{{Infobox royalty
|name = ဝဇိရာလင်္ကရဏ
Vajiralongkorn
|title = ရာမ ၁၀ ဘုရင်
|image = King Rama X official (crop).png
|image_size = 220px
|caption =
|succession = ထိုင်းနိုင်ငံဘုရင်
|reign = ၁၃ အောက်တိုဘာ ၂၀၁၆-လက်ရှိ
|coronation = ၄ မေ ၂၀၁၉
|cor-type = Coronation
|predecessor = ဘူမိဗလအတုလျတေဇ (ရာမ၉)
|successor = ဒီပင်္ကရ ရံသိဇောတိ
|suc-type = ဆက်ခံရန် လျာထားသူ
|reg-type1 = ဝန်ကြီးချုပ်
|regent1 = {{List collapsed |title|1=[[ပရာယွတ်ချန်အိုချာ]2=[ဆေထာထဝီဆင်]3=[ပေထုံတန်ရှင်နာဝပ်]]}}
|full name = မဟာဝဇိရာလင်္ကာရဏ ပဒိန္ဒြာဒေဗယဝရာင်
ကူရ်
ထိုင်း: มหาวชิราลงกรณ บดินทรเทพยวรางกูร
RTGS: မဟာဝချိရာလောင်ကွန်းဘော်ဒင်ထရာထိဗယဝရာခွန်း
|birth_date = ၂၈ ဇူလိုင်၊ ၁၉၅၂
|birth_place = အမ်ပွန်း သဒန် အိမ်တော်၊ ဒူဆစ်နန်းတော်၊ ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ
|death_date =
|death_place =
|spouse = သိုမ်သာဝလီ
(လက်ထပ် 1977; ကွာရှင်း 1991)
ယုဝဓီတာ
(လက်ထပ် 1994; ကွာရှင်း 1996)
သီရိရံသိ သုဝတီ
(လက်ထပ် 2001; ကွာရှင်း 2014)
ဆုသီတာ
(လက်ထပ် 2019)
ဆုသီတာ (လက်ထပ် 2019)
နိရမလဖွမ်းဖြောင်
(လက်ထပ် 2019; ကွာရှင်း 2019)
|issue =
စုံသဝလီနှင့်:
ဝဇိရကိတိယာဘာ
ယုဝဓီတာနှင့်:
စုဍာဝဇရ ဝိဝဇရဝံသ
ဝဇိရရေသ ဝိဝဇရဝံသ
စကြီဝဇိရ ဝိဝဇရဝံသ
ဝဇရဝီရ ဝိဝဇရဝံသ
သီရိဝဏ္ဏဝရီ နာရီရတန
သီရိရံသိ သုဝတီနှင့်:
ဒီပင်္ကရ ရံသိဇောတိ
|house = မဟီတလ (ချက္ကရီမင်းဆက်)
|father = ဘူမိဗလအတုလျတေဇ (ရာမ၉)
|mother = သီရိခေတ်
|religion = ဗုဒ္ဓဘာသာ
|reg-type = ဘုရင်ခံ
|regent = ပရမ် တင်ဆူလန်နိုဒါ
(2016)
|signature = Vajiralongkorn Signature in English.svg
}}
မဟာဝဇိရာလင်္ကရဏ (သင်္သကရိုက်: Mahāvajirālaṅkaraṇa) သည် ထိုင်းနိုင်ငံ၏ ဘုရင်ဖြစ်သည်။ သူသည် ဘုရင်ဘူမိဗလ နှင့် မိဖုရား သီရိခေတ် တို့၏ တစ်ဦးတည်းသော သားတော်ဖြစ်သည်။ ၁၉၇၂ ခုနှစ် အသက်၂၀ အရွယ်တွင် အိမ်ရှေ့မင်းသားအဖြစ် ဘုရင်ဘူမိဗလမှ တင်မြှောက်ခဲ့သည်။ ၂၀၁၆ ခုနှစ် အောက်တိုဘာလ၁၃ ရက်နေ့တွင် ခမည်းတော် နတ်ရွာစံပြီးနောက် ဘုရင်ဖြစ်လာခဲ့ပြီး နန်းသိမ်းပွဲအတွက်ကိုမူ အချိန်တစ်ခုစောင့်ဆိုင်းရန် သူကပြောခဲ့သည်။[1]
၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့တွင် ပလ္လင်ကို သိမ်းပိုက်ခဲ့သည်။ သူ၏ ခမည်းတော်ကို ၂၀၁၇ခုနှစ် အောက်တိုဘာ ၂၆ရက်နေ့တွင် မီးသင်္ဂြိုဟ်ခဲ့သည်။[2][3][4]သူ၏ နန်းသိမ်းဘိသိတ်ပွဲကို ၂၀၁၉ခုနှစ် မေလ ၄ရက်မှ ၅ရက်အထိကျင်းပခဲ့သည်။ [5] ဘုရင်ဖြစ်ချိန် ၂၀၁၆ ခုနှစ်က သက်တော် ၆၁ နှစ်ရှိပြီဖြစ်၍ သူသည် နန်းတက်ချိန်တွင် အသက်အကြီးဆုံး ထိုင်းဘုရင် ဖြစ်လာခဲ့သည်။
ဘဝအစနှင့် ပညာရေး
သူ့ကို ၁၉၅၂ခုနှစ် ဇူလိုင်လ၂၈ရက်နေ့ ညနေ ၅နာရီ ၄၅မိနစ်အချိန်တွင် ဒူဆစ်နန်းတော်၌ ဖွားမြင်ခဲ့သည်။[6]မင်းသား တစ်နှစ်သားအရွယ်တွင် ဘုန်းကြီးတစ်ပါးမှ "Vajiralongkorn Borommachakkrayadisonsantatiwong Thewetthamrongsuboriban Aphikhunuprakanmahittaladunladet Phumiphonnaretwarangkun Kittisirisombunsawangkhawat Borommakhattiyaratchakuman" (ထိုင်း: วชิราลงกรณ บรมจักรยาดิศรสันตติวงศ เทเวศรธำรงสุบริบาล อภิคุณูประการมหิตลาดุลเดช ภูมิพลนเรศวรางกูร กิตติสิริสมบูรณ์สวางควัฒน์ บรมขัตติยราชกุมาร)ဟု အမည်ပေးခဲ့သည်။ ဘုရင်ဘူမိဘော၏ ဒုတိယမြောက်ကလေးဖြစ်ကာ တစ်ဦးတည်းသောသားဖြစ်သည်။
ချစ်တရာလန်ဒါကျောင်းတွင် ၁၉၅၆ခုနှစ်မှစ၍ ပညာသင်ခဲ့သည်။ ၇တန်းအောင်မြင်ပြီးနောက် ဗြိတိန်နိုင်ငံရှိ ပုဂ္ဂလိကကျောင်းများတွင် တက်ရောက်ခဲ့သည်။ ၁၉၇၀ခုနှစ် ဩဂုတ်လတွင် ဆစ်ဒနီမြို့ရှိ ဘုရင့်ကျောင်းတော်တွင် ငါးပတ်ကြာ စစ်သင်တန်း တက်ရောက်ခဲ့သည်။ [7]
၁၉၇၂ခုနှစ်တွင် ဩစတြေးလျနိုင်ငံ ကမ်ဘီရမြို့ရှိ တော်ဝင်စစ်ကောလိပ်သို့ ဝင်ခွင့်ရခဲ့သည်။ ထိုကျောင်းတွင် သူသည် ဩစတြေးလျစစ်တပ်၏ စစ်ရေးလေ့ကျင့်မှုများနှင့်အတူ နယူးဆောက်ဝေးတက္ကသိုလ်မှ ဘွဲ့ပညာရေးတို့ကို သင်ကြားခဲ့သည်။ ၁၉၇၆ခုနှစ်တွင် ဗိုလ်အဖြစ် ပြန်တမ်းဝင်ခဲ့ပြီး စာပေပွဲဖြင့်ဘွဲ့ရခဲ့သည်။ [7]
၁၉၈၂ခုနှစ်တွင် ဆူခိုထိုင်းတက္ကသိုလ်မှ ဥပဒေဘွဲ့ဖြင့် နောက်ထပ်ဘွဲ့တစ်ခုရရှိခဲ့သည်။
နန်းမွေနန်းလျာနှင့် လူမှုရေးလုပ်ငန်းများ
၁၉၇၂ခုနစ် ဒီဇင်ဘာလ၂၈ရက်နေ့တွင် ဝဇိရာလင်္ကရဏမင်းသားအား အိမ်ရှေ့မင်းသားအဖြစ် သတ်မှတ်ခဲ့သည်။ ထို့ကြောင့် ချက္ကရီမင်းဆက်၏ တတိယမြောက် အိမ်ရှေ့မင်းသားဖြစ်လာသည်။[8]
သူသည် ထိုင်းတော်ဝင်စစ်တပ်တွင် တာဝန်ထမ်းဆောင်နေစဉ်ကပင် ပြည်နယ်များသို့အလည်အပတ်သွားရောက်ခြင်း၊ခမည်းတော်ဘုရင်ကိုယ်စား အခမ်းအနားများတက်ရောက်ခြင်းများကို လုပ်ဆောင်ခဲ့သည်။
သာသနာ့ဘောင် ဝင်ရောက်ခြင်း
၁၉၇၈ခုနှစ် နိုဝင်ဘာ၆ရက်နေ့ အသက်၂၆နှစ်အရွယ်တွင် သာသနာ့ဘောင်အတွင်း ခေတ္တဝင်ရောက်ခဲ့သည်။"ဝဇိရာလင်္ကရဏော" ("Vajirālaṅkaraṇo")ဘွဲ့တော်ဖြင့် ၁၅ရက်ကြာ ဦးဇင်းဝတ်ခဲ့သည်။[9]
စစ်ပညာသင်ဘဝနှင့် စစ်မှုထမ်းဆောင်ခြင်း
ပညာများသင်ယူပြီးနောက် တော်ဝင်ထိုင်းစစ်တပ်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၇၇တွင် အရာရှိနှင့် ဗိုလ်ချုပ်ကြီးကောလိပ်ကို တက်ရောက်ခဲ့သည်။ အမေရိကန်၊ ဗြိတိသျှ၊ ဩစတြေးလျစစ်တပ်များနှင့် အချိန်ကာလများစွာ လေ့ကျင့်ခဲ့သည်။ သူသည် လေယာဉ်နှင့် ဟတ်စကီးမောင်းရန် အရည်အချင်းပြည့်မီသူဖြစ်သည်။ ၁၉၇၈ခုနှစ်တွင် ဘုရင့်ကိုယ်ရံတော်တပ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်လာသည်။ ထိုနှစ်နှောင်းပိုင်းတွင် ဗုဒ္ဓဘာသာဝင်တို့၏ အစဉ်အလာအတိုင်း သာသနာ့ဘောင်သို့ ခေတ္တဝင်ခဲ့သည်။[10]ဖခင်ဖြစ်သူမှာ အသက်အရွယ်ရလာသည်နှင့် မင်းသားလောင်ကွန်းမှာ အခမ်းအနားများစွာကို ကိုယ်စား တက်ရောက်ခဲ့သည်။ ဘုရင်ကြီး၏ နှစ်၈၀ပြည့်ပွဲတော် နောက်တစ်ရက်တွင် ၂၀၀၇ ဘန်ကောက်ပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။
ကျန်းမာရေးကဏ္ဍ
သူသည် "အိမ်ရှေ့မင်းသားဆေးရုံများ"ကို တည်ထောင်ခဲ့သည်။ အများပြည်သူမှလှူဒါန်းသော အလှူငွေများနှင့် ဝေးလံသောဒေသများမှ ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးရန်ဖြစ်သည်။ ၁၉၇၇ခုနှစ်တွင် နေရာ၂၁နေရာတွင် ဆေးရုံများဖွင့်ပြီးဖြစ်သည်။[11]
လယ်ယာစိုက်ပျိုးရေးကဏ္ဍ
သူသည် စိုက်ပျိုးရေးကဏ္ဍတွင်ပါ စိတ်ဝင်စားပြီး "Mobile Agricultural Clinic Project" ကိုလုပ်ဆောင်ခဲ့သည်။ ဤစီမံကိန်းသည် လယ်သမားများကို အထွက်ကောင်းစေရန်နှင့် လယ်သမားပြဿနာများကို ဖြေရှင်းပေးနိုင်သည်။ ကျွမ်းကျင်ပညာရှင်များစွာက အပင်များ၊ ဆည်မြောင်းများ၊ ငါးဖမ်းခြင်းများ စသည်တို့အတွက် ကူညီကြသည်။ [11]
ထိုအဖွဲ့သည် အကူအညီလိုအပ်သော နေရာများသို့ လျင်မြန်စွာသွားနိုင်သည်။ ဤစီမံကိန်းဖြင့် လယ်သမားများကို နည်းပညာအသစ်များဖြင့် အထက်နှုန်းကောင်းအောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။[11]
လွန်ခဲ့သောနှစ်များတွင် မင်းသားလောင်ကွန်းသည် ဘုရင်ဘူမိဘောအစား လယ်ထွန်မင်္ဂလာပွဲများကို တက်ရောက်ခဲ့သည်။ ထိုပွဲတော်သည် ထိုင်းလယ်သမားများအတွက် အဓိပ္ပာယ်ပြည့်ဝသောပွဲဖြစ်သည်။[11]
ပညာရေးကဏ္ဍ
သူသည် ကလေးများ၏ အဆင့်မီသင်ကြားနိုင်ရေးတွင်ပါဝင်ပက်သက်ခွင့်နှင့် နှစ်ရှည်သင်ကြားရေးစီမံကိန်းကို အစပြုခဲ့သည်။ [12]သူသည် ရာဇာဘတ်တက္ကသိုလ်နင့် အထူးဆောင်ရွက်ခဲ့သည်။ ထိုတက္ကသိုလ်၏ ဥက္ကဋ္ဌဖြစ်သူကပြောကြားသည်မှာ ၁၉၇၈ခုနှစ်မှ စတင်ကာ တက္ကသိုလ်၏လက်အောက်ရှိ ကျောင်းများအားလုံး၏ ဘွဲ့နှင်းအခမ်းအနားများတွင် သဘာပတိအဖြစ်ဆောင်ရွက်သည်။ ခန့်မှန်းခြေအရ ၃၅နှစ်အတွင်း လူပေါင်း ၂၁၀၀၀၀၀ကို ဘွဲ့ပေးနိုင်ခဲ့သည်။ ထို့အပြင် သူသည်နှစ်တိုင်း ပညာသင်ဆုအတွက် ဘတ်၄၂သန်း လှူဒါန်းလေ့ရှိသည်။ [12]
အားကစားကဏ္ဍ
တစ်ချိန်က သူ့ကို "ဘောလုံးမင်းသား"ဟု လူသိကြသော်လည်း ယခုတွင် စက်ဘီးစီးမှုများကြောင့် အမည်ပြောင်းလဲခဲ့သည်။ ငယ်စဉ်ကပင် အားကစားတွင် စိတ်အားထက်သန်ခဲ့သည်။ ၁၁နှစ်အရွယ်တွင် မြင်းစီးသင်ခဲ့ပြီး မကြာမီတွင် မြင်းစီးနိုင်လာသည်။ ပြည်တွင်း၊ ပြည်ပတွင် ပညာသင်နေစဉ် သူငယ်ချင်းများနှင့် ဘောလုံး၊ရတ်ဘီ၊ လှေလှော်များ ကစားလေ့ရှိသည်။
မင်းသားသည် ဟွာဟင်းရှိ နန်းတော်တွင်နေထိုင်စဉ်အခါက ဖခင်ဘူမိဘော၊ အစ်မတော် ဥပ္ပလရတနာတို့နှင့်အတူ ရွက်လှေလှော်လေ့ရှိသည်။ သူ၏ အားကစားကို ချစ်မြတ်နိုးမှုမှာ နတ်ရွာစံ ဘုရင်ဘူမိဘောထံမှ အမွေရရှိခြင်းပင်ဖြစ်သည်။ [13]
စိုးစံခြင်း
ဆက်ခံခြင်း
၂၀၀၇ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အိမ်ရှေ့မင်းသား ဝဇိရာလင်္ကရဏကို ဘုရင်အဖြစ် ဆက်ခံနိုင်ရန် တင်ပြခြင်းအတွက် လွှတ်တော်ဥက္ကဋ္ဌကို ထိုင်းအစိုးရမှ ညွှန်ကြားခဲ့သည်။ ပြဇာဓိပကနောက်ပိုင်း ထိုင်းနိုင်ငံတွင်မွေးဖွားသော ပထမဆုံးဘုရင်ဖြစ်သည်။[14]ဘူမိဘောဘုရင် နတ်ရွာစံပြီးနောက် ဘုရင်ဖြစ်လာသော်လည်း သူက နန်းတက်ရန် အချိန်တစ်ခုကို စောင့်ရန်ပြောကြားခဲ့သည်။ [1]ဘူမိဘောဘုရင် နတ်ရွာစံအပြီး ရက်၅၀ အကြာ ဒီဇင်ဘာ၁ရက်နေ့တွင် ဘုရင်ခံ ပရမ် မှ ဦးဆောင်ကာ ဝဇိရာလင်္ကရဏကို ချက္ကရီမင်းဆက်၏ ၁၀ဆက်မြောက်ဘုရင်အဖြစ် နန်းတက်ရန် တင်ပြခဲ့သည်။[15]ဝဇိရာလင်္ကရဏက လက်ခံခဲ့ပြီး ရုပ်မြင်သံကြား ထုတ်ပြန်ချက်အရ "ဘုရင်ကြီး၏ဆန္ဒနှင့် ထိုင်းပြည်သူများ၏ အကျိုးအတွက် နန်းတက်မည်ဖြစ်ကြောင်း" ကြေညာခဲ့သည်။ [16][17]သို့သော် ခမည်းတော်၏ တော်ဝင်မီးသင်္ဂြိုဟ်ခြင်း အခမ်းအနား မပြီးဆုံးမီအထိ နေဦးမည်ဖြစ်သည်။ လက်ရှိတွင် သူ၏ အဓိကစံအိမ်တော်မှာ ဒူဆစ်နန်းတော်အတွင်းမှ အမ်ပွန်း စသမ် အိမ်တော်ဖြစ်ကာ ၂၀၁၁ခုနှစ် နော့သဘူရီနန်းတော်မှ ပြောင်းလာခဲ့ချိန်ကပင် စံမြန်းခဲ့သည်။[18]
ပရီဗီကောင်စီအဖွဲ့ဝင်များ ခန့်အပ်ခြင်း
ဘုရင်ဘူမိဘော၏ ပရီဗီကောင်စီအဖွဲ့ဝင်များ အနားယူပြီးနောက် ဘုရင်သစ် ဝဇိရာလင်္ကရဏက သူ၏ကောင်စီအသစ်ကို အဖွဲ့ဝင်၁၀ဦးဖြင့် ဖွဲ့စည်းခဲ့သည်။
နိုင်ငံရေးတွင် ပါဝင်ခြင်း
ထိုင်းအာဏာသိမ်းစစ်အစိုးရ၏ လွှတ်တော်သည် ၂၀၁၄ကြားဖြတ်အခြေခံဥပဒေကို ပြင်ဆင်ရန် တညီတညွတ်တည်း မဲပေးခဲ့ကြသည်။လူတချို့က ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်သည် စစ်တပ်ကို အာဏာပိုရစေကြောင်း ဝေဖန်ကြသည်။[3] ၂၀၁၇ အခြေခံဥပဒေကို ၂၀၁၆ဆန္ဒခံယူပွဲတွင် အတည်ပြုခဲ့ကြသည်။၂၀၁၇ ဧပြီ၆ရက်နေ့တွင် ဘုရင် ဝဇိရာလင်္ကရဏက လက်မှတ်ရေးထိုးခဲ့သည်။[19][3] ဘုရင်ဝဇိရာလင်္ကရဏတွင် တော်ဝင်အိမ်တော်များနှင့် တော်ဝင်အစောင့်အရှောက်များ အတွက် အာဏာအပြည့်အဝရှိသည်။[20]
ပုဂ္ဂိုလ်ရေးဘဝ
ထိမ်းမြားခြင်းနှင့် သားသမီးများ
မိသားစု
၁၉၇၇ခုနှစ် ဇန်နဝါရီ၃ရက်နေ့တွင် မိခင်ဘက်မှ ဝမ်းကွဲတော်စပ်သူ စုံသဝလီနှင့် ထိမ်းမြားခဲ့သည်။ သူတို့တွင် ၁၉၇၈ခုနှစ်၌ ဝဇိရကိတိယာဘာဟူသော သမီးတစ်ယောက်ထွန်းကားသည်။ ၁၉၇၀နှောင်းပိုင်းနှစ်ကာလများမှစ၍ သရုပ်ဆောင် ယုဝဓီတာနှင့်အတူ နေထိုင်ကာ ကလေး၅ယောက်ထွန်းကားခဲ့သည်။ သို့သော် စုံသဝလီက နှစ်အတော်ကြာအောင် ကွာရှင်းပေးခြင်းမရှိခဲ့ပေ။ ၁၉၉၃ခုနှစ် ဇန်နဝါရီလမှသာ တရားရုံးတွင် ကွာရှင်းခဲ့ကြသည် ။ ဇူလိုင်လတွင်မှသာ အပြီးသတ်ကွာရှင်းနိုင်ခဲ့သည်။ စုံသဝလီနှင့် သမီးဖြစ်သူမှာ တော်ဝင်အခမ်းအနားများတွင် အရေးပါသောနေရာမှ ပါဝင်နေဆဲဖြစ်သည်။
ဝဇိရာလင်္ကရဏသည် ယုဝဓီတာနှင့် မင်းသား စုဍာဝဇရ မဟီတလကို ၁၉၇၉ခုနှစ် ဩဂုတ်လ၂၉ရက်နေ့တွင် ဖွားမြင်သည်။ ထို့နောက် သား၃ယောက် သမီး၁ယောက်ဖွားမြင်ပြန်သည်။ ၁၉၉၄ခုနှစ်တွင် နန်းတော်၌တရားဝင် လက်ထပ်ခဲ့သည်။ သူတို့ကို ဘုရင်ဘူမိဘောနှင့် မယ်တော်ကြီး သီရိနဂရိန္ဒြာတို့က ကောင်းချီးပေးခဲ့သော်လည်း မိဖုရား သီရိခေတ်မပါဝင်ခဲ့ပေ။ လက်ထပ်ပြီးနောက် ဝဇိရာလင်္ကရဏနှင့်အတူ အခမ်းအနားများ တက်ရောက်ခဲ့သည်။ လက်ထပ်ပြီး ၂နှစ်အကြာတွင် မင်းသားက ယုဝဓီတာကို အသက်၆၀အရွယ် လေတပ်မှဗိုလ်နှင့် ဖောက်ပြန်သည့် စွပ်စွဲသည့် ကိစ္စနှင့် ယုဝဓီတာသည် ဗြိတိန်နိုင်ငံသို့ ရုတ်တရက်ထွက်ခွာသွားသည်။[21] နောက်ပိုင်းတွင် မင်းသားသည် သမီးတော်ကို အဓမ္မပြန်ခေါ်ခဲ့ပြီး ယုဝဓီတာနှင့် သားလေးယောက်၏ နိုင်ငံကူးလက်မှတ်များနှင့် တော်ဝင်အဆောင်အယောင်များကို ရုပ်သိမ်းခဲ့သည်။ ထို့နောက် ယုဝဓီတာနှင့်သားများသည် အမေရိကန်သို့ ပြောင်းခဲ့ကြသည်။[22]
၂၀၀၁ခုနှစ် ဖေဖော်ဝါရီလ၁၀ရက်နေ့တွင် တတိယအကြိမ် လက်ထပ်ခဲ့သည်။သီရိရံသိ သုဝတီနှင့် လက်ထပ်ခြင်းကို ၂၀၀၅အစောပိုင်းမှသာ လူသိရှင်ကြား ထုတ်ပြခဲ့သည်။ သားတော် ဒီပင်္ကရ ရံသိဇောတိကို ၂၀၀၅ခုနှစ် ဧပြီ၂၉ရက်နေ့တွင် ဖွားမြင်ခဲ့သည်။ သားတော်မှာ ချက်ချင်းပင် မင်းသားအဖြစ် သတ်မှတ်ခံခဲ့ရသည်။
သို့သော် ၂၀၁၄ခုနှစ် နိုဝင်ဘာလတွင် သီရိရံသိ သုဝတီ၏မိသားစုကို တော်ဝင်အမည်များရုပ်သိမ်းပေးရန် မင်းသားလောင်ကွန်းက ပြည်ထဲရေးဝန်ကြီးဌာနသို့ စာရေး အကြောင်းကြားခဲ့သည်။ အကြောင်းမှာ မိသားစုဝင်၇ယောက်မှာ အကျင့်ပျက်ခြစားမှုနှင့် စွပ်စွဲခံရခြင်းကြောင့်ဖြစ်သည်။[23]နောက်လတွင် သီရိရံသိ သုဝတီသည် တော်ဝင်ဂုဏ်ပုဒ်များကို စွန့်လွှတ်ကာ တရားဝင်ကွာရှင်းခဲ့ကြသည်။ သီရိရံသိ သုဝတီသည် လျော်ကြေးအဖြစ် ဘတ်သန်း၂၀၀ရရှိခဲ့သည်။
သားသမီးများ
အမည် | မွေးရက် | မှတ်ချက် |
---|---|---|
စုံသဝလီနှင့် (၁၉၇၇လက်ထပ်၊၁၉၉၁ကွာရှင်း) | ||
ဗဂျာကီတီရာဗာ | ၇ ဒီဇင်ဘာ၊ ၁၉၇၈ | |
သုစာရိဏီ ဝိဝဇရဝံသနှင့် (၁၉၉၄ လက်ထပ်၊၁၉၉၆ကွာရှင်း) | ||
စုဍာဝဇရ ဝိဝဇရဝံသ | ၂၉ ဩဂုတ်၊ ၁၉၇၉ | ဂျသာဗာဂျရာ မဟီတလအဖြစ်မွေးဖွား |
ဝဇိရရေသ ဝိဝဇရဝံသ | ၂၇ မေ၊ ၁၉၈၁ | ဗချာစွန် မဟီတလအဖြစ်မွေးဖွား |
စကြီဝဇိရ ဝိဝဇရဝံသ | ၆ ဖေဖော်ဝါရီ၊ ၁၉၈၃ | ချကရီဝတ် မဟီတလအဖြစ်မွေးဖွား |
ဝဇရဝီရ ဝိဝဇရဝံသ | ၁၄ ဇွန်၊ ၁၉၈၅ | ဗချဝီ မဟီတလအဖြစ်မွေးဖွား |
သီရိဝဏ္ဏဝရီ နာရီရတန | ၈ ဇန်နဝါရီ၊ ၁၉၈၇ | ဘူစီယာနာဘီဂျာ မဟီတလအဖြစ်မွေးဖွား |
သီရိရံသိ သုဝတီနှင့် (၂၀၀၁ လက်ထပ်၊၂၀၁၄ ကွာရှင်း) | ||
ဒီပင်္ကရ ရံသိဇောတိ | ၂၉ ဧပြီ၊ ၂၀၀၅ | နန်းမွေနန်းလျာ |
ကိုးကား
Wikiwand in your browser!
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.