ကုပ်ကလောင်ငှက်
From Wikipedia, the free encyclopedia
From Wikipedia, the free encyclopedia
ကုပ်ကလောင်ငှက် ကို Blue-throated barbet ဟု ခေါ်တွင်သည်။ ဖိုးခေါင်ငှက်မျိုးတွင်ပါဝင်သည်။ ဦးခေါင်းဘေးနှင့်လည်ချောင်း အပြာရောင်နှင့် ထိပ်အနီရောင်ဖြင့် စိမ်းဖန့်ဖန့်ရောင်ရှိသော ငှက်ဖြစ်သည်။ ကိုယ်အလျား ၉ လက္မရှိသည်။ ပေ ၂၀၀၀၊ ၄၀၀၀ အထိ သစ်တောအုပ်များတွင် တွေ့ရသည်။ အချို့ကို ပေ ၆၀၀၀ အထိတွေ့ရသည်။ ကျွန်းတောများ၌ ပုံမှန်တွေ့ရသော ငှက်မျိုးဖြစ်သည်။ ယေဘုယျအားဖြင့် တစ်ကောင်တည်း နေလေ့ရှိသော်လည်း အုပ်စုလိုက်လည်း တွေ့နိုင်သည်။ အဖိုများမှာ တုတ်အုတ် တုတ်အုတ်ဟု အလွန်ကျယ်လောင်စွာ ပိုင်နက်ခေါ်သံပေးသည်။ မတ်လ၊ ဇူလိုင်လအတွင်း သားပေါက်သည်။ ဌာနေငှက်ဖြစ်သည်။ ကမ္ဘာ့အရှေ့ပိုင်း နိုင်ငံများတွင် တွေ့ရတတ်သည်။[2][3]
Psilopogon asiaticus | |
---|---|
In Kolkata, West Bengal, India | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Aves |
မျိုးစဉ်: | Piciformes |
မျိုးရင်း: | Megalaimidae |
မျိုးစု: | Psilopogon |
မျိုးစိတ်: | P. asiaticus |
ဒွိနာမ | |
Psilopogon asiaticus (Latham, 1790) | |
Synonyms | |
Cyanops davisoni |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.