ကိုမင်တန်
နိုင်ငံတကာကွန်မြူနစ်အဖွဲ့ / From Wikipedia, the free encyclopedia
ကိုမင်တန် (အင်္ဂလိပ်: Communist International၊ အတိုကောက် Comintern) သည် ၁၉၁၉-ခုနှစ်တွင် ရုရှားကွန်မြူနစ်ပါတီက ကြီးမှူး၍ မော်စကိုမြို့တွင် ဖွဲ့စည်းထူထောင်သော အဖွဲ့ဖြစ်သည်။ အခြားနိုင်ငံများရှိ ကွန်မြူနစ်ပါတီများ၏ ဗဟိုအဖွဲ့အဖြစ် တိုးတက်လာသည်။ ထိုအဖွဲ့သည် ဆိုဗီယက်ပြည်ထောင်စု၏ နိုင်ငံခြားရေးဝါဒကို လိုက်နာ၍ ကမ္ဘာပေါ်တွင် ကွန်မြူနစ်ဝါဒ ဖြန့်ရန်အတွက် တာဝန်ယူကြသည်။ ရုရှားမဟုတ်သော ကွန်မြူနစ်ပါတီများက ရုရှားကွန်မြူနစ်ပါတီကို စံနမူနာယူရန်လည်း လက်ခံသည်။ ၁၉၄၃-ခုနှစ်တွင် ဒုတိယကမ္ဘာစစ်အတွင်း ဆိုဗီယက်တို့၏ မဟာမိတ် အရင်းရှင်နိုင်ငံများ ကျေနပ်စေရန်အတွက် ပယ်ဖျက်ရပ်စဲပေးခဲ့သည်။[1]
အချက်တိုများ Communist International, တည်ထောင်သူ ...
Communist International | |
---|---|
တည်ထောင်သူ | Vladimir Lenin |
တည်ထောင်ခြင်း | မတ် ၂၊ ၁၉၁၉ |
ဖျက်သိမ်းခြင်း | မေ ၁၅၊ ၁၉၄၃ |
ဆက်ခံ | Communist Information Bureau |
လူငယ်အဖွဲ့ | Young Communist International |
နိုင်ငံရေး သဘောတရား |
|
အရောင် | အနီရောင် |
ပိတ်ရန်