![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/a/a4/Karbala_City_2017.jpg/640px-Karbala_City_2017.jpg&w=640&q=50)
ကရ်ဘလာ
From Wikipedia, the free encyclopedia
ကရ်ဘလာဆိုသည် ဝေါ်ဟာရသည် (အရဗီပုဒ်: كَرْبَلَاء, ပါးရှန်းပုဒ်: کربلاء)မှဆင်းသက်လာခြင်းဖြစ်သည်။ အိရန်နိုင်ငံ အလယ်ပိုင်းဒေသရှိ, ဘဂ္ဂဒက်မြို့တော်၏ အနောက်တောင်ဘက် ကီလိုမီတာ(၁၀၀) မိုင်ပေါင်း(၆၂)အကွာ၊ (Milh)ရေကန်၏ အရှေ့ဘက် မိုင်အနည်းငယ်ခန့်အကွာတွင် တည်ရှိသည်။ .[2][3] ကရ်ဘလာမြို့သည် ကရ်ဘလာတိုင်း၏မြို့တော်ဖြစ်သည်။ (၂၀၁၅)သန်းခေါင်စင်းအရ လူဦးရေ (၇၀၀၀၀၀) ခုနှစ်သိန်းခန့် ရှိသည်။
Karbala كَربَلَاء Karbalāʾ Kerbala | |
---|---|
![]() | |
အီရတ်နိုင်ငံတွင်း တည်နေရာ | |
ကိုဩဒိနိတ်: 32°37′N 44°02′E | |
နိုင်ငံ | ![]() |
တိုင်း | ကရ်ဘလာတိုင်း |
တည်ထောင် | ဘီစီ ၆၉၀ |
လူဦးရေ (၂၀၁၄) | |
• စုစုပေါင်း | ၆၉၀,၁၀၀[1] |
ခရစ်နှစ်(၆၈၀)ခုနှစ်တွင် တမန်တော်မြတ်၏မြေးတော်များဖြစ်သည့် (Masjidayn : ဗလီနှစ်ခု ဆိုလိုသည်မှာ) [4][5] အေမာမ်ဟိုစိုင်န်(အ.စ) နှင့် ဟဇရသ်အဘ္ဘားစ်(အ.စ) တို့နှင့်အတူ အဲဟ်လေဘိုင်သ် အိမ်တော်သူ အိမ်တော်သားများ ဤအရပ်ဒေသတွင် စစ်ဖြစ်ခဲ့၍ ရှဟီးဒ်ဖြစ် ကျဆုံးခဲ့ရသည့်အတွက် လူသိများလာခဲ့သည့် ဒေသဖြစ်သည်။ ထိုအချိန်တွင် ကရ်ဘလာအရပ်ဒေသသည် သဲကန္တရတစ်ခုမျှသာ ရှိခဲ့သည်။ နောက်ပိုင်းတွင် အေမာမ်ဟိုစိုင်န်(အ.စ) နှင့် ဟဇရသ်အဘ္ဘားစ်(အ.စ)တို့၏ ဂူဗိမ္မန်များရှိတည်ရှိရာဖြစ်သောကြောင့် လူများလာရောက်နေထိုင်လာကြသည်။ ကရ်ဘလာမြို့သည် ရှိအာမွတ်စ္စလင်မ်များနှင့် အဲဟ်လေဘိုင်သ်များကို အချစ်ထားသူတို့အဖို့ အထွတ်အမြတ်နေရာတစ်ခုဖြစ်ရာ မက္ကာမြို့၊ မဒီနာမြို့၊ ဂျေရုစလင် စသည့်အထွတ်အမြတ်ထားရာမြို့တော်များကဲ့သို့ အထွက်အမြတ်ထားကြသည်။ [6][7][8][9] သန်းပေါင်းများစွာသော ရှီအာမွတ်စ္စလင်မ်များနှင့် အဲဟ်လေဘိုက်သ်တို့အား အချစ်ထားသူတို့သည် တစ်နှစ်လျှင် နှစ်ကြိမ် ဤမြို့သို့လာရောက်၍ ဇေယာရသ် ဂါဝရပြုကြသည်။ [10][11][12][13] အေမာမ်ဟိုစိုင်န်(အ.စ)နှင့် ဟဇရသ်အဘ္ဘားစ်(အ.စ)တို့ ရှဟီးဒ်ဖြစ်ကျဆုံးခဲ့သည့် နှစ်ပတ်လည်နေ့ဖြစ်သည့် (Āshūrā) နေ့တွင်လူဦးရေ (၈)သန်းခန့်လာရောက်ကြသည်။ ထိုနေ့၏ရက်လေးဆယ်နေ့(Arba'īn)တွင်လည်း လူဦးရေ သန်း(၃၀)ခန့်သည် နိုင်ငံပေါင်း (၅၆) နိုင်ငံမှ လာရောက်စုဝေး ဂါဝရပြုကြသည်။ [14][15]