From Wikipedia, the free encyclopedia
ကူတွတ် အဆောက်အဦး အစုအဝေးသည် အိန္ဒိယနိုင်ငံ ဒေလီမြို့ရှိ မယ်ရော်လီတွင် ရှိသော ဒေလီစူလတန်တို့၏ အထိမ်းအမှတ် အဆောက်အဦးများနှင့် အခြား အဆောက်အဦးများ ဖြစ်သည်။ [1] ကူတွတ်မင်နာ (အောင်ပွဲမျှော်စင်) ဆိုသော အဆောက်အဦး၏ အမည်မှာ ဘာသာရေးပုဂ္ဂိုလ်ဖြစ်သော ကွတ်ဘာဒင် ဘာတီယာ ကာကီ ကို အစွဲပြု၍ မမ်လွတ်မင်းဆက်၏ ပထမစူလတန်ဖြစ်လာမည့် ကွတ်အူဒင် အိုင်ဘတ်ခ်မှ အမည်ပေးခဲ့ခြင်း ဖြစ်သည်။ အဆောက်အဦး ဆောက်လုပ်ခြင်းအား ၎င်း၏ အရိုက်အရာကို ဆက်ခံသူ အီလ်တွတ်မစ်ရှ် (သို့မဟုတ် အော်လ်တာမက်ရှ်) က ဆက်လက် လုပ်ဆောင်ခဲ့ပြီး နောက်ဆုံး ပြီးစီးခဲ့သည်မှာ အေဒီ ၁၃၆၈ တွတ်ဂူလတ်ခ်မင်းဆက်မှ ဒေလီစူလတန် ဖီရော့ဇ် ရှား တွတ်ဂူလတ်ခ် လက်ထက်တွင် ဖြစ်သည်။ ကူဘတ်-အာလ်-အစ္စလာမ် (အစ္စလာမ်၏ ထိပ်အမိုးခုံး) ဗလီမှာ နောက်ပိုင်းတွင် ကူဝတ်-အာလ်-အစ္စလာမ် အဖြစ် ပြောင်းလဲပျက်စီးသွားပြီး [2] ကူတွတ်မင်နာ၏ ဘေးတွင် ဆက်လက်တည်ရှိသည်။ [3][4][5][6][6]
ကူတွတ်မင်နာ နှင့် ၎င်း၏ အထိမ်းအမှတ်အဆောက်အဦးများ* | |
---|---|
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ | |
တည်ရှိသည့် နိုင်ငံ | အိန္ဒိယ |
အမျိုးအစား | ယဉ်ကျေးမှု |
ရွေးချယ်သည့်စံနှုန်း | iv |
ကိုးကား | ၂၃၃ |
ဒေသ** | အာရှ နှင့် ပစိဖိတ် |
သတ်မှတ်ခြင်း မှတ်တမ်း | |
စတင်သတ်မှတ်ခြင်း | ၁၉၉၃ (၁၇ ကြိမ်) |
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည် ** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ |
နောက်ပိုင်း အုပ်စိုးသူများ ဖြစ်ကြသော တွတ်ဂူလတ်ခ်၊ အလာအူဒင် ခါလ်ဂျီနှင့် ဗြိတိသျှတို့သည် အဆောက်အဦး အစုအဝေးအတွင်း နောက်ထပ် အဆောက်အဦးများ ထပ်မံတည်ဆောက်ကြသည်။[7] ကူတွတ်မင်နာ နှင့် ကူဝတ်-အာလ်-အစ္စလာမ် ဗလီတို့ အပြင် အဆောက်အဦးအစုအဝေး အတွင်းရှိသော အခြားအဆောက်အဦးများမှာ အလိုင်း ဒါဝါဇာ တံခါးပေါက်၊ အလိုင်းမီနာ၊ သံဒေါက်တိုင်၊ အချို့သော အစောပိုင်း ဂျိမ်းဘုရားကျောင်းတို့၏ အပျက်အစီးများ နှင့် အီလ်တူမစ်ရှ်၊ အလာအူဒင် ခါလ်ဂျီ နှင့် အီမန် ဇာမင်တို့၏ ဂူသင်္ချိုင်းများ တို့ ဖြစ်ကြသည်။[4]
ယနေ့တွင် ၎င်းနှင့် ဆက်နေသော နေရာများရှိ ဘာဘန်၏ ဂူသင်္ချိုင်း အပါအဝင် ရှေးဟောင်းအထိမ်းအမှတ် အဆောက်အဦးများကို အိန္ဒိယ ရှေးဟောင်းသုတေသန ကွင်းဆင်းတိုင်းတာရေး ဌာနမှ မယ်ရော်လီ ရှေးဟောင်းသုတေသနဥယျာဉ်အဖြစ် သတ်မှတ်တည်ဆောက်ထားပြီး အိန္ဒိယအမျိုးသား အနုပညာနှင့် ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေး အဖွဲ့မှ ထိုဥယျာဉ်အတွင်း အထိမ်းအမှတ် အဆောက်အဦး ၄၀ ခန့်ကို ပြန်လည်မွမ်းမံထားသည်။[8] ထို့ပြင် ထိုနေရာသည် နှစ်စဉ် နိုဝင်ဘာလ မှ ဒီဇင်ဘာလအတွင်း ကျင်းပသော ကူတွတ်ပွဲတော် ကျင်းပရာ နေရာဖြစ်ပြီး အနုပညာရှင်များ၊ ဂီတပညာရှင်များနှင့် အကပညာရှင်များက ၃ ရက်ကျော် ဖျော်ဖြေတင်ဆက်လေ့ ရှိကြသည်။ ကူတွတ်မင်နာ အဆောက်အဦးအစုအဝေးသည် ၂၀၀၆ ခုနှစ်တွင် လာရောက်လည်ပတ်သူ ၃.၉ သန်း ရှိသဖြင့် အိန္ဒိယ၏ တစ်နှစ်လုံး လည်ပတ်သူအများဆုံး နေရာဖြစ်ကာ တာ့ဂျ်မဟာရ် ၏ ရှေ့တွင် ရှိသည်။[9]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.