ကိုဗစ် ၁၉
အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ / From Wikipedia, the free encyclopedia
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ၂၀၁၉ (COVID-19) သည် ပြင်းထန်အသက်ရှုလမ်းကြောင်းရောဂါ ကိုရိုနာဗိုင်းရပ်စ် ၂ ကြောင့် ဖြစ်ပွားသော[8] ကူးစက်ရောဂါဖြစ်သည်။[9][10][11] SARS ဗိုင်းရပ်စ်နှင့် နီးကပ်စွာ ဆက်နွယ်သော ဗိုင်းရပ်စ် ဖြစ်သည်။ ရောဂါသည် ၂၀၁၉-၂၀ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှု၏ အကြောင်းရင်းဖြစ်သည်။[12][13] ၎င်းသည် ချောင်းဆိုးခြင်းသို့မဟုတ် နှာချေခြင်းတို့တွင် လေကြောင်းမှ ထွက်သောအသက်ရှုလမ်းကြောင်းဆိုင်ရာ အစက်များမှတစ်ဆင့် လူတစ်ဦးမှ တစ်ဦးသို့ ကူးစက်စေသည်။[14][15] ထိတွေ့မှုမှ ရောဂါလက္ခဏာများ စတင်ချိန်အထိ ယေဘုယျအားဖြင့် ၂ ရက်မှ ၁၄ ရက်အကြား ဖြစ်သည်။[16][17] လက်ဆေးခြင်း၊ ချောင်းဆိုးနေသော သူများနှင့် ဝေးဝေးနေခြင်း၊ အခြားသူများ၏ မျက်နှာနှင့်ထိတွေ့ခြင်းမှ ရှောင်ကျဉ်ခြင်းများဖြင့် ရောဂါကူးစက်ခြင်းကို ကာကွယ်ရန်အကြံပြုထားသည်။[18] ချောင်းဆိုးသောအခါ မိမိ၏နှာခေါင်းနှင့်ပါးစပ်ကို တံတောင်ဆစ်ကွေးဖြင့်ဖုံး၍ ချောင်းဆိုးရန်လည်း အကြံပြုထားသည်။[18]
Coronavirus disease 2019 (COVID-19) | |
---|---|
Synonyms | |
ရောဂါလက္ခဏာများ | |
အသံထွက် | |
အထူးပြု | လတ်တလော အသက်ရှုလမ်းကြောင်း ကူးစက်ရောဂါ [6] |
လက္ခဏာများ | ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုခက်ခဲခြင်း၊ အနံ့အသက်ပျောက်ခြင်း၊ အရသာခံစား၍မရခြင်း၊ [7] |
ရှုပ်ထွေးမှုများ | အဆုတ်ရောင်ခြင်း ARDS၊ ကျောက်ကပ်ပျက်စီးခြင်း |
အကြောင်းရင်း | SARS-CoV-2 |
စမ်းသပ်နည်း | PCR testing, medical imaging |
ကုသခြင်း | ရောဂါလက္ခဏာပေါ်မူတည်၍ ကုသခြင်း |
လူတို့သည် ရောဂါလက္ခဏာ အနည်းအကျဉ်း သို့မဟုတ် အဖျားတက်ခြင်း၊ ချောင်းဆိုးခြင်းနှင့် အသက်ရှူကျပ်ခြင်းများ ဖြစ်ပေါ်နိုင်သည်။[7][19][20] ရောဂါဖြစ်ပွားမှုများသည် နျူမိုးနီးယား အဆုတ်ရောင် ရောဂါ နှင့် ကိုယ်တွင်းကလီစာများ ပျက်ယွင်းမှုကို ဖြစ်စေနိုင်သည်။[12][13] ယင်းဗိုင်ရပ်အား တိကျသော ဗိုင်းရပ်စ်ကုသမှု၊ ရောဂါလက္ခဏာအား ကုသရန်အစီစဉ်များ၊ အထောက်အကူပြုစောင့်ရှောက်မှုနှင့်စမ်းသပ်မှုဆိုင်ရာစီမံချက်များပါဝင်သော ကာကွယ်ဆေးများမရှိပါ။[21] ရောဂါဖြစ်ပွားမှုကြောင့် သေဆုံးမှုနှုန်းသည် ၁% မှ ၃% ကြားရှိသည်။[22][23]
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် အမေရိကန်နိုင်ငံ ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေး ဌာနချုပ် (CDC) က ဗိုင်းရပ်စ်ပိုးသယ်ဆောင်နေသည်ဟု သံသယရှိသူများကို ခွဲစိတ်ခန်းသုံးမျက်နှာဖုံးကို အသုံးပြုရန်နှင့် ကိုယ်တိုင် ဆေးခန်းသို့ တိုက်ရိုက်သွားပြီး ဆေးကုသမှုခံယူခြင်းထက် ဆရာဝန်အား အိမ်ခေါ်၍ကုသရန် အကြံပေးသည်။ သံသယဖြစ်ဖွယ် ရောဂါကူးစက်ခံထားရသူတစ်ဦးအား ပြုစုစောင့်ရှောက်သူများအတွက် မျက်နှာဖုံးများအသုံးပြုရန်ကိုလည်း အကြံပြုသည်။ အများပြည်သူအတွက် မျက်နှာဖုံးအသုံးပြုခြင်းအတွက်ကိုမူ အကြံမပေးချေ။[24][25] ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှ ၂၀၁၉-၂၀ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကို ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေ (PHEIC) အဖြစ် ကြေညာခဲ့သည်။[26][27] ဖေဖော်ဝါရီ ၂၅ ရက်တွင် တရုတ်၊ ဟောင်ကောင်၊ အီရန်၊ အီတလီ၊ ဂျပန်၊ စင်ကာပူနှင့်တောင်ကိုရီးယားတို့သည် ရောဂါကူးစက်မှု ဆက်လက်ဖြစ်ပွားနေသော ဒေသများ ဖြစ်သည်။[28]