ကော့ကရိတ်ခရိုင်

From Wikipedia, the free encyclopedia

ကော့ကရိတ်ခရိုင်map

ကော့ကရိတ်ခရိုင် (ကရင်: ကီၢ်ကရံၣ်ကီၢ်ရ့ၢ်အင်္ဂလိပ်: Kawkareik District) သည် ကရင်ပြည်နယ်တွင် ပါဝင်သော ခရိုင်ဖြစ်သည်။ ခရိုင်ရုံးစိုက်ရာမြို့မှာ ကော့ကရိတ်မြို့ဖြစ်သည်။

အချက်တိုများ ကော့ကရိတ်ခရိုင်, နိုင်ငံ ...
ကော့ကရိတ်ခရိုင်
ကရင်ပြည်နယ်အတွင်းရှိ ခရိုင်
Thumb
ကရင်ပြည်နယ်အတွင်းတည်နေရာ
Thumb
ကော့ကရိတ်ခရိုင်
ကော့ကရိတ်ခရိုင်
ကရင်ပြည်နယ်အတွင်းတည်နေရာ
ကိုဩဒိနိတ်: 16°01′N 98°16′E
နိုင်ငံ မြန်မာ
ပြည်နယ် ကရင်
မြို့နယ်ပေါင်း
မြို့တော်ကော့ကရိတ်မြို့
လူဦးရေ (၂၀၁၄)၄၇၄,၀၈၉[1]
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)
ပိတ်ရန်

ပါဝင်သောမြို့နယ်များ

Thumb
ကော့ကရိတ်ခရိုင်မြို့နယ်များ
  ကော့ကရိတ်မြို့နယ်
  ကြာအင်းဆိပ်ကြီးမြို့နယ်

ကော့ကရိတ်ခရိုင်တွင် ပါဝင်သည့် မြို့နယ်များနှင့် မြို့များမှာ အောက်ပါအတိုင်းဖြစ်သည်။[2]

၂၀၂၁ ခုနှစ်၊ ဧပြီလတွင် ကြာအင်းဆိပ်ကြီးမြို့နယ်ကို ကြာအင်းဆိပ်ကြီးခရိုင် အဖြစ် အဆင့်မြှင့်တင်ခဲ့သည်။[3]

သမိုင်းကြောင်း

ကော့ကရိတ်နယ်ဒေသသည် ရန္တပိုစာချုပ်အရ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီးတွင် အင်္ဂလိပ်တို့လက်ထဲပေးလိုက်ရသည်။ ထို့နောက် တနင်္သာရီတိုင်း (ယခုမွန်ပြည်နယ်) ကျိုက္ခမီခရိုင် (ယခုမော်လမြိုင်ခရိုင်)တွင် ပါဝင်ခဲ့သည်။ ထိုခရိုင်မှ ဟောင်သရောမြို့နယ်တွင် ကော့ကရိတ်မြို့နှင့် ကြာအင်းဆိပ်ကြီးမြို့တို့ ပါဝင်သည်။ ၁၉၀၁ ခုနှစ်တွင် ဟောင်သရောမြို့နယ်အား ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့အဖြစ် ခွဲခြားခဲ့သည်။ ကရင်ပြည်နယ်ဖွဲ့စည်းပြီးနောက် ၁၉၅၂ ခုနှစ်၊ ကရင်ပြည်နယ်တိုးချဲ့သတ်မှတ်ရေးဥပဒေအရ ကျိုက္ခမီခရိုင်မှ ကော့ကရိတ်နှင့် ကြာအင်းမြို့နယ်တို့မှာ ကရင်ပြည်နယ်တွင် ပါဝင်လာခဲ့သည်။ သို့သော် စစ်ပွဲများကြောင့် ၁၉၅၃ ခုနှစ်ကုန်အထိ သမ္မတ၏ကြေညာချက် မထုတ်နိုင်သေးပဲ ပြည်နယ်အစိုးရလက်အောက်သို့ နယ်မြေများအားလုံး မရောက်ရှိသေးပေ။ ၁၉၅၄ ခုနှစ်တွင်မှ ဘားအံခရိုင်တွင် ကော့ကရိတ်နယ်အဖြစ် ပါဝင်လာခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် ဘားအံခရိုင်ရှိ ကော့ကရိတ်နယ်အား ကော့ကရိတ်ခရိုင်အဖြစ် တိုးမြှင့်ခဲ့ရာ ကော့ကရိတ်နယ်တွင် ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့ ပါဝင်သည်။[4][5]

ပထဝီဝင်အနေအထား

နယ်နိမိတ်

မြောက်ဘက်တွင် ဘားအံခရိုင်၊ အရှေ့ဘက်တွင် မြဝတီခရိုင်နှင့် ထိုင်းနိုင်ငံမှ တက်ခ်ပြည်နယ်၊ တောင်ဘက်တွင် ထိုင်းနိုင်ငံမှ ကန်ချနဘူရီပြည်နယ်၊ အနောက်ဘက်တွင် မွန်ပြည်နယ်မှ မော်လမြိုင်ခရိုင်တို့ တည်ရှိသည်။

မြေမျက်နှာသွင်ပြင်

ကော့ကရိတ်ခရိုင်သည် တောင်ကုန်းတောင်တန်းများ ထူထပ်များပြားသည်။ အရှေ့ဘက်တွင် ဒေါနတောင်တန်းနှင့် တောင်စွယ်များ တည်ရှိသည်။

ရေဆင်း

ကော့ကရိတ်ခရိုင်အတွင်း ဂျိုင်းမြစ်ဟောင်သရောမြစ်၊ ဒေါ်လန်းမြစ် စသည်တို့ စီးဆင်းနေသည်။ သောင်သရောမြစ်သည် ဒေါနတောင်တန်းများမှ စီးဆင်းလာကာ ခရိုင်အတွင်း တောင်မှမြောက်သို့ စီးဆင်းနေသည်။ ထို့နောက် ကျုံဒိုးမြို့အနီးတွင် ဂျိုင်းမြစ်အတွင်း စီးဝင်သည်။ဇမိမြစ်နှင့် ဝင်း​ရော်မြစ်တို့မှာ မွန်ပြည်နယ်နှင့်အစပ်တွင် ​ပေါင်းဆုံပြီး အတ္ထရံမြစ်အဖြစ် စီးဆင်းသွားသည်။

လူဦးရေ

၂၀၁၄ သန်းခေါင်စာရင်းအရ ကော့ကရိတ်ခရိုင်တွင် လူဦးရေ ၄၇၅,၁၉၁ ဦးဖြစ်သည်။ အမျိုးသား ၂၃၁,၂၁၀၊ အမျိုးသမီး ၂၄၃,၉၈၁ ဦးဖြစ်သည်။ မြို့ပြတွင် ၈၂,၈၆၁ ဦး နေထိုင်ကြပြီး မြို့ပြနေလူဦးရေမှာ ၁၇.၄ ရာခိုင်နှုန်းဖြစ်သည်။ ကရင်ပြည်နယ်ရှိ ခရိုင် (၄) ခုတွင် ဒုတိယမြောက် လူဦးရေအများဆုံးဖြစ်သည်။ကရင်လူမျိုးများ အများဆုံးနေထိုင်ကြပြီး ဗမာနှင့် မွန်လူမျိုးများ ဒုတိယအများဆုံး နေထိုင်ကြသည်။ ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကြသည်။

စီးပွားရေး

ကော့ကရိတ်ခရိုင်သည် ကရင်ပြည်နယ်အတွင်းရှိ စီးပွားရေးအသင့်အတင့်ကောင်းမွန်သော ဒေသဖြစ်သည်။ ခရိုင်နေပြည်သူများသည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြသည်။ ရှောက်သီး၊ သံပရာသီး၊ ကွမ်းသီး၊ ဒူးရင်းသီး၊ ဝဥ၊ ပျားရည်၊ ရာဘာတို့ကို အဓိက ထုတ်လုပ်သည်။

ပို့ဆောင်ဆက်သွယ်ရေး

ကော့ကရိတ်ခရိုင်သည် ကုန်းလမ်းများဖြင့် သွားလာနိုင်သည်။ ကော့ကရိတ်မြို့နယ်သည် အာရှအဝေးပြေးလမ်းမကြီး၏ မြဝတီ-ဘားအံလမ်းပိုင်း ပေါ်တွင် တည်ရှိသည်။ ခရိုင်အတွင်း ဘုရားသုံးဆူလမ်းမှာလည်း ထင်ရှားသည်။ ဘုရားသုံးဆူမြို့မှနေ၍ ထိုင်းနိုင်ငံဘက်သို့ သွားလာနိုင်သည်။

ပညာရေး

၂၀၁၄ သန်းခေါင်စာရင်းအရ ကော့ကရိတ်ခရိုင်၏ စာတတ်မြောက်နှုန်းမှာ ၆၇.၄ ရာခိုင်နှုန်းဖြစ်သည်။

ကျန်းမာရေး

ကော့ကရိတ်မြို့နယ်တွင် ကုတင် (၁၀၀) ဆံ့ ပြည်သူ့ဆေးရုံ၊ (၁၆) ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၃) ရုံ၊ (၂၅) ကုတင်ဆံ့ တိုက်နယ်ဆေးရုံ တစ်ရုံ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကုတင် (၅၀) ဆံ့ ပြည်သူ့ဆေးရုံတစ်ရုံ၊ ခလယ် - တံခွန်တိုင် တိုက်နယ်ဆေးရုံ အပါအဝင် (၁၆) ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၃) ရုံ၊ (၂၅) ကုတင်ဆံ့ တိုက်နယ်ဆေးရုံ တစ်ရုံတို့ တည်ရှိသည်။


ကိုးကား

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.