![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/4/41/Kamala_Harris_Vice_Presidential_Portrait.jpg/640px-Kamala_Harris_Vice_Presidential_Portrait.jpg&w=640&q=50)
ကားမလာ ဟဲရစ်
From Wikipedia, the free encyclopedia
ကာမာလာ ဒေဗီ ဟဲရစ် (အင်္ဂလိပ်: Kamala Devi Harris[2] [3] အောက်တိုဘာလ ၂၀၊ ၁၉၆၄ခုနှစ်ဖွား) သည် ၂၀၁၇ခုနှစ်မှစ၍ အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုးနီးယားပြည်နယ်အတွက် အငယ်တန်း ဆီးနိတ်လွှတ်တော်အမတ်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော နိုင်ငံရေးသမား နှင့် ဥပဒေအရာရှိ တစ်ဦးဖြစ်သည်။ သူမသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီ၏ ဒုသမ္မတအဖြစ်ရွေးချယ်ခံရသည်။
ကားမလာ ဟဲရစ် | |
---|---|
![]() Official portrait, 2021 | |
၄၉ ဦးမြောက် အမေရိကန်ပြည်ထောင်စု၏ ဒုတိယသမ္မတ | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၂၀ ဇန်နဝါရီ ၂၀၂၁ | |
သမ္မတ | ဂျိုး ဘိုက်ဒန် |
ယခင်လူ | မိုက်ပန့်စ် |
United States Senator from ကာလီဖိုးနီးယား | |
တာဝန်သက်တမ်း ၃ ဇန်နဝါရီ ၂၀၁၇ – ၁၈ ဇန်နဝါရီ ၂၀၂၁ | |
ယခင်လူ | Barbara Boxer |
ဆက်ခံသူ | Alex Padilla |
32nd Attorney General of California | |
တာဝန်သက်တမ်း ၃ ဇန်နဝါရီ ၂၀၁၁ – ၃ ဇန်နဝါရီ ၂၀၁၇ | |
အုပ်ချုပ်ရေးမှူး | Jerry Brown |
ယခင်လူ | Jerry Brown |
ဆက်ခံသူ | Xavier Becerra |
27th District Attorney of San Francisco | |
တာဝန်သက်တမ်း ၈ ဇန်နဝါရီ ၂၀၀၄ – ၃ ဇန်နဝါရီ ၂၀၁၁ | |
ယခင်လူ | Terence Hallinan |
ဆက်ခံသူ | George Gascón |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | ကမလာ ဒေဗီ ဟဲရစ်[မှတ်စု 1] (1964-10-20) အောက်တိုဘာ ၂၀၊ ၁၉၆၄ (အသက် ၅၉) Oakland, California U.S. |
နိုင်ငံရေးပါတီ | Democrati |
ကြင်ဖော်(များ) | Doug Emhoff (လက်ထပ် ၂၀၁၄) |
သားသမီး | 2 stepchildren |
မိဘ |
|
ပညာရေး |
|
အလုပ်အကိုင် |
|
လက်မှတ် | ![]() |
ဝက်ဘ်ဆိုဒ် | Campaign website |
သမ္မတ ဒေါ်နယ်လ် ထရမ့်နှင့် ဒုသမ္မတ မိုက်ပန့်စ်ကို ဂျိုး ဘိုက်ဒန်နှင့် ဟဲရစ်တို့က ယှဉ်ပြိုင်အနိုင်ရခဲ့၏ ။ ၂၀၂၁ ဇန်နဝါရီ ၂၀ တွင် ဘိုက်ဒန်နှင့်အတူ ဒုတိယသမ္မတအဖြစ် ရွေးကောက်ခံရသော ဟဲရစ် သည် ဒုတိယသမ္မတအဖြစ် စတင်ထမ်းဆောင်ခဲ့သည်။
ဟဲရစ်သည် အမေရိကန်ပြည်ထောင်စုသမိုင်း၌ ပထမဆုံးသော အာဖရိကနွယ်ဖွား အမေရိကန်၊ ပထမဆုံးသော အာရှနွယ်ဖွား အမေရိကန်၊ ပထမဆုံးသော အမျိုးသမီး ဒုတိယသမ္မတတစ်ဦးဖြစ်လာပေမည်။[4] ထို့ကြောင့်ပင် ယူအက်စ်သမိုင်းတွင် အမြင့်ဆုံးအဆင့် ရွေးကောက်ခံပုဂ္ဂိုလ်ဖြစ်၏ ။ အိန္ဒိယ-တမီလ် နှင့် အာဖရိက-ကာရစ်ဘီယံ မျိုးနွယ်မှဆင်းသက်လာသူ ဖြစ်လေသည်။[5]