ပီရူးနိုင်ငံမှဒေသ။ From Wikipedia, the free encyclopedia
ကူဇကိုမြို့ သည် ပီရူးနိုင်ငံ အရှေ့တောင်ပိုင်း အင်န်ဒီးစ် တောင်တန်းများ၏ အူရူးဘမ်ဘာတောင်ကြား အနီးတွင် တည်ရှိသော မြို့တစ်မြို့ ဖြစ်သည်။ ကူဇကိုဒေသ နှင့် ကူဇကို ခရိုင်၏ မြို့တော် လည်း ဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် လူဦးရေ ၄၂၈,၄၅၀ ဦး ရှိသည်။ ကူဇကိုနော့တ် ၏ အရှေ့စွန်းတွင် တည်ရှိပြီး ၎င်း၏ အမြင့်မှာ ၃,၄၀၀ m (၁၁,၂၀၀ ft) မျှ ရှိသည်။
ကူဇကိုမြို့ Cusco Cuzco/Cusco(စပိန်) Qusqu/Qosqo (ကွေးချာ) | |
---|---|
မြို့ | |
နိုင်ငံ | ပီရူးနိုင်ငံ |
ဒေသ | ကူဇကို |
ခရိုင် | ကူဇကို |
ကူဇကိုမြို့တော်* | |
---|---|
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ | |
တည်ရှိသည့် နိုင်ငံ | ပီရူး |
အမျိုးအစား | ယဉ်ကျေးမှု |
ရွေးချယ်သည့်စံနှုန်း | iii, iv |
ကိုးကား | ၂၇၃ |
ဒေသ** | လက်တင်အမေရိက နှင့် ကာရစ်ဘီယံ |
သတ်မှတ်ခြင်း မှတ်တမ်း | |
စတင်သတ်မှတ်ခြင်း | ၁၉၈၃ (သတ္တမအကြိမ်) |
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည် ** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ |
ထိုဒေသသည် အင်ကာဧကရာဇ်နိုင်ငံတော်၏ မြို့တော် အဖြစ် ၁၃ ရာစု မှ ၁၆ ရာစု စပိန်တို့ သိမ်းပိုက်အောင်မြင်သည့် အချိန် အထိရှိခဲ့သည်။ ၁၉၈၃ တွင် ကူဇကိုအား ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်နေရာ စာရင်းတွင် "ကူဇကို မြို့တော်" အမည်ဖြင့် ထည့်သွင်းခဲ့သည်။ အဓိက ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်ရာ နေရာတစ်ခု ဖြစ်လာခဲ့ပြီး တစ်နှစ်လျှင် ဧည်သည့် ၂ သန်းမျှ လာရောက်လည်ပတ်ကြသည်။ ပီရူး၏ ဖွဲ့စည်းပုံ အခြေခံဥပဒေမှ ပီရူး၏ သမိုင်းဝင်မြို့တော် အဖြစ် သတ်မှတ်ပြဋ္ဌာန်းထားသည်။[1]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.