြီမင်းဆက်(မြန်မာ: စကြီရာဇဝံသ; သင်္သကရိုက်: Cakrī Rājavaṁsa)သည် ထိုင်းဘုရင့်နိုင်ငံ၏ လက်ရှိမင်းဆက်ဖြစ်ကာ အကြီးအကဲဘုရင်မှာ နိုင်ငံတော်၏ ခေါင်းဆောင်ဖြစ်သည်။ တက်ဆင်နှင့် သွန်ဘူရီခေတ်များအလွန် ၁၇၈၂ခုနစ်တွင် မြို့တော်ကို ဘန်ကောက်သို့ ပြောင်းပြီးချိန် ရတနကောသိန္ဒြခေတ်မှ စ၍ ထိုင်းနိုင်ငံကို အုပ်စိုးခဲ့သည်။ ဤမင်းဆက်ကို တရုတ်-မွန်နွယ်ဖွား ဖြစ်သော အယုဒ္ဓယ စစ်တပ်ခေါင်းဆောင် ဖြစ်သူ ဗုဒ္ဓယောတ္တဗာ စုဠာလောကက တည်ထောင်ခဲ့သည်။
စကြီမင်းဆက် | |
---|---|
အမှတ်တံဆိပ် | |
နိုင်ငံ | ထိုင်းနိုင်ငံ |
တည်ထောင်ခြင်း | ၁၇၈၂ |
တည်ထောင်သူ | ရာမ ၁ |
လက်ရှိ အကြီးအကဲ | ရာမ ၁၀ |
အမည်များ | ရတနကောသိန္ဒြပြည် (၁၇၈၂-၁၉၄၀) ထိုင်းနိုင်ငံ (၁၉၄၈-လက်ရှိ) |
ကိုးကွယ်မှု | ဗုဒ္ဓဘာသာ |
Estate(s) | ထိုင်းဘုရင့်နိုင်ငံ |
လက်ရှိအကြီးအကဲဖြစ်သူမှာ (၁၀) ယောက်မြောက် ရာမဘုရင်ဖြစ်သော ဝဇိရာလင်္ကရဏဖြစ်သည်။ မင်းဆက်၏ လက်ရှိနေရာမှာ ဘန်ကောက်မြို့ရှိ တော်ဝင်နန်းတော်ဖြစ်သည်။
ထိုင်းနိုင်ငံ၏ လက်ရှိတော်ဝင်မိသားစုမှာ မဟီတလအတုလျေတေဇမင်းသားမှ ဆင်းသက်လာသည်။ သူသည် စုဠာလင်္ကရဏဘုရင်၏ သားတော်ဖြစ်ကာ ဝဇိရာဝုဓဘုရင်နှင့် ပြဇာဓိပကဘုရင်တို့ အဖေတူအမေကွဲ ညီအစ်ကိုလည်းဖြစ်သည်။ မဟီတလအတုလျေတေဇ၏ သားတော်ကြီး အာနန္ဒမဟီတလ နတ်ရွာစံပြီးနောက် သားတော်ငယ် ဘူမိဗလအတုလျတေဇ နန်းတက်ခဲ့သည်။ သူ့အား သားတော် ဝဇိရာလင်္ကရဏ ဆက်ခံခဲ့သည်။
တော်ဝင်မိသားစု၏ လက်ရှိမိသားစုဝင်များမှာ အောက်ပါအတိုင်းဖြစ်သည်။
ပုံ | အမည် | မွေးဖွားခြင်း | စိုးစံမှုစတင်ခြင်း | စိုးစံမှုပြီးဆုံးခြင်း | နတ်ရွာစံခြင်း | မိဖုရားများ | သားသမီးများ |
---|---|---|---|---|---|---|---|
ဗုဒ္ဓ ယော့ဖာ စုဠာလောက (ရာမ၁) |
၂၀ မတ် ၁၇၃၇ အယုဓျာမြို့၊ အယုဓျာတိုင်းပြည် |
၆ ဧပြီ ၁၇၈၂ | ၇ စက်တင်ဘာ ၁၈၀၉ တော်ဝင်နန်းတော်၊ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် သက်တော် ၇၂ |
အမရိန္ဒြာ နှင့်အခြားမိဖုရား ၃၁ပါး |
သားတော်၁၇၊ သမီးတော် ၂၅ | ||
ဗုဒ္ဓ လော့လာ နဘာလယ (ရာမ၂) |
၂၄ ဖေဖော်ဝါရီ ၁၇၆၇ အမ်ဖဝါး၊ အယုဓျာတိုင်းပြည် |
၇ စက်တင်ဘာ ၁၈၀၉ | ၂၁ ဇူလိုင် ၁၈၂၄ တော်ဝင်နန်းတော်၊ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် သက်တော် ၅၇ |
|
သားတော်၃၈၊ သမီးတော်၃၅ | ||
နန်းကလော (ရာမ၃) |
၃၁ မတ် ၁၇၈၈ သွန်ဘူရီနန်းတော်၊ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် |
၂၁ ဇူလိုင်၁၈၂၄ | ၂ ဧပြီ ၁၈၅၁ တော်ဝင်နန်းတော်၊ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် သက်တော် ၆၃ |
မိဖုရား၄၂ပါး | သားတော်၂၂၊ သမီးတော်၂၉ | ||
မကုဋ (ရာမ၄) |
၁၈ အောက်တိုဘာ ၁၈၀၄ သွန်ဘူရီနန်းတော်၊ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် |
၂ ဧပြီ ၁၈၅၁ | ၁ အောက်တိုဘာ ၁၈၆၈ တော်ဝင်နန်းတော်၊ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် သက်တော် ၆၃ |
|
သားတော်၃၉၊ သမီးတော်၄၃ | ||
စုဠာလင်္ကရဏ (ရာမ၅) |
၂၀ စက်တင်ဘာ ၁၈၅၃ တော်ဝင်နန်းတော်၊ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် |
၁ အောက်တိုဘာ ၁၈၆၈ | ၂၃ အောက်တိုဘာ ၁၉၁၀ ဒူဆစ်နန်းတော်၊ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် သက်တော် ၅၇ |
|
သားတော် ၃၂၊ သမီးတော်၄၄ | ||
ဝဇိရာဝုဓ (ရာမ၆) |
၁ ဇန်နဝါရီ ၁၈၈၁ တော်ဝင်နန်းတော်၊ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် |
၂၃ အောက်တိုဘာ ၁၉၁၀ | ၂၆ နိုဝင်ဘာ ၁၉၂၅ တော်ဝင်နန်းတော်၊ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် သက်တော် ၄၄ |
|
ဝဇိရရတနရာဇသုတာ | ||
ပြဇာဓိပက (ရာမ၇) |
၈ နိုဝင်ဘာ ၁၈၉၃ တော်ဝင်နန်းတော်၊ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် |
၂၆ နိုဝင်ဘာ ၁၉၂၅ | ၂ မတ် ၁၉၃၅ | ၃၀ မေ ၁၉၄၁1 ဗြိတိန်နိုင်ငံ သက်တော် ၄၇ |
ရမ်ဘိုင် ဘာနီ | - | |
အာနန္ဒ မဟိတလ (ရာမ၈) |
၂၀ စက်တင်ဘာ ၁၉၂၅ ဟိုင်ဒါဘတ်၊ ဘာဒန်သမ္မတနိုင်ငံ၊ ဝါမန် |
၂ မတ် ၁၉၃၅ ၁၉၃၅မှ ၁၉၄၆အထိ ဘုရင်ခံကောင်စီဖြင့်သာ အုပ်ချုပ်ခဲ့သည်။ |
၉ ဇွန် ၁၉၄၆ ဘိုရွန်းဖီမင်နန်းဆောင်တော်ဝင်နန်းတော်၊ ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ သက်တော် ၂၀ |
- | - | ||
ဘူမိဗလအတုလျတေဇ (ရာမ၉) |
၅ ဒီဇင်ဘာ ၁၉၂၇ အာဘန်တောင် ဆေးရုံ၊ ကမ်းဘရေ့ချ်၊ မက်ဆာချူးဆက်ပြည်နယ်၊ အမေရိကန်ပြည်ထောင်စု |
၉ ဇွန် ၁၉၄၆ (၁၉၅၀ မေလ ၅ရက်တွင် ဘိသိက်သွန်း) |
၁၃ အောက်တိုဘာ ၂၀၁၆ သီရိရတ်ချ်ချ်ဆေးရုံ၊ ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ သက်တော် ၈၈နှစ် |
သီရိခေတ် |
| ||
မဟာဝဇိရာလင်္ကရဏ (ရာမ၁၀) |
၂၈ ဇူလိုင် ၁၉၅၂ အမ်ပွန်း စသမ် အိမ်တော် ၊ ဒူဆစ်နန်းတော်၊ ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ |
၁၃ အောက်တိုဘာ ၂၀၁၆(၂၀၁၉ မေလတွင် ဘိသိက်သွန်းမည်) | လက်ရှိ | - |
|
ဥပရာဇာသည် ဆိုင်ယမ်တိုင်းပြည်၏ ဒုတိယဘုရင်ဖြစ်ခဲ့သည်။ ထိုနေရာကို အဆင့်အမြင့်ဆုံးမင်းသားကို ပေးလေ့ရှိသည်။ဥပမာ- ဘုရင်၏ညီငယ် (သို့မဟုတ်) သားတော်ကြီးများဖြစ်သည်။၁၈၈၅ခုနှစ်မတိုင်မီအထိ ချက္ကရီမင်းဆက်မှန်သမျှသည် ဥပရာဇာခန့်လေ့ရှိသည်။ဥပရာဇာသည် အရှေ့နန်းတော်တွင် ရုံးစိုက်လေ့ရှိသည်။ ထိုင်းအစဉ်အလာအရ ဥပရာဇာသည် နန်းတက်ရန် လျာထားသတ်မှတ်ခံရသော်လည်း အစာရစန်ဒုံမင်းသားသာလျှင် ဗုဒ္ဓ လော့လာ နဘာလယဘုရင်အဖြစ် နန်းတက်နိုင်ခဲ့သည်။စုဠာလင်္ကရဏဘုရင်လက်ထက်တွင် သူ၏ဝမ်းကွဲ၊ဥပရာဇာဖြစ်သော ဝိဇယဇညကွယ်လွန်ပြီးနောက် ဥပရာဇာနေရာကို ဖျက်သိမ်းခဲ့သည်။ ထို့နောက် သူ၏သားအကြီးဆုံးကို အိမ်ရှေ့မင်း ခန့်အပ်ခဲ့သည်။ သို့သော် ဥပရာဇာမဟုတ်ပေ။ [1]
ပုံ | အမည် | မွေးဖွားခြင်း | စိုးစံမှုစတင်ခြင်း (ခန့်အပ်မှုစတင်ခြင်း) | စိုးစံမှုပြီးဆုံးခြင်း | သားသမီးများ | ဘုရင် (ဘုရင်နှင့်ပက်သက်မှု) |
---|---|---|---|---|---|---|
မဟာသုရသိင်္ဟနာဒ | ၁ နိုဝင်ဘာ ၁၇၄၄ အယုဓျာမြို့၊ အယုဓျာတိုင်းပြည် |
၁၇၈၂ | ၃ နိုဝင်ဘာ ၁၈၀၃ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် သက်တော်၅၉ |
၄၃ယောက် | ရာမ၁ (ညီတော်) | |
အစာရစန်ဒုံ | ၂၄ ဖေဖော်ဝါရီ ၁၇၆၇ အယုဓျာတိုင်းပြည် |
၁၈၀၆ | ၇ စက်တင်ဘာ ၁၈၀၉ (ရာမ၂အဖြစ်နန်းတက်ခဲ့) |
၇၃ယောက် | ရာမ၁ (အကြီးဆုံးသား) | |
မဟာသေနာနုရက္ခ | ၂၉ မတ် ၁၇၇၃ အယုဓျာတိုင်းပြည် |
၇ စက်တင်ဘာ ၁၈၀၉ | ၁၆ ဇူလိုင် ၁၈၁၇ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် သက်တော်၄၅ |
၄၀ယောက် | ရာမ၂ (ညီတော်) | |
ဆတ်ဒီဖိုလဆပ် | ၂၁ အောက်တိုဘာ ၁၇၈၅ အယုဓျာတိုင်းပြည် |
၂၁ ဇူလိုင် ၁၈၂၄ | ၁ မေ ၁၈၃၂ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် သက်တော်၄၆ |
၂၀ | ရာမ၃ (ဦးရီးတော်၊ ရာမ၁၏သားတော်) | |
ပင်ကလို | ၄ စက်တင်ဘာ ၁၈၀၈ သွန်ဘူရီနန်းတော်၊ ဆိုင်ယမ်တိုင်းပြည် |
၂၅ မေ ၁၈၅၁ | ၇ ဇန်နဝါရီ ၁၈၆၆ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် သက်တော်၅၇ |
၅၈ယောက် | ရာမ၄ (ညီတော်) | |
ဝိဇယဇည | ၆ ဧပြီ ၁၈၃၈ သွန်ဘူရီနန်းတော်၊ ဆိုင်ယမ်တိုင်းပြည် |
၂ အောက်တိုဘာ ၁၈၆၈ | ၂၈ ဩဂုတ် ၁၈၈၅ အရှေ့နန်းတော်၊ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် သက်တော်၄၇ (ကွယ်လွန်ပြီးနောက် ရာထူးဖျက်သိမ်း) |
၂၈ယောက် | ရာမ၅ (ဝမ်းကွဲ၊ ပင်ကလို၏သား) |
အနောက်နန်းတော်ဆိုသည်မှာ အယုဓျာခေတ်မှ ဆက်၍လာသော နေရာဖြစ်သည်။ သို့သော် ချက္ကရီမင်းဆက် စတင်တည်ထောင်ချိန်မှစ၍ အနောက်နန်းတော်ကို တစ်ဦးသာစိုးစံခဲ့သည်။အနုရတ် ဒီဗေ့ချ်မင်းသားသည် ရာမ၁ဘုရင်၏ ဝမ်းကွဲဖြစ်ကာ ၁၇၈၅တွင် ခန့်အပ်ခံခဲ့ရသည်။
ထိုင်းနိုင်ငံ၏ အိမ်ရှေ့မင်း သို့မဟုတ် Sayam မကုဋရာဇကုမာရ (สยามมกุฎราชกุมาร)သည် တိုင်းပြည်၏ အနာဂတ်ဘုရင်အဖြစ် သတ်မှတ်ထားသောနေရာဖြစ်သည်။၁၈၈၆ခုနှစ်တွင် စုဠာလင်္ကရဏဘုရင်သည် သူ၏အကြီးဆုံးသားကို ခန့်အပ်ခြင်းဖြင့် ရာထူးစတင်ဖန်တီးခဲ့သည်။ဤနေရာသည် အနောက်နိုင်ငံများ၏ဓလေ့မှ တိုက်ရိုက်ကူးချထားခြင်းဖြစ်သည်။ ထိုစဉ်မှစ၍ အိမ်ရှေ့မင်းသား၃ယောက်သာ ခန့်အပ်ခဲ့သည်။နောက်ဆုံးသော အိမ်ရှေ့မင်းသားမှာ လက်ရှိဘုရင် မဟာဝဇိရာလင်္ကရဏဖြစ်သည်။ သူ့ကို ၁၉၇၂ခုနှစ်တွင် ခမည်းတော် ဘုရင်ဘူမိဗလအတုလျတေဇခန့်အပ်ခဲ့ပြီး ၂၀၁၆ခုနှစ်တွင် ဘုရင်ဖြစ်လာခဲ့သည်။
ပုံ | အမည် | မွေးဖွားခြင်း | ခန့်အပ်ခြင်း | ပြီးဆုံးခြင်း | မှတ်စု | မိဘများ |
---|---|---|---|---|---|---|
မဟာဝဇိရုဏဟိသ | ၂၇ ဇွန် ၁၈၇၉ တော်ဝင်နန်းတော်၊ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် |
၁၄ ဇန်နဝါရီ ၁၈၈၆[2] | ၄ ဇန်နဝါရီ ၁၈၉၅ | အသက်၁၆နှစ်အရွယ်တွင် တိုက်ဖိုက်ရောဂါဖြင့် ကွယ်လွန် | ရာမ၅ဘုရင်နှင့် မိဖုရားဆာဗန် ဗဟာနာ | |
ဝဇိရာဝုဓ | ၁ ဇန်နဝါရီ ၁၈၈၁
တော်ဝင်နန်းတော်၊ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် |
၄ ဇန်နဝါရီ ၁၈၉၅[3] | ၂၃ အောက်တိုဘာ ၁၉၁၀ | ခမည်းတော်နတ်ရွာစံအပြီး ရာမ၆အဖြစ်နန်းတက်ခဲ့ | ရာမ၅ဘုရင်နှင့် မိဖုရားစစ်ဗာပါ ပေါင်ဆရီ | |
မဟာဝဇိရာလင်္ကရဏ | ၂၈ ဇူလိုင် ၁၉၅၂
အမ်ပွန်း စသမ် အိမ်တော် ၊ ဒူဆစ်နန်းတော်၊ ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ |
၂၈ ဒီဇင်ဘာ ၁၉၇၂[4] | ၁၃ အောက်တိုဘာ ၂၀၁၆ | ခမည်းတော်နတ်ရွာစံအပြီး ရာမ၁၀အဖြစ် နန်းတက်ခဲ့ | ရာမ၉ဘုရင်နှင့် မိဖုရားသီရိခေတ် |
ပုံ | အမည် | မွေးဖွားခြင်း | ထိမ်းမြားခြင်း | မိဖုရားခေါင်ကြီးဖြစ်လာခြင်း | ပြီးဆုံးခြင်း | သေဆုံးခြင်း | သားသမီးများ | ၏မိဖုားခေါင် (မှတ်စုများ) |
---|---|---|---|---|---|---|---|---|
အမရိန္ဒြာ | ၁၅ မတ် ၁၇၃၇ အယုဓျာတိုင်းပြည် |
၁၇၆၀ ခန့်က | ၆ ဧပြီ ၁၇၈၂ ဘုရင်၏ဘိသိက်ပွဲနှင့်အတူ |
၇ စက်တင်ဘာ ၁၈၀၉ ဘုရင်၏သေဆုံးခြင်းနှင့်အတူ |
၂၅ မေ ၁၈၂၆ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် သက်တော်၈၉ |
၁၀ယောက် | ရာမ၁ (ရာမ၂၏ မယ်တော်) | |
သီရိသုရိယေန္ဒြ | ၁၇၆၇ခန့်က အယုဓျာတိုင်းပြည် |
၂၁ စက်တင်ဘာ ၁၈၀၁ | ၇ စက်တင်ဘာ ၁၈၀၉ ဘုရင်၏ဘိသိက်ပွဲနှင့်အတူ |
၂၁ ဇူလိုင် ၁၈၂၄ ဘုရင်၏သေဆုံးခြင်းနှင့်အတူ |
၁၈ အောက်တိုဘာ ၁၈၃၆ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် သက်တော်၆၉ |
၅ယောက် | ရာမ၂ (ရာမ၄၏မယ်တော်) | |
ဒေဝသိရိန္ဒြာ | ၁၇ ဇူလိုင် ၁၈၃၄ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် |
၁ ဧပြီ ၁၈၅၁ | ၉ စက်တင်ဘာ ၁၈၆၂ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် သက်တော်၂၈ |
၄ယောက် | ရာမ၄ (ရာမ၅၏မယ်တော်) | |||
စစ်ဗာပါ ပေါင်ဆရီ (ဘုရင်ခံမိဖုရား) |
၁ ဇန်နဝါရီ ၁၈၆၄ တော်ဝင်နန်းတော်၊ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် |
၁၈၇၈ခန့်က | ၂၃ အောက်တိုဘာ ၁၉၁၀ ဘုရင်၏သေဆုံးခြင်းနှင့်အတူ |
၂၀ အောက်တိုဘာ ၁၉၁၉ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် သက်တော်၅၆ |
၉ယောက် | ရာမ၅ (ရာမ၆နှင့် ရာမ၇တို့၏မယ်တော်) | ||
ဣန္ဒြသတ္တိဆာချီ | ၁၀ ဇွန် ၁၉၀၂ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် |
၁၀ ဇွန် ၁၉၂၁ | ၁ ဇန်နဝါရီ ၁၉၂၂ ခန့်အပ်ခြင်း |
၁၅ နိုဝင်ဘာ ၁၉၂၅ မိဖုရားအဖြစ် တိုးမြှင့်ခံရ |
၃၀ နိုဝင်ဘာ ၁၉၇၅ ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ သက်တော်၇၃ |
- | ရာမ၆ | |
ရမ်ဘိုင် ဘာနီ | ၂၀ ဒီဇင်ဘာ ၁၉၀၄ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် |
၂၅ ဩဂုတ် ၁၉၁၈ | ၂၅ နိုဝင်ဘာ ၁၉၂၅ ဘုရင်၏ဘိသိက်ပွဲနှင့်အတူ |
၂ မတ် ၁၉၃၅ ဘုရင်၏ ပြုတ်ကျခြင်းနှင့်အတူ |
၂၂ မေ ၁၉၈၄ ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ သက်တော်၇၉ |
- | ရာမ၇ | |
သီရိခေတ်(ဘုရင်ခံမိဖုရား) | ၁၂ ဩဂုတ် ၁၉၃၂ ဘန်ကောက်မြို့၊ ဆိုင်ယမ်တိုင်းပြည် |
၂၈ ဧပြီ ၁၉၅၀ | ၁၃ အောက်တိုဘာ ၂၀၁၆ ဘုရင်၏သေဆုံးခြင်းနှင့်အတူ |
၄ယောက် | ရာမ၉ (ရာမ၁၀၏မယ်တော်) |
ဥပရာဇာမှာ လက်ရှိနန်းဆက်၏ ဒုတိယဘုရင်သဘောဖြစ်ကာ အိမ်ရှေ့မင်းမှာ နောင်တွင်ဘုရင်ဖြစ်မည့် မင်းလောင်းဖြစ်သည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.